စပါးဘက်တီးရီးယားရွက်ခြောက်လားလို့ ဘာဆေးနဲ့သင့်ပါ့
ပုံမှာကအရွက်ဖျားလေးတွေတင် ခြောက်နေတာပဲ မြင်ရလို့ ကိုယ့်ရဲ့ အခြားအပင်တွေကိုပါ တစ်ချက်စစ်ကြည့်ပါ အရွက်တွေက အရွက်ဖျားရဲ့ အပေါ်လေးတင်ပဲ ခြောက်နေလား ဒါမှမဟုတ် အရွက်အဖျားကနေ အောက်ဘက်တွေပါ လိုက်ပြီး ခြောက်နေသလား ခွဲကြည့်ပါ ဘာလို့ဆို အရွက်အဖျားလေးတင်ပဲ ခြောက်နေတာက potassium ဓာတ် ချို့တဲ့တာလည်း ဖြစ်နိုင်လို့ပါ ပြီးတော့ အရွက်စွန်းဝါနေတာတွေက လှိုင်းတွန့်တွေလည်း ရှိနေတာ မမြင်လို့ပါ သေချာ ကြည့်ကြည့်ပါ တစ်ချို့ပုံမှာမြင်နေရတာဆိုရင် တွန့်မနေဘဲ တစ်ဖြောင့်တည်းဝါနေတာတွေ့လို့ပါ အဲ့လိုသာဆို ပိုတက်ဆီယမ် ချို့တဲ့တဲ့လက္ခဏာဖြစ်သွားနိုင်ပါတယ် တကယ်လို့ ဘတ်တီးရီးယား ရွက်ခြောက်ဆိုရင်တော့ အပေါ်မှာ ညွှန်းထားတဲ့ ဆေးတွေ အသုံးပြုနိုင်ပါတယ်
မနက်ပိုင်းလောက်ကို အပင်မှာ ပယင်းရောင် ဘတ်တီးရီးယား စိမ့်ထွက်ရည်အလုံးလေးတွေထွက်နေလား စစ်ဆေးကြည့်ပါ။ ဘတ်တီးရီးယားရွက်ခြောက်ရောဂါသေချာရင်တော့ ကော့ပါးအောက်ဇီကလိုရိုက်(copper oxychloride) ၊ ကော့ပါး ဟိုက်ဒရောဆိုက် (copper hydroxide)၊ ကာဆူကာမိုင်စင် (kasugamycin) စတာတွေပါတဲ့ ဆေးတမျိုးမျိုးကို အညွှန်းအတိုင်းသုံးနိုင်ပါတယ်။
ဆက်စပ်မေးခွန်းများ
ဘက်တီးရီးယားနှံခြောက် ရောဂါအကြောင်းသိချင်ပါတယ်
ဖြေကြားချက် 3 ခု
စပါးအရွက်ခြောက်တာဘာဖြစ်တာလဲ
ဖြေကြားချက် 1 ခု
ဘာရောဂါလည်းှဗျဆေးလေးပြေားပေးပါအုံး
ဖြေကြားချက် 3 ခု
ရွက်ဖျာလေတွေခြောက်နေလိုပါ ဘာဖြစ်တာလည်ရှင်ပြပေပါ
ဖြေကြားချက် 3 ခု
ယခုမြင်တွေနေရတဲ့စပါးပင်လေးတွေမှာရွက်ခြောက်တာလေးတွေတွေနေရပါတယ်အဲဒါဘာဖြစ်တာလဲမသိဘူးပြီးတော့ဘယ်လိုဆေးမျိုးပက်...
ဖြေကြားချက် 9 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။