အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကျော့နန္ဒာစိုး

ကျော့နန္ဒာစိုး

စိုက်ပျိုးရေးပညာရှင် · ဘားအံ

270,769
လွန်ခဲ့သော ၄ နှစ် က

ယူရီးယားက ပင်ပိုင်းကြီးထွားဖို့အတွက်၊ တီစူပါ ‌ဖောစဖောရပ်က ဆဲလ်တွေကွဲပွားခြင်းဖြစ်စဉ်ကိုအထောက်အကူပြုတာဖြစ်တဲ့အတွက်ကြောင့် အပင်ကြီးထွားမှုမြန်စေတာ မျိုးပွားပိုင်းအတွက်ကောင်းစေပါတယ်။ ပိုတက်က အပင်တွင်း အင်ဇီုင်း သကြားဓာတ်တွေသယ်ယူပို့ဆောင်တဲ့နေရာမှာအထောက်အကူပြုပါတယ်။ ရောဂါပိုးကျရောက်မှုကိုနည်းစေတဲ့ အချက်တွေရှိပါတယ်။

ယူရီးယားတီစူပါပိုတက်ဘယ်ကကဘယ်လိုအပင်အတွက်အကျိုးပြုလဲဆိုတာေဖြကြား ပေးပါအုံးဆရာတို့ယူရီးယားကအပင်အတွက်ဘလိုကောင်းတယ်အသီးအတွက်ဘယ်ဟာ ကကောင်းလဲဆိုတာတစ်မျိုးစီပြောတာပါခင်ဗျ

လွန်ခဲ့သော ၄ နှစ် က

မြေအောင်းပိုး ဖိုးလမင်းကျိုင်းပါ။ မြေအောင်းပိုးဖြစ်တဲ့အတွက် တစ်နှစ်ကြပြီးရင် နောက်နှစ်တွေလည်းကျတတ်ပါတယ်။ စိုက်နည်းစနစ်နဲ့ ထိရောက်စွာနှိမ်နင်းနိုင်မှသာ အဆင်ပြေပါတယ်။ ပဲတီစိမ်းပြီးရင် ထယ်ထိုးထွန်မွှေနက်နက်လုပ်ပေးပါ။ ပိုးလောက်ကောင်တွေကိုမြေပေါ်ရောက်ပြီး ငှက်တွေစားတာမျိုး ခြောက်သွားတာမျိုး ဖြစ်ရန်အတွက်ပါ။

ပဲတီစိမ်းစိုက်ခင်မှာ အပင်တွေညိုးပြီးသေလာလို့ အပင်ခြေရင်းကို ရပ်ဖြဲကြည့်တာ အောက်ကပုံကလို့ ပိုးကောင်တွေ တွေ့ရပါတယ် မြေအောင်ပိုးလားခင်ဗျာ ဘယ်လိုပိုသတ်ဆေးများသုံးလို့အဆင်ပြေမလဲခင်ဗျာ

လွန်ခဲ့သော ၄ နှစ် က

နယ်အလိုက်တော့ကွာမယ် တစ်တင်းကိုတော့ ၄ သောင်းဝန်းကျင်မှာရှိနေပါတယ်။ ၁၀.၁.၂၀၂၂ ပေါက်ဈေးအနေနဲ့ရော

မတ်ပဲဘယ်ဈေးရှိလဲ ဝယ်ချင်လိုပါ

လွန်ခဲ့သော ၄ နှစ် က

အခုလိုမြေသြဇာတွေဈေးကြီးနေတဲ့အချိန်မှာ ခုလို သဘာဝအားဆေးတွေပါတွဲသုံးပြီး မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခင်းကတော့ အားရစရာပဲရှင့်။

ထိုင်းဘေးကြား၊ထိုင်းရွှေဝါ နွေစပါးတိုက်ရိုက်ကြဲခင်း ၂၅ရက်သား ယူရီးယားတစ်ဧက ၅၅ပေါင် အိတ်ဝက်နှုန်း မြေဆွေးနှင့်တစ်ညနှပ်ကြဲ ငါးအမိုင်နိုဖျန်းပါတယ်၊ ထွန်ယက်ချိန်မြေခံအဖြစ် ဘိုကာရှီ၁၅တင်း၊ တီစူပါ ပေါ်တက်ရှ် ၃ဧက တစ်အိတ်နှုန်းမြေခံ၍ မျိုးစပါး ပြီ၂၀ ဆားရည်စိမ်ကြဲပက် ခဲ့ပါတယ်၊ ပုလဲစျေးကြီးမြင့်ပါသဖြင့် ၁၄ရက်သား၂၀ ရက်သားမှာတော့ အာမိုစပါးအထူး N P K.နှင့် ငါးအမိုင်နို ၁ကြိမ်စီ ဖျန်း၍ပုလဲတစ်ကြိမ်လျော့၊ ၄၅ရက်သားမှာပုလဲတစ်ဧကပေါင်၆၀၊၆၀ရက်မှာပေါင်၆၀၊ အသုံးပြု၍ မှို့ကပ်ချိန် K. အချိုးအများပါသော အာမိုစပါးအထူးကိုဖျန်း၍၊ ဓာတု၃မျိုးတစ်ဧက၂အိတ်နှုန်းလျော့ချလိုက်ပါမယ်၊ ပြီးခဲ့သောနှစ်အထွက်နှုန်း ၁၃၂ တင်း၊ ယခုနှစ်ခန့်မှန်းတင်း၁၁၀တင်း၊ ဖျာပုံမြို့နယ်။

လွန်ခဲ့သော ၄ နှစ် က

storage ပြည့်လို့ ဒေါင်းမရတာများဖြစ်မလား။ ကျွန်မဒေါင်းတာရတယ်ရှင့်။ စာအုပ်ဖတ်မည်လို့ပေါ်နေရင်တော့ ဒေါင်းပြီးသားဖြစ်နေပြီး စာဖတ်ဖို့ pdf reader, wps office လိုမျိုး ဆော့ဝဲလ်ရှိရင်တော့ဖတ်လို့ရပါတယ်ရှင့်။ တစ်ချက်ပြန်စစ်ပေးကြည့်ပါ။

နှမ်းစိုက်နည်းအလေ့ကျင်ကောင်းများစာအုပ်ဒေါင်းမရလိုဘာဖြစ်လိုလညိ

နှမ်းစိုက်ပျိုးနည်း
လွန်ခဲ့သော ၄ နှစ် က

သီးပွင့်စဝင်ချိန်မှာ ပုလဲ+လက်ချားကို ၇ ရက်ခြားပြီး ၄ ကြိမ်လောက်ကျွေးနိုင်ပါတယ်။ ရှေ့မှာတော့ ဘယ်လိုတွေပြုစုခဲ့လဲရှင့်။

အသီးကင်းလေးတွေတော့စဝင်နေပြီ လိုအပ်ချက်လေးတွေရှိရင် လမ်းညွှန်ပေးပါအုံး ဆရာ

လွန်ခဲ့သော ၄ နှစ် က

အကျိုးပြုအဏုဇီဝပိုးမွှား(EM) အဆင့်ဆင့်ပွားနည်းများ အဆင့်ဆင့်ပွားနည်း တွေကို ဒီဆောင်းပါးမှာအသေးစိတ်လေ့လာပါရှင့်။

EM ပြုလုပ်နည်း သိချင်းပါတယ်

လွန်ခဲ့သော ၄ နှစ် က

သန္ဓေတည်တဲ့ချိန်ဖြစ်တဲ့အတွက် ဒီချိန်မှာမပေးသေးပါနဲ့။ ပန်းစပွင့်မှသာ လိုအပ်မှ ရေပေးပေးပါ။ ပန်းပွင့်တဲ့ချိန် ရေများတာတို့ မိုးအရမ်းရွာလို့ ရေများတာတို့ဆို အသီးတင်မှုနည်းသွားတတ်ပါတယ်။ ကြက်မောက်သီး စိုက်ပျိုးနည်း ဒီဆောင်းပါးမှာလည်း လေ့လာကြည့်နိုင်ပါတယ်

မင်္ဂလာပါ ကြက်မောက်ပင်လေးတွေ ရေစပေးလို့ရပြီးလားဆရာတို့ ရေပေးမှအပွင့်လိုက်တာလားဆရာတို့

လွန်ခဲ့သော ၄ နှစ် က

ငါးအမိုင်နိုပြောတာထင်တယ်နော်ရှင့်။ အဲ့လိုထည့်တာတော့မပြောတတ်ဘူးရှင့်။ ဒါမဲ့ တွဲဖျန်းပေးတာမျိုးဆိုရင်တော့ ရပါတယ်။

စူပါဘိုကာရှီလုပ်ချင်လို့ပါ ငါးပုပ်ရည်လုပ်ပြီးသားတွေ ထည့်လိုက်လို့ရလား ဘယ်လောက်ထည့်ရမလဲလဲသိချင်ပါတယ်ခင်ဗျ

လွန်ခဲ့သော ၄ နှစ် က

၃ ရက်လောက်ခြားရင် ရပါတယ်။

မတ်ပဲ/ပဲဲတီစိမ်း မှာ ပိုးသတ်ဆေးဖျန်းပီး ဘယ်နှစ်ရက်ခြားပီး မှိုဆေးဖျန်းသင့်ပါသလဲခင်ဗျ။

ဆေးဖျန်းနည်း
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။