လျှော်ဖြူပင်ကိုဘယ်လိုအစေးထုပ်ယူရမလဲအသေစိတ်ပြောပြပေးပါ
အပင်လုံးပတ်၃ထွာဆိုင်(၂၇လက်မခန့်)မှ အစေးစထုတ်သင့်တယ်လို့ သိရပါတယ်။အပင်ငယ်မှာထုတ်ရင် အပင်အားနည်းတတ်ပါတယ်။
အခုလိုမျှဝေပေးတာအတွက်ကျေဇူးတင်ပါတယ် ဆရာ
အပင်လုံးပတ်ဘယ်လောက်မှထုတ်လို့ရလဲခင်မျ
ကျေးဇူးပါ
အစေးထုတ်ပုံနည်းစနစ်များ မြန်မာနိုင်ငံတွင် လျှော်ဖြူပင်မှ အစေးထုတ်ယူကြရာတွင် ပင်စည်ဓါးထစ်နည်းများကို သမာရိုးကျလုပ်ကိုင်မှုများပြီး အချို့ဒေသများတွင် ဆောက် (သို့မဟုတ်) လွန်ဖြင့် ပင်စည်အပေါက်ဖောက်နည်းကို အသုံးပြုကြသည်။ (၁) ဓါးထစ်နည်း လျှော်ဖြူပင်မှ အစေးထုတ်ယူရန် ဦးစွာအပင်အား ပြင်ဆင်ရာတွင် အပင်အမြင့် ၁ ပေခွဲ၊ ၂ ပေခန့်မှစ၍ ပင်စည်ပေါ်တွင် အနက် ၁ လက်မမှ ၁ လက်မခွဲခန့်၊ အကျယ် ၃ လက်မ ၄ လက်မခန့်၊ လခြမ်းကွေးပုံ ဘန်ထစ်ပြုလုပ် ခုတ်လှီးပေးရသည်။ ပင်စည်အသားအနည်းငယ် ပြတ်ရုံသာချိန်ဆပြုလုပ်ရပြီး ဓါးအစား ရဲဒင်း၊ လွှများဖြင့် သုံးစွဲပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်ခြင်းကို ပင်စည် အစေးကြောဖြတ်ခြင်းဟု ခေါ်သည်။ ဤကဲ့သုိ့ ပင်စည်အစေးကြောဖြတ် ဓားထစ်ခြင်းကို ပထမရာသီတွင် ပင်စည်လုံးပတ် အရွယ်အစားပေါ်မူတည်လျက် ၂ နေရာ ၃ နေရာခန့်သာ ပြုလုပ်ပေးရပြီး အပင်ကြီးလာမှ တဖြည်းဖြည်းနေရာများစွာ ဓားထစ်ပြုလုပ်နိုင်သည်။ ပင်စည်ပေါ်ဓါးထစ်ရာတစ်ခုနှင့်တစ်ခုကို ထက်အောက် အကွာအဝေး ၁ ပေခွဲ၊ ၂ ပေခန့်ခြားပြီး နေရာလွှဲပြုလုပ်ရသည်။ ဓါးထစ်နေရာရွေးချယ်ရာတွင် ပင်စည်၏ လေကွယ် နေကွယ် ဘက်ခြမ်း၌ အစေးထစ်လျှင် အစေးအရည်အသွေး ညံ့တတ်သဖြင့် နေ၊ လေ ပိုမိုရရှိသည့် ပင်စည်ဘက်ခြမ်းတွင် ရွေးချယ်ပြုလုပ်ကြသည်။ ပင်စည်အခုံး (အကုံး) ရှိနေလျှင် ၎င်းနေရာ၌ အစေးထုတ်လျှင် အစေးထွက်နည်းသည်ဖြစ်၍ ၎င်းပင်စည်အခုံးနေရာတွင် ဓါးထစ်ခြင်းမပြုရပါ။ ဤကဲ့သို့ ပင်စည်အား အစေးကြေဖြတ်ထားပြီး ၂ ပတ် ၃ ပတ်ခန့်အကြာ အခေါက်နှင့် အသားအကြားမှ ကျီးပေါင်း (ခေါ်) မန်းရာ (ခေါ်) အသားနုလွှာကောင်းစွာဖြစ်ပေါ်လာသည်နှင့် ၎င်းအသားနုလွှာအား ဓါးထက်ထက်ဖြင့် ထန်းလှီးသကဲ့သို့ ပါးပါးရှပ်လှီးပေးရသည်။ ၎င်းကို အစေးကြောဖွင့်ခြင်း (ဝါ) မန်းပြင်ခြင်းဟုခေါ်ပါသည်။ ထိုသို့ ရှေးဦးမန်းပြင်ခြင်းကို တစ်ပတ်ခြား ၁ ကြိမ် ၂ ကြိမ်ခန့်ပြုလုပ်လေ့ကျင့်ပေးရသည်။ အချို့အပင်များသည် ၁ ကြိမ် ၂ ကြိမ်ပြင်ရုံဖြင့် အစေးထွက်မန်း ရရှိလာသည်။ ၎င်းကို မန်းနပ်သွားသည်ဟု ခေါ်ကြသည်။ မန်းနပ်သွားမှ အစေးများ နေ့စဉ်မပြတ်ထွက်ရှိလာပါသည်။ ထိုကဲ့သို့ လျှော်ဖြူပင်စည်အပေါ်အစေးကြောဖွင့် မန်းပြင်ပေးပြီး ၎င်းနေရာရှိ အခေါက်သားအတွင်းမှ အစေးများ နေ့စဉ်စိမ့်ထွက်လာနေမည်ဖြစ်ပါသည်။ အစေးများသည် ထွက်စမှာပင် ပျစ်ချွဲချွဲကပ်စေးစေးရှိပြီး ပြင်ပလေအပူချိန်နှင့် ထိတွေ့ကာ (၂၄) နာရီအတွင်း အစေးများ ပျစ်ခဲမာထန့်သွားသည်။ လေထုစိုထိုင်းဆများနေလျှင် အစေးများပျစ်ခဲမှု ကြန့်ကြာသည်။ မိုးရေနှင့်ထိလျှင် အစေးများ ပျော်ကျသွားသည်။ သို့ဖြစ်ရာ အပင်ပေါ်ရှိအစေးခဲများကို ရာသီဥတု (မိုး အခြေအနေ) ကြည့်၍ နေ့စဉ်ဖြစ်စေ၊ ရက်ခြားဖြစ်စေ တစ်ပတ်တစ်ကြိမ်ဖြစ်စေ ခွါယူသိမ်းဆည်းနိုင်ပါသည်။ အထက်ဖော်ပြပါအတိုင်း အစေးကြောဖွင့်ထားသောဒဏ်ရာ (မန်းရာ) မှ အစေးထွက်ရှိမှု အတိုးအလျော့အပေါ်မူ တည်လျက် (၅) ရက်မှ (၇) ရက်ခန့်ကြာတိုင်း ယခင်နည်းအတိုင်း ထပ်မံ၍ ဓါးဖြင့်လှီးပြင်ပေးရသည်။ အချို့က ၂ ရက်ခြား ၃ ရက်ခြား မန်းပြင်ပေးကြသည်။ အစေးမပြတ်ထွက်လာရေးအတွက် မန်းရာသည် အမြဲစိုနေရန် (ဝါ) မန်းနပ်နေရန်လိုအပ်သဖြင့် မန်းရာအခြောက်မခံဘဲ (ဝါ) မန်းကျွတ် မန်းတင်မခံဘဲ အခြေအနေကြည့်၍ လိုအပ်သလို ပြုပြင်ပေးရသည်။ အစေးထွက်ရန် လက်ကြိုက်သည်ဟု ဆိုကြသည်။ အချို့အပင်များသည် ၂ ပတ် ၃ ပတ်ကြာအထိ မန်းပြင်စရာမလိုဘဲ အစေးမပြတ်ထွက်လာသည်လည်းရှိသည်။ အချို့က ဆောက်ငယ်ဖြင့် မန်းရာအား အနည်းငယ်ထိုးဖဲ့ပေးကြသည်။ အချို့က ဓါးစူးချွန်ဖြင့် အနည်းငယ်ထိုးဆွပေးကြသည်။ မည်သို့ပင်ဖြစ်စေ အစေးထွက်ပုံမှန်ရရှိရန် မန်းပြင်ပေးသူ၏ နားလည်ကျွမ်းကျင်မှု လိုအပ်ကြောင်းတွေ့ရှိရပါသည်။ ဤသို့ဖြင့် လျှော်ဖြူပင်၏ အစေးထုတ်ဒဏ်ရာအား အကြိမ်ကြိမ်ပြုပြင်လျှက် အစေးများပုံမှန်ထုတ်ယူနေရာမှ အသီးများ ရင့်မှည့်ချိန် ခြောက်သွေ့ရာသီရောက်ရှိလျှင် အစေးထွက် ဆုတ်သွားသဖြင့် မန်းပြင်မှုမပြုလုပ်တော့ဘဲ ရပ်နားကြသည်။ အချို့ဒေသများတွင် အပင်အားအနားမပေးဘဲ ဆက်လက်မန်းပြင် အစေးထုတ်ယူကြသည်လည်းရှိသည်။ လျှော်ဖြူပင်စည်အား အစေးထုတ်မန်းပြင်ခြင်းရပ်နားပေးလိုက်သည်နှင့် မူလဒဏ်ရာသည် ၆ လမှ ၇ လအကြာတွင် ကျီးပေါင်းတက်၍ အသားပြန်ပိတ်သွားသည်။ နောက်ရာသီ၌ မူလဒဏ်ရာဟောင်းအပေါ်မှသော်လည်းကောင်း အပေါ်ပိုင်းသို့ နေရာပြောင်း၍လည်းကောင်း ဆက်လက်အစေးထုတ်ယူကြသည်။ လျှော်ဖြူပင်၏ ပင်စည်လုံးပတ်ကြီးများလျင် အပင်ကိုင်းတက်များအထိ တက်ရောက်အစေးထုတ်ယူကြသည်။ ပင်စည်အပေါ်ပိုင်းနေရာများတွင် အစေးပိုမိုထွက်လေ့ရှိသည်။ (၂) ဆောက်ရိုက်နည်း ပင်စည်ပေါ်တွင် ဆောက်ခုံးငယ်ဖြင့် အဝုိင်းပေါက်ငယ်များပြုလုပ်၍ အစေးထုတ်ယူသည့်နည်းဖြစ်ပါသည်။ ပင်စည်၏ ဒူး၊ ခါး ခန့်အမြင့်ရှိသော နေရာမှစ၍ ငါးမူး၊ သုံးမတ်ဆိုက်အရွယ် အဝုိင်းပေါက်ငယ်များကို ပင်စည်ပတ်လည် နေရာလွှဲကာ တစ်ခုနှင့်တစ်ခု အကွာအဝေး ၁ ပေမှ ၁ ပေခွဲစီခြားလျက် အပေါက် ၅ ပေါက်မှ ၇ ပေါက်ခန့် ဖောက်ပေးရသည်။ အခေါက်ပြတ်ရုံ ဖောက်ပေးရသည်။ အချို့က လက်သမားသုံး “လွန်” ကိရိယာဖြင့် ဖောက်ကြသည်။ ၎င်းနည်းသည် ဓားထစ်နည်းလောက် ပင်စည်ဒဏ်ရာ ကြီးမားမှုမရှိပါ။ အပေါက်အရေအတွက်ကို ပင်စည်လုံးပတ်အရွယ်အစားအရ ချိန်ဆပြုလုပ်ပေးရမည်ဖြစ်သည်။ ပင်စည်ဖောက်ပြီး ၁ ပတ် ၂ ပတ်ခန့်အကြာ အပေါက်အတွင်း အသားနုတက်လာလျှင် အပေါက်အတွင်းသားများကို ထန်းနွေးဓါးကဲ့သို့ ဓါးငယ်ဦးချွန်ဖြင့် လှည့်ခြစ်လှီးပေးခြင်း (ဝါ) မျက်နှာသစ်ပေးခြင်းဖြင့် အစေးများ နေ့စဉ်ပုံမှန်ထွက်လာမည်ဖြစ်ပါသည်။ အစေးများပုံမှန်ထွက်ရေးအတွက် အပေါက်အတွင်း အမြဲစိုနေရန် (ဝါ) မန်းနပ်နေရန် လိုအပ်ပြီး တစ်နည်းအားဖြင့် အသားနုကြမ်းမသွားရန်အတွက် အခြေအနေကြည့်၍ သုံးလေးရက်မှ တစ်ပတ် ၁ ကြိမ် စစ်ဆေးပေးပါ။။ Farmer journal မှကူးယူဖော်ပြသည်။
ဆက်စပ်မေးခွန်းများ
လျှော်ဖြူပင်ကိုအစေးဘယ်လိုထုတ်ရတာလဲဗျ ဆရာတို့ ပြောပြကြပါအုံး
ဖြေကြားချက် 5 ခု
ဒီပုံထဲကလျှော်ဖြူပင်လေးကိုစိုက်ရင်ရှင်နိုင်လားဗျာ
ဖြေကြားချက် 7 ခု
လျှော်ဖြူပင်ကအောက်တိုင်ခုပ်ပေးရမလာ ခုပ်ပေးရင်အပင်တက်မြန်မလာ
ဖြေကြားချက် 4 ခု
တမလန်း သစ်နှင်းအကြောင်း သိတဲ့အကို အမ များ ဖြေကြားပေးပါလားဗျ....ဘယ်လိုရာသီဥထုမှာ စိုက်လို့ရလဲ... ဘယ်လိုမြေတေမှာ...
ဖြေကြားချက် 1 ခု
လျှောက်ဖြူအစေးကို ဘယ်အချိန်တေမှာထုတ်ယူ၍ ဘယ်အချိန်တေမှာ မထုတ်ယူသင့်တာလဲရှင်းပြကြပါအုံးဗျ ဆရာတို့
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။