အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
522
လွန်ခဲ့သော ၆ နှစ် က · အောင်မြေသာဇံ

စီးပွားဖြစ်မဟုတ်ပါခင်ဗျ။အိမ်တွင်ခြံစိုက်စားတာပါ။ အသီးလေးတွေအကင်းမှာတင် အပေါက်ကလေးတွေဖြစ်ပြီး ကြာရင်ပုပ်ပုပ်...

စီးပွားဖြစ်မဟုတ်ပါခင်ဗျ။အိမ်တွင်ခြံစိုက်စားတာပါ။ အသီးလေးတွေအကင်းမှာတင် အပေါက်ကလေးတွေဖြစ်ပြီး ကြာရင်ပုပ်ပုပ်သွားတယ်ခင်ဗျ။အပွင့်တွေကတော့တအားပွင့်ပြီး အသီးကလုံးဝမတင်လို့ပါ။အဲ့ဒါဘယ်လိုဆေးမျိုးသုံးရမလဲအစ်ကိုဆရာတို့။

ပိုးမွှားရောဂါ ကျောက်ဖရုံသီး
Post image
7

ဖြေကြားချက် ၇ ခု

522 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ပါဆရာတို့။ယခုလို​ပြန်လည်​ဖြေကြား​ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

270,769 လွန်ခဲ့သော ၆ နှစ် က

သီးထိုးယင်ထောင်ချောက် ဘယ်လိုလုပ်ကြမလဲ ထောင်ချောက်ပြုလုပ်နည်းပါ လေ့လာနိုင်ပါတယ်။

270,769 လွန်ခဲ့သော ၆ နှစ် က

အသီးတွေမကြီးခင်ပုပ်ပြီး ပုပ်တဲ့နေရာမှာလည်း အစေးလိုမျိုးတွေထွက်တယ်ဆိုရင်တော့ သီးထိုးယင်ပါပဲ။ အရွက်ရဲ့အောက်မျက်နှာပြင်တွေမှာဆိုရင် အရွယ်ရောက်အကောင်တွေရှိနေတတ်ပါတယ်။ ပိုးကျနေတဲ့အသီးတွေ၊ အောက်တွေမှာကြွေကျနေတဲ့အသီးတွေကို ယူပြီး ဖယ်ရှားပစ်ပါ။ပိုးတွေမခိုအောင်းနိင်အောင် မြေကြီးထဲနက်နက်မြှုပ်ပစ်ပါ။ အိမ်မှာခြံစိုက်စားတာဆိုတော့ ဓာတုဆေးမသုံးချင်ရင်တော့ ထောင်ချောက်တွေပြုလုပ်ပြီးဖမ်းပေးပါ။ အခုရာသီသိမ်းပြီးရင်တော့ မြေကြီးကိုထယ်ထိုးပြီး ရုပ်ဖုံးများကိုနေပြပါ။ မိုးတွင်းကာလမှာ ပေါက်ဖွားမှုနှုန်းကောင်းလို့ စိုက်ချိန်ပြောင်းစိုက်တာတွေလုပ်ဆောင်နိုင်ပါတယ်။

290 လွန်ခဲ့သော ၆ နှစ် က

သီးထိုးယင်ကြောင်ဖြစ်တာပါ ပိုးသတ်ဆေးတမျိုးမျိုးမကြာမကြာဖျန်းပေးရတယ်

522 လွန်ခဲ့သော ၆ နှစ် က

lမိုးကမများဘူးဆရာ။ပိုးထိုးထားတဲ့အပေါက်ကလေးတွေကြောင့်ပုပ်သွားတာလားလို့ပါ။အဲ့ဒါဘာဆေးသုံးရမလဲလို့ဆရာ။

290 လွန်ခဲ့သော ၆ နှစ် က

မိုးများလို့နေမှာ

290 လွန်ခဲ့သော ၆ နှစ် က

ဘာကြောင်းဖြစ်တာလဲ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။