အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၂ ခု

100,154 လွန်ခဲ့သော ၆ နှစ် က

စပါးခင်းထဲမှာ ပိုးကဘယ်လောက်အနေအထားအထိ ကျနေပြီဆိုတာကို တစ်ချက်စစ်ကြည့်ပါ ကိုယ့်အခင်းထဲကို ကျပမ်းလျှောက်ကြည့်ပါ ကျပမ်းမလုပ်တတ်ရင် စပါးခင်း ထောင့်စွန်တစ်ဖက်ကနေ ဆန့်ကျင်ဖက်ထောင့်စွန်တစ်ဖက်ကို ထောင့်ဖြတ်လျှောက်ပါ ပြီးရင် စပါးရုံ၁၀ရုံ ကျပမ်းရွေးပါ အဲ့၁၀ရုံမှာ ကျနေတဲ့အကောင်အရေအတွက်က ၁၀ကောင်ထက် ပိုနေပြီဆိုရင်တော့ ET လို့ခေါ်တဲ့ စီးပွားရေး ထိခိုက်မှု စည်းကို ကျော်ပြီမလို့ ဆေးဖျန်းလို့ရပါပြီ ဆေးဖျန်းမယ်ဆိုရင် ကာတက်ဟိုက်ဒရိုကလိုရိုက်၊ အဆီဖိတ်၊ ဒိုင်မီသိုအိတ် တစ်ခုခုကို အညွှန်းအတိုင်း သုံးနိုင်ပါတယ် ET မကျော်သေးဘူးဆိုရင်တော့ စကာစပါးပါးနဲ့ အင်းဆက်ဖမ်းပိုက်ပုံစံလုပ်ပြီး ဝေ့ယမ်းဖမ်းပေးပါ အချိန်တော့ကုန်တယ်ဆိုပေမယ့် ဆေးမသုံးမီ အခုလိုလုပ်တာတော့ ပိုကောင်းပါတယ်

82,997 လွန်ခဲ့သော ၆ နှစ် က

စပါးနှံစုပ်ပိုးကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ ဆောင်းပါးလေးထဲ ဝင်ရောက်လေ့လာနိုင်ပါတယ်။ ဓာတုပိုးသတ်ဆေးအနေဖြင့် ဒိုင်မီသိုအိတ်၊ ကာတက်ဟိုက်ဒရိုကလိုဒ် စသည့်ဆေးများကို ညနေပိုင်းနေအေးချိန်တိုင် ပက်ဖျန်းနိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။