Thein Soe Min
Greenovatorစိုက်ပျိုးရေးပညာရှင် · အမရပူရ
လိုရမယ်ရ ရေသွင်းလို့ရနိုင်ရင်တော့ ရေသွင်းထားတာ ကောင်းပါတယ်။ မြေကြီးအစိုဓာတ်က စပါးနို့ရည်ခဲ့တဲ့အထိ ရှိနေနိုင်မယ်ဆိုရင်တော့ သိပ်စိတ်မပူပါနဲ့။ ကျွန်တော် ရခိုင်မှာ စိုက်ခဲ့တုန်းက အဲဒီလိုအခြေနေမျိုး ကြုံခဲ့ဖူးပါတယ်။ အနှံပြူစမှာ မိုးပြတ်သွားပေမယ့် မြေကြီးအစိုဓာတ်က အလုံလောက်ရှိခဲ့တာမို့ အထွက်က ခန့်မှန်းထားတဲ့နှုန်းအတိုင်း ထွက်ခဲ့ပါတယ်ဗျ။
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
တောင်သူ့အကျိုးပြုမိတ်ဆွေပိုး Braconid Wasp ကပ်ပါးနကျယ်ကောင်းလေးတွေရဲ့ ပိုးအိတ်လေးတွေပါ။ သူတို့က ဖျက်ပိုးတွေ နှိမ်နင်းပေးပါတယ်။ မဖျက်ဆီးဘဲ ချန်ထားပေးပါ။
စပါးခင်းအရွက်တွင်ကပ်နေလို့ ဘာပိုးဥလဲခဗျာ
ပဲဝမ်းကျဆိုတာလေးကို ရှင်းပြပေးပါလား? ဘယ်လိုပုံစံမျိုးကို ပြောတာလဲဗျ?
မြေပဲ မိုးဦးကျစိုက်ရင် မြေပဲတေက ပဲ၀မ်းကျဖြစ်နေလို့ အဆေ့တေက စမ်းပဲမဟုတ်ပဲနဲ့ နီကျောင်ကျောင်တေ ၊ဆောင်းပဲကျ ပုံမှန်ပဲ ဘာပြုလို့လဲ
ရောဖျန်းလို့ရပါတယ်ဗျ။ လက်ချားကိုတော့ အမှုန့်ကြိတ်ပြီးဖြစ်ဖြစ် လှော်ပြီးဖြစ်ဖြစ် ထည့်ပေးပါ။
အင်ဇိုင်းသဘာဝအပွင့်အသိးတင်အားဆေးရည်နဲ့လက်ချား(ဘိုရွန်)ရောဖျန်းလို့အဆင်ပြေနိင်လားဗျ...ဓာတုဆေးတွေကိုလိုအပ်မှပဲသုံးခြင်လိုပါ....
ဆောင်းပါးခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်ဗျ ဆီး(ဇီး)သီး စိုက်ပျိုးနည်း
ဆီးပင် စိပွားဖြစ်စိုက်ပျိုးနည်းမျှဝေပေးကြပါဗျာ
ဒီခေါင်းစဉ်ကို နှိပ်ပြီး လေ့လာလို့ရပါတယ်။ ဆောင်းပါးကဏ္ဍမှာ ကိုယ်တိုင်လုပ် သဘာဝပိုးသတ်ဆေးတွေ စုစည်းပေးထားပါတယ်။ ကိုယ်တိုင်လုပ်ပိုးသတ်ဆေးများ
ဆရာကြီးခများ သဘာဝပိုးသတ်ဆေးကောင်းတာလမ်းညွန်ပေးပါခများ chemical ပိုးသတ်ဆေးတွေဈေးကြီးလို့ပါ
အသီးနုကာလမှာကြွေရတဲ့အကြောင်းအရင်းတွေ အများကြီးရှိနိုင်ပါတယ်။ မိုးတွင်းကာလမှာ ဗူးဖရုံတွေက ဝတ်မှုန်ကူးတာနည်းလို့ အညွှန့်ကိုပဲ အဓိကအားထားရောင်းလေ့ရှိပါတယ်။ ဒုတိယအချက်ကတော့ ပိုတက်စီယမ်နှင့် ဘိုရွန် (Boron) ဓာတ်ချို့တဲ့ပါကလည်း အသီးကြွေတတ်သည်။ နောက်တစ်ချက်ကတော့ ကြွေကျတဲ့အသီးတွေမှာ သီးထိုးယင် အပေါက်တွေ ရှိနေလား ရှာကြည့်ပါဗျ။
မဂ်လာပါ ခင်ဗျာ သခွားအသီးလေးတွေဝါပီးကြွေကုန်တယ် ရာသီ ဉတုကြောင့်လာပိုးကြောင့်လာ အစာ များနေလိူ့လာဖြေကြားပေးပါ။🙏
သီးနှံအစုံမှာ အသုံးပြုနိုင်ပါတယ်။ အပင်အနုအရင်၊ အရွက်အနုအကြမ်းအလိုက် နှုန်းထားသတိပြုပေးပါဗျ။
နွားသေးကိုစပါးပဲးကိုဖြန်လို့ရလား
ဖြစ်နိုင်တာက ၂ မျိုးရှိတယ်။ ပထမတစ်ခုက မျိုးထွန်းသွားတာမျိုးပါ။ အပင်တွေအများကြီးထဲကမှ အပင်အချို့က ဗီဇပြောင်းလဲသွားတာမျိုး။ နောက်တစ်မျိုးကတော့ သံဓာတ်သို့မဟုတ် မဂ္ဂနီဆီယမ်ဓာတ်ချို့တဲ့တဲ့အခါ အစိမ်းရောင်ခြယ်ဓာတ်ထုတ်လုပ်မှုနည်းလာပြီး အရောင်ဖျော့သွားတာမျိုးပါ။ တစ်ပင်စ နှစ်ပင်စဆိုရင်တော့ ဘာမှလုပ်စရာမလိုပါဘူး။ စောင့်ကြည့်ပေးပါ။ အပင်များရင်တော့ အနည်းလိုအဟာရဓာတ်ပါတဲ့ ရွက်ဖျန်းအားဆေး ဖျန်းပေးနိုင်ပါတယ်။
ပန်းပင်အရွက်များအခြားအပင်နဲ့မတူအရောင်ဖျော့နေတာဘာဖြစ်နေလဲမသိလို့ ဆရာတို့ လမ်းညွှန်ကြပါအုံးဗျို့
ဟုတ် အရမ်းကောင်းတဲ့ မေးခွန်းပါဗျ။ မွေးမြူရေးဆရာကို ဆောင်းပါးတစ်ပုဒ်အဖြစ် ရေးပေးဖို့ စီစဉ်လိုက်ပါမယ်ဗျ။ အကြံပြုပေးတာ ကျေးဇူးပါ။
ပူပြင်းခြောက်သွေ့သောနွေရာသီတွင် ဝက်များကိုမည်ကဲ့သို့မွေးမြူသင့်လဲ ထိန်းသိမ်းစောက်ရှောက်သင့်လဲ