အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,152
လွန်ခဲ့သော ၆ နှစ် က

ကျွန်တော့်ကွမ်းရွက်တွေပုံထဲကအတိုင်းဖြစ်နေလို့ဖြေပေးကြပါဦး

ပိုးမွှားရောဂါ ကွမ်း
Post image
Post image
Post image
8

ဖြေကြားချက် ၈ ခု

2,152 လွန်ခဲ့သော ၆ နှစ် က

မသုံးမိဘူး

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က

ပေါင်းသတ်ဆေး ပါတဲ့ ဆေးဘုံးများသုံးမိသလားဗျ

871 လွန်ခဲ့သော ၆ နှစ် က

ဆေးကဘာအတွက်ဖြန်းထားတာလဲ အညွှန်းတိုင်းသုံးဖို့တော့လိုပါတယ် ဆေးလောင်တာမျိုးတော့မဟုတ်နိုင်ပါဘူး

2,152 လွန်ခဲ့သော ၆ နှစ် က

ဆေးလောင်တာရောဖြစ်နိုင်လား ဝိစာရက ပါရဂူဆေး 100 ဂရမ်ကို4 ပုံးဖြန်းထားပါတယ် ပြီးတော့6 ရက်ကြာတော့အားဆေးဖြန်းပါတယ်

270,769 လွန်ခဲ့သော ၆ နှစ် က

ကွမ်းရွက်ဆိုတော့ ဓာတုဆေးလဲမသုံးစေချင်ပါဘူး။ ပျ၊ ယင်ဖြူ၊ မွှားတို့လိုမျိုး စုပ်စားပိုးတွေရှိလား စစ်ဆေးကြည့်ပါ။ လက္ခဏာတွေအရတော့ စုပ်စားပိုးလက္ခဏာပါပဲ။ အရမ်းဆိုးရွားစွာကျနေတဲ့အပိုင်းတွေကို ဖယ်ရှားပစ်ပါ။ ပိုးကောင်တွေတွေ့ရင်လည်း လက်နဲ့ဖယ်ရှားတာတို့လုပ်ပေးပါ။ သဘာဝဆေးဖြစ်တဲ့ တမာပိုးသတ်ဆေး သုံးလို့ရပါတယ်။ ကွမ်းရွက်တွေ သက်တမ်းနုသေးတယ် ဆိုရင် အဝါရောင်ကော်ထောင်ချောက်တွေလည်းထားထားပေးပါ။ စုပ်စားပိုးတွေက ထောင်ချောက်မှာလာကပ်ပြီး ထိရောက်တဲ့နှိမ်နင်းမှုဖြစ်မှာပါ။

100,154 လွန်ခဲ့သော ၆ နှစ် က

စုပ်စားပိုးကျနေလား တစ်ချက်စစ်ပေးပါ စုပ်စားပိုးကြောင့်ကူးတဲ့ virus ရောဂါလို့ ထင်ပါတယ် စုပ်စားပိုးအတွက်ကတော့ အဆီတာမီပရစ်ဒါမှမဟုတ် ကာတက်ဟိုက်ဒရိုကလိုရိုက် ဆေးတစ်မျိုးမျိုး သုံးနိုင်ပါတယ် virus တစ်ခင်းလုံး ဖြစ်နေပြီ ဆိုရင်တော့ မရတော့ပါဘူး ကာကွယ်လို့ပဲ ရပါတယ်

2,152 လွန်ခဲ့သော ၆ နှစ် က
270,769 လွန်ခဲ့သော ၆ နှစ် က

လက္ခဏာတွေကို သေချာမမြင်ရပါဘူးရှင့်။ အခြေအနေလေးနဲ့ ဓာတ်ပုံရှင်းရှင်းရိုက်ပေးနိုင်ရင်ကောင်းပါမယ်ရှင့်။

You

ဆက်စပ်မေးခွန်းများ

ဘော်ဒိုဆေးနည်းတင်ပေးပါဆရာတို့. 2လသားကွမ်းပင်ဖျန်းမှာပါ ကွမ်းဘောင်နဲ့မြောင်းတွေကိုထုံးကန့်ဆေးဖျန်းရင်ကောင်းမ...

ဖြေကြားချက် 1 ခု

ဘော်ဒိုနည်းတင်ပြပေးပါဆရာ2လသားကွမ်းပင်ကိုဖျနန်းမှာပါ

ဖြေကြားချက် 1 ခု

ကွမ်းမစိုက်ခင် မြေအောင်းပိုးတွေကာကွယ်ဖို့ ဘာဆေးသုံးရင်ကောင်းမလဲဗျ ထုံး ဒုက်ထာကကာကွယ်နိုင်ပါလား

ဖြေကြားချက် 1 ခု

ဘော်ဒိုလုပ်တဲ့နည်းသိပါရစေ. အသုံးပြုမှာက2လသားကွမ်းပါ ဘယ်နှစ်ခြားပြီးသုံးရမလဲ ထုံးကန့်ဆေးကိုကွမ်းဘောင်နဲ့မြောင်း...

ဖြေကြားချက် 3 ခု

ကွမ်းပင်တွေမှာ ဆီဇွမ်းရောဂါ ဖြစ်နေတယ် ဘာဆေး သုံးရမလဲ စဖြစ်ခါစရှိသေးတယ် နောက်ကွမ်းခင်းတစ်ခင်းမှာလည်း ကွမ်းရွက်...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။