ယခုမှစမ်းပြီးစိုက်နေတာပါအပင်ကတော့တစ်လ သားရိှပါပြီဘာလုပ်ရမလဲဆရာ ဆရာမတို့ အလင်းပြပါဦး
ကျေးဇူးတင်ပါတယ်ခင်ဗျ
စိုက်ပြီး ၁၅ ရက်သားတွင် နွားချေးဆွေး တစ်ပြည် ရေ ၂ ဂါလံဖြင့် ပျစ်ပျစ်ရေဖျော်ပြီး ဖျော်ရည် တစ်ဆရေ ၁၀ ဆဖြင့် လောင်းပေးခြင်း(သို့) နှမ်းဖတ် တစ်ပိသာ နွားချေး ၂ ပြည် (နွားချေးမထည့်လိုပါက ယူရီးယား နို့ဆီဘူး ၁ ဘူး) ရေ ၂ ဂါလံဖြင့် (၃-၄) ရက် အပုပ်စိမ်ထားသော အပုပ်ရည် တစ်ဆ ရေ ၁၀ ဆ ဖြင့် ဖျော်လောင်းခြင်း ပြုလုပ်ပါ။ စိုက်ပြီးသည်မှ (၅) ပတ်အတွင်း (၁၅) ရက်အကြာ မြေဩဇာအရည် စတင်လောင်းသည်မှ စတင်၍ (၁-၂) ပတ်တစ်ခါ နွားချေးဆွေးအရည် (သို့) အပုပ်ရည်ကို ဖျော်လောင်းပါ။ နွားချေးဆွေးရည် (သို့) နှမ်းဖတ်ပုပ်ရည်လောင်းရန် အခက်ခဲရှိသော စိုက်ခင်းနေရာများတွင် ယူရီးယားမြေဩဇာကို မြေကြီးထဲသို့ ထည့်သွင်းခြင်းထက် အပင်သို့ရေဖျော်ဖြန်းခြင်းကို ပင်ပိုင်း ကြီးထွားသည့်ကာလ ( စိုက်ပြီးသည်မှ (၅) ပတ် အတွင်း) နှစ်ပတ် တစ်ကြိမ် ပြုလုပ်ရပါမည်။ အဖူးဝင်လာသည့်အချိန် အပွင့်အားပေး ဟော်မုန်းကို ဖြန်းနိုင်ပါသည်။ မြေဩဇာဖျော်ရည် (နွားချေး(သို့) ကြက်ချေး ဖျော်ရည် (သို့) အပုပ်ရည်) ပြုလုပ်ပြီး လောင်းရန် အဆင်ပြေသော စိုက်ခင်းများတွင် မြေဩဇာ အရည်အား စိုက်ပြီး ၁၅ရက်သားမှ အပွင့်ပွင့်သည်အထိ (၁-၂) တစ်ကြိမ် လောင်းရပါမည်။ ထို့အပြင် (P2O5) နှင့် (K2O) တို့ အချိုးအစားအရ ပိုမိုပါဝင်သော ရွက်ဖြန်းမြေဩဇာများ ဖြန်းခြင်းကို (၂) ပတ် တစ်ကြိမ်ဖြန်းပေးခြင်းကို မြေဩဇာအရည်များ ပြုလုပ်သုံးစွဲရန် အဆင်မပြေသော စိုက်ခင်းများတွင် ပြုလုပ်နိုင်ပါသည်။ အရွက်ဖြန်းဆေးကို မသုံးဘဲ မြေကြီးထဲကိုသာ ထည့်သွင်းမည်ဆိုပါက N:P:K ဓာတ်မြေဩဇာ ဝ.၅း၁း၁ ရှိသော ကွန်ပေါင်း မြေဩဇာကို ၂ ပေ ခွဲ _ ၁၈ ပေ ရှည်သော စိုက်ဘောင်တွင် တစ်ပြည်ခွဲနှုန်းဖြင့် အပင် တစ်လသားအရွယ်ပေါင်းလိုက်သော အချိန်တွင် ထည့်သွင်းပေးရပါမည်။ ကောင်းစွာဆွေးမြေ့သော နွားချေးဆွေး မြေဆွေးများအား ထည့်သွင်းပေးခြင်းကို ပြုလုပ်ပေးနိုင်ပါသည်။ ဂန္ဓမာပန်းသည် မြေဆွေးများ ပေါကြွယ်သော မြေကို ပိုမို ကြိုက်နှစ်သက်ကြပါသည်။ အစိမ်းရောင်လမ်းတွင်တင်ထားသောဆောင်းပါးမှ ဖော်ပြပါသည်။ လေ့လာကြည့်ပါရှင့် အဆင်ပြေပါစေ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဂန်ဓမာပန်းအညွန့်အဖျားလေးတွေခြောက်နေပါတယ်။အ့ဒါဘာဖစ်တာပါလဲ။
ဖြေကြားချက် 6 ခု
ဒီရောဂါအတွက်ဘာဆေးအသုံးပြုရမလဲဗျာ
ဖြေကြားချက် 4 ခု
စီးပွားဖြစ်စိုက်ခင်းဆိုသည်မှာ အဘယ်နည်း
ဖြေကြားချက် 1 ခု
ဂန္ဓမာမျိုးစိတ်ဘယ်နှစ်မျိုးလောက်ရှိပြီးဘယ်အမျိုးစားစိုက်ပျိုးရန်သင့်တော်ပါသလဲသိချင်ပါတယ်
ဖြေကြားချက် 1 ခု
စိုက်ပျိုးနည်း မြေပြုပြင်နည်း ပိုးသတ်နည်း
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။