အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,268
လွန်ခဲ့သော ၆ နှစ် က · သရက်ချောင်း

သဘာဝမြေဆွေးဘိုကာရှီပြုလုပ်နည်းလေးလင်းပါအုန်း ဆရာတို့

အပင်အာဟာရ ဒူးရင်းသီး
2

ဖြေကြားချက် ၂ ခု

523 လွန်ခဲ့သော ၆ နှစ် က

နွားချေး/ကြက်ချေး ရရာ ၂တင်း စက်ဖွဲပြာ ၁တင်း သဲ/သဲနှုန်းက ပိုကောင်း ၂ပြည် ဝါးပင်တွေရှိရင် အဲ့ဝါးပင်အောက်က မြေကြီး၁ပြည်လောက်တူးပီးထည့် ဝါဖတ်/ပဲဖတ်/နှမ်းဖတ် ၁ပိဿာထည့် ဆန်ကွဲ နို့ဆီ၁ဗူး ဖွဲနု နို့ဆီ ၂ဗူး တင်လဲရည် ၃၀သား (နို့ဆီ၁ဗူး ခန့်မှန့်းခြေ) အီးအမ်(Em)1litre သစ်ရွက်ဆွေး (မြက်ခြောက်ပါရ) ၂အိတ် ကြက်ဥခွံ အမှုန့် ၅ကျပ်သား ခရုခွံကမာခွံ အရိုးမှုန့် ၁၀သား အဲ့ဒါအားလုံးကို သမအောင်မွေ ရေကို အစိုဓာတ်၆၅%ပေး(လက်နဲ့ဆုပ်ကြည့်လို့လုံးလို့ရပီး လက်ညိုးနဲ့ပြန်ထိုးကြည့်ရင် ပြန်ကွဲနိုင်ရမယ်) ရေနည်းရင် အချိန်ကြာမယ် ရေများရင် ပျက်တတ်တယ် အဲ့အပုံကို လေလုံအောင် ပလတ်စတစ် နဲ့ သေချာအုပ် ၃ရက်ခြား၁ခါ အထက်အောက်ပြန်လှန်ပေး...ရေအစိုဓာတ်နည်းနေရင် ပြန်လောင်းပေး အဲ့လို၅ခါလုပ်ပီး ၁၈ရက်နေရင် သုံးလို့ရပီ ရလာတဲ့မြေဆွေးကို စိုက်မယ့်မြေနဲ့ ၆ဆ၁ဆ ရောသုံး အလယ်အလတ် ဘိုကာရှီတော့ ရလိမ့်မယ်

82,997 လွန်ခဲ့သော ၆ နှစ် က

" IMO ဘိုကာရှီမြေဆွေးပြုလုပ်နည်း " စာတန်းလေးနိပ်ပြီး ဝင်ရောက်လေ့လာနိုင်ပါတယ်ဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။