အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
475
လွန်ခဲ့သော ၆ နှစ် က · ကောလင်း

သစ်မွှေးပျိုးပင်လိုချင်ပါတယ် စျေးနှုန်းနဲ့ စိုက်ပျိုးနည်းသိပါရစေ

စိုက်ပျိုးနည်း သစ်မွှေး
5

ဖြေကြားချက် ၅ ခု

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၆ နှစ် က

09777576675 ပြင်ဦးလွင်၊ 095080250 ကိုဆက်ကြည့်ပါ။ အွန်လိုင်းမှာ ရှာတွေ့သလောက်ပါ။ သေချာတော့ မသိပါ။ မှားရောက်သွားရင်တော့ တောင်းပန်ပါတယ်။

475 လွန်ခဲ့သော ၆ နှစ် က

ဖုန်းနံပါတ်ရှိရင်ပြောပေးပါလား မျိုးစေ့ရရင်လဲလိုချင်ပါတယ်အစ်ကို

475 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကျေးဇူးတင်ပါတယ်

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၆ နှစ် က

ပျိုးပင်ကတော့ အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးအောက်က ပျိုးပင်မှာ တစ်ချက်စစ်ကြည့်ပါလားအကို။

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၆ နှစ် က

သစ်မွှေးကို မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း လယ်မြေတွင် စိုက်ပျိုး၍မရပါ။ သစ်မွှေးစိုက်ပျိုးလျှင် ၁။ ရေရရှိရမည်။ ၂။အရိပ်ရရှိရမည်။ ၃။ရေမဝပ်စေရပါ။ ထိုအချက် ၃ချက်နှင့် ညီလျှင် စိုက်ပျိုးနိုင်ပါသည်။ စတင်စိုက်ပျိုးချိန်မှ ၂နှစ်သား အထိ အရိပ်ကောင်းစွာ ရရှိရန်လိုအပ်ပါသည်။ ၂နှစ်ကျော်ပါက အရိပ်ပေးရန် မလိုတော့ပါ။ ရာဘာ သီဟိုဠ် သရက်ပင်များကြား၌ ပင်ကြား စိုက်ပျိုးနိုင်ပါသည်။ သစ်မွှေး စိုက်ပျိုးပါက ၁.၅ ၁ပေခွဲ ပတ်လည် နှင့် ၁ပေခွဲ အနက် ကျင်းတူးပြီး စိုက်ကျင်း အတွင်း N:P:K ၁၅း၁၅း၁၅ (သို့) ၁၆း၁၆း၁၆ ၁ဗူး၊ နွားချေး ၁ပြည်၊ ကြက်ချေး ဗူးတဝက်၊ မြေဆွေး ၂ပြည် ထည့်၍ စိုက်ပျိုးနိုင်သည်။ အပင် တစ်ပင်နှင့် တစ်ပင် ၄ပေ ၆ပေ ၈ပေ ၁၀ ပေ ခြား စိုက်ပျိုးနိုင်သည်။ ၄-၅ပေခြား စိုက်ပျိုးခြင်းဖြင့် အရိပ် ရေ ၁၂လ ပတ်လုံးပေးနိုင်ပါသည်။ စိုက်ပျိုးပြီး ၄ – ၅ နှစ်ကြာပါက လုံးပတ် ၁၈လက်မ ရှိလျှင် မှိုစတင်သွင်း၍ အဆီ အခဲ ရယူထုတ်လုပ်နိုင်ပါပြီ။ မှိုသွင်းခြင်း လုပ်ငန်းအား ဆောင်ရွက်သည့် ကုမ္ပဏီ အဖွဲ့အစည်းများ ပြည်တွင်း ပြည်ပ တွင် များစွာ ရှိနေသည့် အတွက် စိတ်ကြိုက် ရွေးချယ် ထုတ်လုပ်နိုင်ပါသည်။ ကိုးကား - မန္တလေး ဂေဇက်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။