ဖြေကြားချက် ၆ ခု
ဟုတ်ကဲ့ အမည်မသိတောင်သူရှင့်၊ အများစုသောဖလံတွေမှာ ဝတ်ရည်စုပ်တဲ့အလေ့ရှိပါတယ်။ ဝတ်ရည်ဆိုတာ အချောမကိုင်ရသေးတဲ့ သကြားတစ်မျိုးပါပဲ။ ပြောရရင် ချိုတယ်ပေါ့နော်။ အခုထန်းလျက်ရည်မှာပါတဲ့ ချိုတဲ့အနံ့က ဖလံတွေကို ဝတ်ရည်စုပ်ဖို့ စွဲဆောင်ပါတယ်။ အဲ့ဒီလိုနဲ့ ဖလံတွေက ထန်းလျက်ရည်အနံ့ရှိတဲ့ နေရာကို လာကြရင်း စေးပျစ်တဲ့ထန်းလျက်ရည်ထဲမှာ ပိတ်မိပြီး ပြန်မထွက်နိုင်ကြတော့တာပါ။ ဒီသဘောကြောင့် ထန်းလျက်ရည်အစား အခြား သကာရည်၊ တင်လဲရည် တို့ကိုလည်း အသုံးပြုလို့ ရနိုင်မယ်လို့ စဉ်းစားမိစေပါတယ်။ မေးခွန်းအတွက် ကျေးဇူးတင်ပါတယ်ရှင့်။
အိစက်ဝေချင်ဗျ.ရေသန့်ဘူးထဲထန်းလျက်ရေထဲ့ထားနဲ့.ဖလန်ဘယ်လိုသေတာလဲ.မသိလို့မေးတာပါ
ကျွန်တော်လည်းစိုက်ထားတယ်အဲ့လိုလုပ်အုံးမယ်
ကျေးဇူးပါဗျာ အခုလိုရှင်းပြပေးတဲ့အတွက်
ငမြောင်တောင်ရဲ့ သက်ကြီးကောင်ဖြစ်တဲ့ ဖလံအမတွေကိုဖမ်းဖို့ ဖီရိုမုန်းထောင်ခြောက်ကို အသုံးပြုနိုင်ပါတယ်။ ထောင်ချောက်လုပ်နည်းကတော့ ထန်းလျက်အညိုကို ညောင်စေးကျအောင်ကြိုပြီး ရေနဲ့ဆတူ ရောကာ ဘေးနှစ်ဖက် အပေါက်ဖောက်ထားသည့် ရေသန့်ဘူးထဲသို့ထည့်၍ ဘူးကို တုတ်တိုင်မှာ ကပ်ချည်ထားရမှာပါ။ တစ်ဧကကို ၄ ဘူးခန့်ထောင်ထားနိုင်ပါတယ်။ ဂန့်ဂေါမြို့က ပြောင်းဖူးခင်းတွေမှာ ဒီနည်းနဲ့ထောင်ဖမ်းတာ အောင်မြင်တယ်လို့သိရပါတယ်ရှင့်။ ဥမြုံတွေကိုလည်း လက်နဲ့ကောက်ယူဖျက်ဆီးပေးပါ။ ငမြောင်တောင်ကာကွယ်နှိမ်နင်းနည်းဆောင်းပါးကိုလည်း ဖော်ပြပေးလိုက်ပါတယ်ရှင့်။ FAW ငမြှောင်တောင် ကာကွယ်နှိမ်နင်းနည်းလမ်းများ ဖီရိုမုန်းထောင်ခြောက်နမူနာပုံကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
ဆက်စပ်မေးခွန်းများ
ပဲရွက်ပေါ်မှာတွေ့တယ်ရွက်ထွင်းပိုးလားဗျတမာပိုးသတ်ဆေးတို့ဆေးရွက်ကြီးဆေးတို့ဖျန်းရင်အဆင်ပြေမလားဆရာတို့
ဖြေကြားချက် 2 ခု
ဒီဆေးကကောင်းလားဗျအနံ့ကတော့သိပ်မနံဘူးတင်းရှန့်ဆေးလောက်ပဲတောင့်ရှည်အတွက်အဆင်ပြေပါ့မလားတခြားအရွက်စားပိုးတွေကော...
ဖြေကြားချက် 0 ခု
ဒီဆေးနဲ့ကြက်ဥအခွံဖျော်ရည်နဲ့တွဲဖျန်းလို့ရလားဗျ
ဖြေကြားချက် 2 ခု
ရှောက်လိန်မော်မှာဖျက်ဆီးတဲ့ရွက်ထွင်းပိုးနဲ့ခရမ်းချဉ်/သခွား/တိုင်တောင်ပဲမှာကျသောရွက်ထွင်းပိုးမတူသလိုဘဲဘာကွာခြား...
ဖြေကြားချက် 1 ခု
ပေါင်းရှင်းချင်လို့ပါအပင်ဘေးတွေနုတ်တာကောင်းမလားပေါက်ပြားနဲ့ပါးပါးယှက်ချရင်ကောင်းမလားဘယ်ဟာပိုသင့်တော်လဲအကြံပေး...
ဖြေကြားချက် 2 ခု