ဖြေကြားချက် ၂ ခု
နှမ်း၁ဧကကို မျိုးစေ့ ၃ပြီမှ၄ပြီအထိကြဲပက်ကြပါတယ်။အများစုစိုက်ကြတာက ကြည်တည့်မိုး(ဖြောက်ဆိပ်ကြယ်တည့်ပြီးနောက်ပိုင်း)ရွာပြီးနောက်ပိုင်းကာလဖြစ်တဲ့ စက်တင်ဘာလ ပထမပါတ် မှ တတိယပါတ်အတွင်းစိုက်ကြပါတယ်။
မိုးနှောင်းကာလမှာဆိုရင် စက်တင်ဘာ၊အောက်တိုဘာ လတွေမှာစိုက်လို့ရပါတယ်ဗျ။ တစ်ဧက ကို (၂-၃) ပြည်နှုန်းခန့်ပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စက်တင်ဘာလတွင် နှမ်းကြဲလို့ရမလား
ဖြေကြားချက် 4 ခု
နှမ်းစိုက်လို့ကောင်းတဲ့အချိန်က ဘယ်အချိန်လဲ (ယခုလက်ရှိ မိုးတစ်ဖြတ် နွေတစ်ဖြတ် ဖြစ်နေပါတယ် )
ဖြေကြားချက် 2 ခု
august လနောက်ပိုင်းနှမ်းစိုက်ပျိုးဖို့အကောင်းဆုံးလကိုသိပါရစေ ဘယ်နှမ်းမျိုးကအသင့်တော်ဆုံးလဲခဗျသိချင်ပါတယ်
ဖြေကြားချက် 1 ခု
နှမ်းအထွက်တိုးနည်းလမ်းကောင်းများ
ဖြေကြားချက် 5 ခု
အခုချိန်က မိုးနှမ်းရိပ်သိမ်းချိန်ဆိုတော့ပြီရင် ဆောင်နှမ်းပြန်စိုက်လို့ရမလာ
ဖြေကြားချက် 2 ခု