အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
406
လွန်ခဲ့သော ၆ နှစ် က · လှိုင်

နှင်းဆီပန်းပင်ကအရွက်တွေမဲလာပြီ ငိုက်ကျနေတယ်။အဖူးတွေလမဲလာတယ်။ဘာဖြစ်တာလဲမသိ

စိုက်ပျိုးနည်း နှင်းဆီ
Post image
Post image
2

ဖြေကြားချက် ၂ ခု

100,154 လွန်ခဲ့သော ၆ နှစ် က

ကိုင်းဖြတ်ပြီး ထိုးထားတာ မကြာသေးဘူး ထင်တယ်နော် တကယ်လို့ ဖြတ်စိုက်ထားတာ မကြာသေးဘူးဆိုရင်တော့ အရွက်တွေက ညှိုးလာမှာပါ ဘာလို့ဆို အရွက်ကနေ ရေဓာတ်ဆုံးရှုံးမှု အရမ်းများလို့ပါ အမြစ်မထွက်သေးတာ ဒါမှမဟုတ် recover (နလံမထူနိုင်သေးတာ) မဖြစ်သေးတာ ကြောင့် မြေကြီးထဲက ရေကို စုပ်ယူနိုင်မှု သိပ်မရှိပါဘူး အဲ့အချိန်မှာ အရွက်တွေကသာ အပင်မှာရှိနေတဲ့ရေဓာတ်တွေကို သုံးပစ်သလိုဖြစ်သွားတော့ အရွက်တွေအပင်တွေ ညှိုးလာပါတယ် ဖြေရှင်းနည်းကတော့ အရွက်တွေကို တတ်နိုင်သလောက် နည်းအောင်ထားပေးပါ ကျန်ခဲ့တဲ့အရွက်တွေကို ထက်ဝက်လေးတွေ ကပ်ကြေးနဲ့ ညှပ်ပေးပါ ပြီးရင် အရိပ်အောက်ထားပေးပါ ရေပုံမှန်လောင်းပေးပါ

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၆ နှစ် က

အခုမှ ရွေ့စိုက်ထားတာလား

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။