နှမ်းအထွက်တိုးနည်းလမ်းကောင်းများ
k
နှမ်းပင်က NPK ထဲကဘယ်ဟာပိုလိုအပ်လဲဆရာ
အဓိကအချက်လေးတွေအကြံပြုပါရစေ..၁/ဒေသနဲ့ကိုက်ညီမဲ့ သက်တမ်းတိုအထွက်ကောင်းပြီး စျေးကွက်ဝင်မျိုးတွေရွေးချယ်စိုက်ပါ(ဆင်းရတနာ/သိပ္ပံနက်/စမုံနက်)။၂/ထယ်ရေးနက်နက်ထိုးပါ(နှမ်းပင်ရဲ့ရေသောက်မြစ်ဟာ ၁ပေခွဲခန့်ရှည်ပါတယ်)။၃/အစိုဓာတ်ထိန်းနိုင်သောမြေဖြစ်နေအောင်စီမံပေးပါ..နှမ်းပင်ဟာရေဝပ်တာမကြိုက်သော်လည်းမြေအစိုဓာတ်အမြဲရှိနေရင်ကြိုက်ပါတယ်..အထူးသဖြင့်အပင်ကြီးထွားစဥ်ကာလ..အဖူးဝင်ချိန်ကာလ.. ပန်းပွင်စုံချိန်ကာလနဲ့အသီးဖြစ်ချိန်တွေမှာအစိုဓာတ်အထူးလိုအပ်ပါတယ်။၄/မြေခံမှာ နွားချေးဆွေး.. မြေဆွေးနဲ့ဓာတ်မြေသြဇာထည့်ပေးရသလို ပုလဲ(ယူရီးယား)ကို အဖူးဝင်ချိန်နဲ့ပန်းပွင့်စုံချိန်မှာထပ်ထည့်ပေးမယ်ဆိုရင် အထွက်နှုန်းပိုမိုရရှိတာကိုတွေ့ ရှိရပါတယ်။အဲဒီအစားပန်းစပွင့်တာနဲ့ ပုလဲ+လက်ချားရွက်ဖျန်းအားဆေးကို ၅ရက်ကိုတစ်ကြိမ်နှုန်းနဲ့အနည်းဆုံး၃ကြိမ်ခန့်ဖျန်းပေးနိုင်ပါတယ်။ ၅/နှမ်းပင်ကအပူရှိန်နဲ့အလင်းရောင်ကောင်းစွာရရှိမှသာလျှင်ပွင့်သီးမှုကောင်းတာကြောင့် မိုးနှောင်း (ဆောင်းနှမ်း) စိုက်မယ်ဆိုရင်စိုက်ချိန်ကိုစောစောစိုက်သင့်ပါတယ် (စက်တင်ဘာလအတွင်းအပြီးစိုက်ရပါမယ်)။၆/ပိုးရောဂါကိုကြိုတင်ကာကွယ်သင့်ပါတယ်(နှမ်းဖိုရောဂါဖြစ်စေတဲ့ဖြုတ်ပိုးကိုကာကွယ်ရန် ကြိုတင်ဆေးဖျန်းပေးသင့်ပါတယ်.ဥပမာ..တမာဆေး)။၇/အရည်အသွေးကောင်းမွန်ရန်အတွက်နှမ်းရိတ်ပြီးလျှင်တစ်ညခန့်သာနှမ်းကိုပုံသင့်ပြီး နှမ်းထောင်ခြင်းကိုအမြန်ဆုံး ပြုလုပ်ရပါမည်။
နည်းလမ်း
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မြေတစ်ဧကကိုနှမ်းဘယ်လောက်နုန်းနဲ့ဘယ်လမှာကြဲတာလဲဗျ
ဖြေကြားချက် 2 ခု
မိုးများ သွားတယ်ဗျ မိူ လိုက်မှာ စိုးတယ်ဗျ ၁၀ရက်သား ကူညီပြောပေးပါအုန်းဗျ
ဖြေကြားချက် 0 ခု
စိုက်ပျိုးနည်းပညာ
ဖြေကြားချက် 1 ခု
နှမ်းစိုက်ပျိုးနည်လေးသိချင်းလို့ပါနှမ်စိုက်ပြီးအထွက်တိုနည်လေးပါ
ဖြေကြားချက် 1 ခု
နှမ်းစိုက်တာအဆင်မတော့ဘူ ဘာစိုက်ရင်ကောင်မလဲ
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။