အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,566
လွန်ခဲ့သော ၆ နှစ် က · ရေနံချောင်း

ဒီ application က ပညာရှင်တွေထောင်ထားတာကော ဟုတ်ရဲ့လား မသိလို့ post တင်မေးလည်း ဖြေကြားမည့်သူမရှိဘူး အချင်းချင်း...

ဒီ application က ပညာရှင်တွေထောင်ထားတာကော ဟုတ်ရဲ့လား မသိလို့ post တင်မေးလည်း ဖြေကြားမည့်သူမရှိဘူး အချင်းချင်း ကိုယ့်အတွေ့အကြေုံလေးတွေပဲ ပြန်ဖြေနေကြတာပဲတွေ့တာ active မဖြစ်ဘူး ဗဟုသုတဖြစ်အောင် အနည်းအကျဉ်းပဲရှိတယ် ပြန်ဖြေကြားတာက ရှားတယ်

စိုက်ပျိုးနည်း စံပယ်ပန်း
8

ဖြေကြားချက် ၈ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့.ဝေဖန်အကြံပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။

1,566 လွန်ခဲ့သော ၆ နှစ် က

ကျွန်တော်တို့တွေကလည်း အားကိုးလို့မေးတာပဲ application မှ တည်ထောင်ရင် 1 ပတ်အတွင်းတော့ ဖြေပေးသင့်ပါတယ် အောင်မြင်ပါစေ

464 လွန်ခဲ့သော ၆ နှစ် က

ဒါဆိုလဲ ပြီးရော

10,510 လွန်ခဲ့သော ၆ နှစ် က
10,510 လွန်ခဲ့သော ၆ နှစ် က

ယခုလောက်သိရတာကိုဘဲကျေးဇူးတင်ပါပြီ။

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ကိုသန်ဇင်ရေ...ဒီapp:ကစိုက်ပျိုးရေးဘွဲ့ရတွေနဲ့တည်ထောင်ထားတာပါ။တောင်သူအကျိုးမျှော်ကိုးပြီး ရခဲ့တဲ့ဘွဲ့ပညာ..လုပ်ငန်းခွင်အတွေ့အကြုံတွေ..နဲ့ ITနည်းပညာတွေပေါင်းဖက်ကာ ဒီapp:ကိုတည်ဆောက်ခဲ့တာပါ။ပိုးသတ်ဆေး..ဓာတ်မြေသြဇာ..မျိုးစေ့..စသည့်သွင်းအားစုတွေရောင်းချတဲ့ကုမ္ပဏီအဖွဲ့အစည်းမဟုတ်ပါဘူး။ဝင်ငွေအကျိုးအမြတ်ရအောင်လုပ်နေတဲ့အဖွဲ့အစည်းမဟုတ်ဘဲအကျိုးဆောင်အဖွဲ့သာလျှင်ဖြစ်ပါတယ်။တောင်သူအချင်းချင်း..တောင်သူနဲ့ပညာရှင်တွေ..တောင်သူနဲ့ဆေးပစ္စည်းဆိုင်တွေ တွေ့ဆုံနိုင်တဲ့နေရာလေးတစ်ခုပါ။ဒါ့အပြင် နည်းပညာတွေ..စာအုပ်တွေ..ဆောင်းပါးတွေအလွယ်တကူဝင်ရောက်လေ့လာနိုင်တဲ့နေရာလေးပါ။အမေးအဖြေကဏ္ဍမှာဆိုရင် တောင်သူအချင်းချင်း မိမိကိုယ်တွေ့နည်းပညာတွေဖလှယ်ကြတဲ့အတွက်ပိုမိုအကျိုးရှိတာကိုတွေ့ရပါတယ်။ဝင်ရောက်ဖြေဆိုပေးနေတဲ့စိုက်ပျိုးရေးပညာရှင်တွေဟာအစိမ်းရောင်လမ်းရဲ့ဝန်ထမ်းများမဟုတ်ကြပါ။အစိမ်းရောင်လမ်းရဲ့ကိုယ်ကျိုးမဖက်တောင်သူအကျိုးအတွက်တဖက်တလမ်းကထမ်းပိုးနေတဲ့အဖွဲ့ဖြစ်တာမို့သက်ဆိုင်ရာနယ်ပယ်အသီးသီးမှပညာရှင်တွေ..အငြိမ်းစားဝန်ထမ်းတွေ..NGOမှပညာရှင်တွေ..ဌာနဆိုင်ရာဝန်ထမ်းတွေက မေတ္တာနဲ့ကူညီနေကြခြင်းဖြစ်ပါတယ်။ကူညီကြရာမှလည်းစာအုပ်ကြီးထဲကမဟုတ်ဘဲ သူတို့ရဲ့အတွေ့အကြုံများကိုသာမျှဝေခြင်းဖြစ်ပါတယ်။ဖြေကြားသူမရှိဘူး..အချင်းချင်းဖြေဆိုနေတယ်ဆိုတာက...ဖြေဆိုသူတွေရှိပါတယ်။တချို့ဆိုရင်နေ့ဖက်မှာသူတို့ရဲ့ကိုယ်ပိုင်အလုပ်တွေပြီးမှညဖက်မှာဖြေနေတာတွေ့ရပါတယ်။တောင်သူအချင်းချင်းဖြေဆိုတာကောင်းတယ်လို့ကျွန်တော်ယူဆမိပါတယ်။ဘာကြောင့်ဆိုရင်တောင်သူတွေကသူတို့အချင်းချင်းဖြေဆိုအကြံပေးခြင်းကိုပိုမိုယုံကြည်ကြပါတယ်..လိုက်လုပ်ကြပါတယ်။အချုပ်ဆိုရရင်တော့.. စီးပွားရေးအရလုပ်ကိုင်နေတဲ့အဖွဲ့အစည်းမဟုတ်ဘဲ တောင်သူအကျိုးအတွက် အကျိုးဆောင်ပေးနေတဲ့အစိမ်းရောင်လမ်းအဖွဲ့ဟာအားနည်းချက်များရှိခဲ့မယ်ဆိုရင် နားလည်မှုနဲ့ခွင့်လွှတ်ပေးစေချင်တယ်။(ကျွန်တော်က ကြားဝင်ပြီးဖြေဆိုပေးခြင်းဖြစ်ပါတယ်)

270,769 လွန်ခဲ့သော ၆ နှစ် က

ကိုသန့်ဇင် ရေ အစိမ်းရောင်လမ်းတည်ထောင်သူတွေက စိုက်ပျိုးရေးကျောင်းဆင်း တွေတည်ဖြစ်ပါတယ်ရှင့်။ တောင်သူတွေအနေနဲ့ စိုက်ပျိုးရေးနဲ့ပတ်သတ်လို့ပဲဖြစ်ဖြစ် စိုက်ပျိုးရေးလုပ်ကိုင်ရင်ဆက်စပ်သိထားရမယ့် မိုးလေဝသတို့ စိုက်ပျိုးစီးပွားလို စိုက်ပျိုးရေးဥပဒေတို့လို ကဏ္ဍလေးတွေလည်းထည့်ထားပေးတာပါ။ အစိမ်းရောင်လမ်းမှာတင်ထားတဲ့ဆောင်းပါးတွေကလည်း ပညာရှင်တွေမှ အစိမ်းရောင်လမ်းအတွက်ရေးပေးထားတဲ့ ဆောင်းပါးတွေ၊ ပညာရှင်တွေထံမှ ကိုးကားယူထားတဲ့ဆောင်းပါးတွေဖြစ်ပါတယ်။ ကဏ္ဍများစွာထဲမှ အမေးအဖြေကဏ္ဍကတော့ တောင်သူတွေနဲ့ ပညာရှင်တွေ တိုက်ရိုက်ချိတ်ဆက်လို့ရအောင် အစိမ်းရောင်လမ်းအသုံးပြုသူတွေအနေနဲ့အားလုံးအသုံးပြုလို့ရအောင်ရည်ရွယ်ချက်နဲ့ထည့်ထားတာဆိုတော့ တောင်သူအချင်းချင်းအတွေ့အကြုံတွေပြန်လည်မျှဝေပေးတာတွေ၊ ပညာရှင်တွေ ဖြေကြားပေးတာတွေရှိတာပါရှင့်။ ဒီအတွက်ကြောင့် မေးခွန်းကြန့်ကြာမှုအတွက် တောင်းပန်ပါတယ်။ ပြန်လည်ဖြေကြားပေးတဲ့သူအနေနဲ့ အစိမ်းရောင်လမ်းထဲဝင်ဖြစ်လို့ မေးခွန်းကိုမြင်ပြီး ဆင်ခြင်းသုံးသပ်ပြီးမှသာ ဖြေကြားရတဲ့အတွက် နှောင့်နှေးကြောင့်ကြာမှုရှိတယ်လို့မြင်မိပါတယ်။ အစိမ်းရောင်လမ်းဘက်မှလည်းဒီထက်ဖြေကြားပေးနိုင်ဖို့အတွက် ကြိုးစားပါမယ်ရှင့်။ ကျေးဇူးပါနော်အစ်ကို အကြံပြုပေးတဲ့အတွက်။

290 လွန်ခဲ့သော ၆ နှစ် က

ထွက်တိုး application ကို play store မှာဒေါင်းပြီး ကြိုက်ရာမေးခွန်းကို စာနဲ့ဖြစ်ဖြစ် ပုံနဲ့ဖြစ်ဖြစ် တင်ပြီးမေးလို့ရပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။