FAW ငမြှောင်တောင် ကာကွယ်နှိမ်နင်းနည်းလမ်းများ

05/06/2019 09:58 AM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

၁။ နေ့စဉ်ကွင်းဆင်းစစ်ဆေး၍ ဥမြုံများ၊ လောက်ကောင်ငယ်များကို လက်ဖြင့်ကောက်ယူဖျက်ဆီးပါ။ လောက်ကောင်ကြီးများကို ပင်စည်ပတ်လည်ဝိုင်း၍ ထွက်နေသည့် အရွက်များအတွင်းတွင် ရှာဖွေဖျက်ဆီးပါ။

၂။ အပင်ငယ်စဉ် ဥမှပေါက်ခါစ အကောင်ငယ်များမပျံ့နှံ့မီ လက်ဦးမှုယူ၍ ကာကွယ်နှိမ်နင်းပါ။ 

၃။ တမာ၊ ဆေးရွက်ကြီးများဖြင့် ပြုလုပ်ထားသော သဘာဝပိုးသတ်ဆေးကို လောက်ကောင်ငယ်အဆင့်တွင် ညနေခင်းအချိန်၌ ပက်ဖျန်းပေးပါ။

၄။ ပင်စည်ပတ်လည်ဝိုင်း၍ ထွက်နေသည့် အရွက်များအတွင်း လောက်ကောင်ငယ်များ ခြောက်၍ သေစေရန်အတွက် ပြာမှုန့်၊ သဲမှုန့်၊ မီးသွေးမှုန့်နှင့် လွှစာမှုန့်များ ထည့်ပေးပါ။ ထုံး၊ ဆား၊ ရွှံ့ရည်နှင့် အဝတ်လျှော်ဆပ်ပြာများလည်း ထည့်ပေးနိုင်ပါသည်။

၅။ တစ်ပင်တွင် တစ်ကောင်သာနေပြီး အတွင်းပိုင်းကြီးထွားဆဲ အညွန့်၊ အနှံများနှင့် အဖူးများအတွင်း နေထိုင်စားသောက်တတ်ကြသဖြင့် ပျံ့နှံ့သွားပါက ဆေးဖျန်းခြင်းအတွက် ဆေးပိုမိုသုံးစွဲရန် လိုပါသည်။ 

၆။ စိုက်ခင်းအတွင်း မိတ်ဆွေပိုးများကို ထိန်းသိမ်းစောင့်ရှောက်ပါ။ ပုရွက်ဆိတ်နီ၊ လိပ်ခုံးကျိုင်း၊ အတောင်မာကျိုင်း၊ နဖာချေးပိုး၊ ပုဇဉ်း၊ ပင့်ကူ၊ ငှက်နှင့် နဂျီအုပ်စုဝင် ကပ်ပါးများနှင့် ကပ်ပါးယင်များအား ထိန်းသိမ်းပေးပါ။

၇။ မီးထောင်ချောက်ထွန်းခြင်းကို တစ်ကွင်းတစပ်တည်း လူထုလုပ်အားဖြင့် ဆောင်ရွက်ပါ။

၈။ ပိုတက်မြေသြဇာကို သုံးစွဲပေးပါ။

၉။ အသုံးပြုသင့်သော ပိုးသတ်ဆေးများမှာ ဖလူဘန်ဒိုင်ရာမိုက် ၂၄ % ဒဗလျူဒီဂျီ၊ ကလိုပိုင်ရီဖော့စ် ၅၀% + ဆိုက်ပါမီသရင် ၅ % အီး စီ၊ ကလိုရန်ထရန်နီလီပရိုး ၅၁.၅ % အက်စ်စီ၊ အင်ဒိုဇာကပ် ၁၅ အက်စ်စီ၊ အင်ဒိုဇာကပ် ၁၅ အက်စ်စီ နှင့် အင်ဒိုဇာကပ် ၁၇ + လန်ဒါဆိုင် ဟေလိုသရင် ၃% အက်စ်စီ တို့ဖြစ်ပြီး ဆေးအညွှန်းပါအတိုင်း ထိရောက်စွာ ပက်ဖျန်းပါ။

၁၀။ ငမြှောင်တောင်ပိုး ကာကွယ်နှိမ်နင်းရာတွင် ဘီတီပိုးသတ်ဆေး (Bacillus thurigiensis) သုံးစွဲနိုင်ပါသည်။

မှတ်ချက်။ ။ ယခင်ကျရောက်လေ့ရှိသော ငမြောင်တောင်ပိုး မျိုးစိတ်များအား နှိမ်နင်းသကဲ့သို့ စိုက်ခင်းပတ်လည် မြောင်းတူးခြင်းဖြင့် ထိရောက်စွာ ကာကွယ်နိုင်ခြင်းမရှိပါ။ ပိုးသတ်ဆေးယဉ်ပါးမှုများ မဖြစ်ပေါ်စေရန် အညွှန်းစာ၌ပါသော ညွှန်ကြားချက်များအား အတိအကျလိုက်နာပါရန်နှင့် မတူညီသော ဆေးအုပ်စုများအား အလှည့်ကျသုံးစွဲရန် လိုအပ်ပါသည်။

စိုက်ပျိုးရေးဦးစီးဌာန

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်