အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
928
လွန်ခဲ့သော ၆ နှစ် က · စလင်း

ငရုတ်ပင် အရွက်တွေလိပ်ပြီး အသီးအပွင့်မလိုက်တာ ဒီဆေးလေးသုံးလို့ရလား ဗျ ဆရာတို့ဖြေပေးကြပါအုံးဗျ

ပိုးမွှားရောဂါ ငရုတ်သီး ငရုတ်အရွက်လိပ်ပြဿနာ
Post image
Post image
5

ဖြေကြားချက် ၅ ခု

270,769 လွန်ခဲ့သော ၆ နှစ် က

အစိမ်းရောင်လမ်းရဲ့ ဈေးဝယ်မယ် ထဲမှာလည်း တမာပိုးသတ်ဆေး ဝယ်လို့ရနေပါပြီ။

80,436 လွန်ခဲ့သော ၆ နှစ် က

တမာရွက်နဲ့ ပိုးသတ်ဆေးလုပ်မယ်ဆိုရင်တော့ (၁) တမာရွက် ၂ ပိဿာခန့်ခူးပါ။ (၂) တမာရွက်တွေကို နုတ်နုတ်စင်းပါ။ (၃) တမာရွက်များကိုပုံးထဲထည့်၍ ရေ ၄ ဂါလံရောပြီး အဖုံးအုပ်ပါ။ (၄) တမာရွက်စိမ်ရည်ကို ၃ ရက်ထားပါ။ (၅) တမာရွက်စိမ်ရည်ကို ပိတ်ပါးသို့မဟုတ် ရေစစ်ဖြင့်စစ်ယူပါ။ (၆) တမာရွက်စ်ိမ်ရည် ထဲသို့ အိမ်သုံးဆီ ၆ ကျပ်သား၊ ပန်းကန်ဆေးဆပ်ပြာရည် ၆ ကျပ်သား ခန့်မှန်းပြီးထည့်ပါ။ (၇) တမာဆေးရွက်စိမ်ရည်အရောအနှောကို ရေ ၄ ဂါလံဖြင့် ရောပြီး ဆေးအဖြစ် ပက်ဖျန်း အသုံးပြုနိုင်ပါတယ်ဗျ။

80,436 လွန်ခဲ့သော ၆ နှစ် က

ဆေးဆိုင် တွေမှာ တမာနဲ့ဖော်စပ်ထားတဲ့ဆေးတွေရှိပေမဲ့ ကိုယ်တိုင်လုပ်လို့လဲလွယ်ကူပါတယ်ဗျ။

928 လွန်ခဲ့သော ၆ နှစ် က

တမာပိုးသတ်းဆေးက ဘယ်လိုဟာလည်းဗျ ဆေးဆိုင်မှာမေးဝယ်လို့ရတယ်လားဗျ

80,436 လွန်ခဲ့သော ၆ နှစ် က

စုပ်စားပိုး ဆိုးဆိုးဝါးဝါးကျနေတာပါဗျ သုံးလို့ရပါတယ်။တမာပိုးသတ်ဆေးလဲ ဖျန်းပေးကြည့်ပါ။ ဆေးမနိုင်ရင်တော့ နှုတ်ပစ်ပြီး အခြားအပင်တွေမကူးအောင်ဖျက်ဆီးပစ်ပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။