ကျော်သိင်္ဂါအောင်
တောင်သူ · မုံရွာ
ဘူးပင် အညွှန့်ထိပ်နားက နွယ်မျှင်နှာမောင်း ထွက်နေပြီလား။နှာမောင်း မထွက်သေးရင် အညွှန့်၊ဆစ်ကြားများ ရှည်ထွက်သန်မာလာဖို့က နှေးကွေးနေအုံးမှာပါ။နွယ်မျှင်နှာမောင်း ထွက်လာပြီဆိုရင်တော့ ဘူးပင်အမြင့်က ရက်အနည်းငယ်အတွင်း အကို့အရပ်ကို ကျော်တက်သွားပါလိမ့်မယ်။အပင်ငယ်ပါသေးတယ်နော်။
ဘူးပင်လေးတွေအညွှန့်သိပ်မသန်လို့ပါဗျအစာကျွေးချင်လို့ပါအပင် ဘေးကျွေးရမှာလားအမြှစ်ထွက်တဲ့အောက်ခြေကိုကျွေးရမလားဆိုတာသိ တဲ့တောင်သူဦးကြီးများဆရာသမားတို့အကြံပေးပါအုံး
မင်းမဟော်ကထုတ်တဲ့ ကိုး(ဖော်ယူကိုး) ဆေးပါ။ဒီဆေးကို သုံးဘူးပါတယ်နော်။ဆေးချိန်တဲ့ခွက်မှာ E လို 5/10/15/20 cc လို့ ရေးထားပါတယ်။တစ်ကယ်လို့ ၁၀ cc ထည့်ချင်တယ်ဆိုရင် ဆေးချိန်ခွက်ထဲကို 10 ထိရောက်အောင် ထည့်လိုက်ပါ။လွယ်လွယ်လေးပါ။ဆေးချိန်ခွက်ကို တစ်ခါမှ အသုံးမပြုဘူးရင် အစမ်းသဘောနဲ့ ရေအရင်ထည့်ချိန်ကြည့်ပါ။၅ cc ၊၁၀ cc စသည်ဖြင့်ပါ။လွယ်ပါတယ်နော်။ဆေးဘူးမှာ ညွှန်းထားတာက ဦးလေးကြီး ရေးထားတဲ့ အတိုင်းဘဲဗျ။ကျွန်တော် ဒီဆေးကို သုံးဘူးတဲ့ အတွေ့အကြုံ ပြောရရင် အပင်ငယ်စဉ်မှာ ဆိုရင်တော့ (၄)ဂါလံ ဆေးဖျန်းပုံးကို ၁၀ cc ထည့်ဖျန်းပါတယ်။အပင်ကလည်းကြီးမယ် နောက် ပဲတောင့်ရှည်(တိုင်ထောင်ပဲ)မှာလည်း ရွက်ထွင်းပိုး ကျရောက်နေမယ် ဆိုရင်တော့ ၃၀ cc ထည့်ဖျန်းမှ အဆင်ပြေပါလိမ့်မယ်ခင်ဗျာ။
ဒီဆေးကရေ၁ဂါလံကိုဘယ်လိုထည့်ရတာလဲဗျသူ့မှာရေချိန်ခွက်လေးတော့ ပါတယ်စီစီနှုန်းထားေတွနဲ့မသိလို့ပါပဲေတာင့်ရှည်ဖျန်းမှာပါဗျသိတဲ့ဆ ရာသမားတို့ဖြေကြားပေးပါအုံး
(Xanthomonas axonopodis) ဘက်တီးရီးယားကင်ကာ(အနာချိုင့်ရောဂါ) ကျရောက်နေတာပါ။
ဘာရောဂါ ဖစ်တာလဲခင်ဗျာ သံပရာပင်ပါ
ဘက်တီးရီးယားကင်ကာကျရောက်နေပါက ကော့ပါးပါသောဆေးများကို ဆေးညွှန်းအတိုင်း အသုံးပြု၍ ဖျန်းပေးပါ။စျေးကွက်ထဲမှာ ကော့ဆိုဒ်၊ဖာကူရန်၊အောက်ဇီ၊ကျူပရိုမက်၊ခရောင်း၊ဘုရင်၊ကျူပရောက်ဆက် စသည်ဖြင့်ပါ။ကျွန်တော် အထက်ကရေးထားတာ ကြေးနီပါဝင်သော ကာစူဂါမိုင်ဇင် လို့ရေးသားခြင်းပါ။
ဘာဖြစ်တာလဲဗျဘာဆေးဖြန်းပေးရမလဲပြေပြပါ
ဘတ်တီးရီးယားကင်ကာ(အနာချိုင့်ရောဂါ)ကျရောက်နေပါတယ်။အနာချိုင့်ရောဂါဟာ ပူနွေးစိုစွတ်တဲ့ မိုးရာသီမှာ အများဆုံးကျရောက်လေ့ရှိပါတယ်။ရောဂါကျရောက်တဲ့ အစိတ်အပိုင်းများကို ရှင်းလင်းဖယ်ရှားပြီး စိုက်ခင်းနှင့်ဝေးရာမှာ မီးရှို့ဖျက်ဆီးပစ်ပါ။စိုက်ခင်းထဲ ပြန်မချပါနဲ့။တခြားအပင်တွေကို ကူးစက်နိုင်တာကြောင့်ပါ။ရောဂါဖြစ်စေတဲ့ ဘတ်တီးရီးယားဟာ မိုး၊ရေ၊လေ၊အင်ဆက်ပိုးများ၊အပင်ပေါ်နားသောဌက်၊အသုံးပြုသော ပစ္စည်းကိရိယာတွေမှတဆင့် တခြားအပင်များသို့ ကူးစက်ပျံနှံ့နိုင်ပါတယ်။ဒါကြောင့် ရောဂါကူးစက်မှုမရှိအောင် အပင်စစိုက်ကထဲက ခံနိုင်ရည်ရှိပြီး ရောဂါကင်းသောမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။ချောင်ထဲရောက်နေတဲ့ နေရောင်ခြည်ကောင်းစွာ မရတဲ့ ကိုင်းများကို ရှင်းလင်းဖယ်ရှားပေးပါ။အညွန့်သစ်ထွက်ချိန်တွင် ကော့ပါးပါဝင်သော ကာစူဂါမိုင်ဇင်(ဥပမာ-ကာစူမင်)ဖြင့် တကြိမ်ကြိုတင်ကာကွယ်ဖျန်းထားပါ။(၂-၃)လတစ်ကြိမ် ပိုတက်ဆီယမ်နိုက်ထရိတ်ေမြသြဇာကိုလည်း တပင်လျင် မြင်းခေါင်းဇွန်း (၃-၄)ဇွန်းနှန်းဖြင့် အပင်ရဲ့ ၆ လက္မပတ်လည်ကနေ မြေဆွထည့်၍ ရေလောင်းပေးပါ။ လောက်ကောင်အဆင့် ရွက်စားပိုး(လိပ်ပြာမျိုးနွယ်ဝင်)လည်းကျရောက်ထားပါတယ်။ဆေးအနေနဲ့ (ကလိုပိုင်ရီဖော့+ဆိုင်ပါမီသရင်)၊(အီမာမက်တင်ဘန်ဇိုအိတ်+လန်ဒါဆိုင်ဟေလိုသရင်)ပါဝင်သော ဆေးအဆိပ်တမျိုးမျိုးကို အညွှန်းစာအတိုင်း အသုံးပြု၍ ဖျန်းပေးပါ။ဥပမာ-ဆိုင်ကလုံး၊တင်ရှန့်၊ရယ်ဒီ၊အလန်း၊အီမာလန်ဒါ စသည်ဖြင့်ပါ။တပိုင်တနိုင် စိုက်ပျိုးထားတယ်ဆိုရင်တော့ တမာပိုးသတ်ဆေးဖျန်းလို့ ရပါတယ်။ဆေးဖျန်းမယ်ဆိုရင် ညနေစောင်းအချိန်တွေကို ဦးစားပေးဖျန်း၍ အပင်သာမက အပင်ခြေမြေကြီးပါ စိုရွဲအောင်ဖျန်းပေးပါ။
ဘာဖြစ်တာလဲဗျဘာဆေးဖြန်းပေးရမလဲပြေပြပါ
ဒန့်သလွန်ပင်တွေမှာ ရွက်စားပိုး၊ရွက်လိပ်ရွက်ကပ်ပိုး၊ရွက်ထွင်းပိုး၊စုပ်စားပိုး၊ငမြောင်တောင်ပိုးတွေ ကျရောက်တတ်ပါတယ်။
ဒန့်သလွန်ကဘာပိုးတွေကျတတ်လည်း အကိုတို့ပြောပြကြပါအုမ်း
မတ်ပဲကို မိမိစိုက်ပျိုးသည့် ရေ၊မြေ၊ ရာသီဥတု၊သွင်းအားစုများ၊အပင်ကျန်းမာကြံ့ခိုင်ပြီး ရောဂါပိုးမွားကင်းဝေးစေမယ်ဆိုရင် ၁ ဧကကို တင်း ၂၀ ကျော်ထိထွက်နိုင်ပါတယ်။မတ်ပဲမှာ မျိုးကွဲများစွာ ရှိသည့်အတွက် မိမိဒေသနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးပါ။
မတ်ပဲတစ် ဧကမှာဘယ်နစ်တင်းလောပ်ထွက်နိင်ပါသလဲ
ကပ်ရောဂါဆိုးကြီးကာလအတွင်းမှာ ဖရဲ၊သခွားမွှေးစိုက်ခြင်းကို ရှောင်ကြဥ်သင့်ပါတယ်။ဖရဲစျေးကွက်အခြေအနေ၊လမ်းပန်းဆက်သွယ်ရေးကအစ ဘာတစ်ခုမှ အဆင်မပြေနိုင်ပါဘူးခင်ဗျာ။ကျွန်တော်လည်း သခွားမွှေးစိုက်တောင်သူတစ်ယောက်ပါ။ဒီနှစ် မလုပ်ဖြစ်ပါဘူးနော်။
ဒီနှစ်အခြေအနေနဲ့ဖရဲစိုက်၍ အဆင်ပြေနိုင်ပါသလား။ အလင်းပြပေးပါ။
ဒန့်သလွန်ပင်ကို အပင်အဟာရဖြစ်အောင် ဆေးသုံးခြင်းထက် ရေစီးရေလာကောင်းမွန်အောင် ပြုလုပ်ပေးပြီး မြေဆီကျွေးတာက ပိုထိရောက်ပါလိမ်မယ်။အပင်အဟာရ ရရှိအောင် ဆွေးမြေ့နေတဲ့ နွားခြေးခြောက်ကို အပင်ရဲ့ ၆ လက်မ(or) ၁ ပေပါတ်လည်ကို ပေါက်ပြားဖြင့်မြေဆွထည့်ပေးခြင်းကလည်း ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ပါ။
ဝါသနာတူညီကိုတို့ရေ. ဒန့်သလွန်အပင် ကအပင်အဟာရဖြစ်အောင်ဘာဆေးသုံးရမှာလည်း ပြောပြပေးပါအုမ်း
ခရမ်းချဥ်အသီးအပွင့် များစေရန်အတွက် ပန်းပွင့်ခါနီးအချိန်တွင် ၁၅ ပါတ်လည်(or)နောက်အချိုးများသည့် မြေဆီကို ဂျစ်ပဆမ်ကျောက်မှုန့်နှင့်ရောကျွေး၍ ရေသွင်းပေးပါ။ပန်းပွင့်စုံချိန်နှင့် သီးကင်းဝင်ချိန်များတွင် (NPK)ရွက်ဖျန်းအားဆေးနှင့် ကယ်လဆီယမ်၊မဂ္ဂနီဆီယမ်၊ဘိုရွန်ပါဝင်သော ရွက်ဖျန်းအားဆေးကို ရောဖျန်းပေးပါ။ဥပမာ-ကောမက်အားကောင်း+ကယ်ဘိုမဂ်စူပါ။ ပန်းပွင်ချိန်တွင် စုပ်စားပိုး(အထူးသဖြင့် လှေးပိုး)များ ဖျက်ဆီးသဖြင့် အပွင့်ညိုးခြင်း၊အပွင့်ကြွေခြင်း၊အသီးကင်းနဲစေနိုင်ပါတယ်။ထိုအတွက်ကြောင့် ပန်းပွင့်ခါနီးအချိန်တွင် ဖီပရိုနေးလ်(ဥပမာ-တော်ပီဒို)ဆေးဖြင့် တစ်ကြိမ်ကာကွယ်ဖျန်းပေးပါ။ ခရမ်းချဥ်ပန်းပွင်ချိန်ဟာ ရေအများဆုံးလိုအပ်ချိန်ဖြစ်တာကြောင့် ရေမငပ်စေရန်ဂရုစိုက်ပြီး ရေကို ထောက်ပံ့ပေးပါ။သို့သော် ရေမဝပ်စေပါနဲ့။
ခရမ်းချင်အသီးအပွင်နဲ့နေလို့ဘာလုပ်ရမလဲ