စပါးနှံစုပ်ပိုးကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ

06/04/2020 11:30 AM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား

 

ဖျက်ဆီးပုံလက္ခဏာများ

စပါးနှံစုပ်ပိုးတွေဟာ စပါးပန်းပွင့်စ စပါးနှံအဆင့်ကနေ နို့ရည်နုစတည်တဲ့အဆင့်အထိ ဖွံ့ဖြိုးနေတဲ့ စပါးစေ့ထဲက အစေ့တွင်းစာတွေကို စုပ်ယူတာကြောင့် အဆံမပြည့်တဲ့စပါးစေ့ ဒါမှမဟုတ် စပါးဖျင်းတွေကို ဖြစ်စေပြီး အရောင်ပျက်စေပါတယ်။ အရွယ်မရောက်တဲ့ စပါးနှံစုပ်ပိုးရော အရွယ်ရောက် စပါးနှံစုပ်ပိုးပါ စပါးစေ့များကိုစားကြပါတယ်။

များပြားတဲ့ စပါးနှံစုပ်ပိုးအရေအတွက်ဖြစ်ရတဲ့ အကြောင်းကတော့ အနီးနားက သစ်တော၊ စပါးခင်းနားက မြောက်မြားစွာသော ပေါင်းတွေ၊ ရေနုတ်မြောင်းနားက မြက်ရိုင်းပင်တွေနဲ့ စပါးစိုက်ချိန် မညီတာကြောင့်ဖြစ်ပါတယ်။ ဒီအင်းဆက်ဟာ မုန်သုန်မိုးစလာရင်လည်း တက်ကြွလာပါတယ်။ ပူနွေးတဲ့ ရာသီဥတု၊ မိုးအုံ့နေတာနဲ့ မကြာခဏ မိုးဖွဲကျတာဟာ ဒီဖျက်ပိုး ပွားများမှုကို အားပေးပါတယ်။

စပါးနံစုပ်ပိုးရဲ့ အရေအတွက်ဟာ မိုးရာသီအကုန်မှာ တိုးလာပါတယ်။ စပါးနှံစုပ်ပိုးကို စပါးစိုက် ဧရိယာအားလုံးမှာ တွေ့ရပါတယ်။ ၄င်းတို့ဟာ မိုးရေသောက်စပါးနဲ့ တောင်ယာစပါးတွေမှာ အတွေ့ရများပြီး စပါးပန်းပွင့်တဲ့အချိန်ကနေ နို့ရည်တည်တဲ့အဆင့်အထိကို ပိုနှစ်သက်ကြပါတယ်။

အရွယ်ရောက်ကောင်တွေဟာ ညနေနှောင်းပိုင်းနဲ့မှာ တက်ကြွကြပါတယ်။ တောက်ပတဲ့ နေရောင်ခြည်အောက်မှာ ၄င်းတို့ဟာ မြက်မျိုးရင်းဝင် အပင်တွေကြားမှာ ပုံးအောင်းနေကြပါတယ်။ ခြောက်သွေ့ကာလတွေမှာ ၄င်းတို့ဟာ တက်ကြွမှု နည်းကြပါတယ်။ ပိုမိုအေးတဲ့ ဒေသတွေမှာ ၄င်းတို့ဟာ မြက်တွေကြားမှာ ဖွံ့ဖြိုးမှု ပိုမိုရှည်ကြာပါတယ်။ ၄င်းတို့ဟာ စပါးပန်းပွင့်တဲ့ အဆင့်မှာ စပါးခင်းတွေထဲကို မဝင်ရောက်မီ လက်ခံပင်မျိုးရင်းတွေပေါ်မှာ မျိုးဆက် ၁− ၂ ဆက် စားသောက်ကြ ပါတယ်။ အကောင်ငယ်တွေကို အရွက်တွေနဲ့ ကိုင်းညွတ်နေတဲ့ စပါးပင်တွေပေါ်မှာ တွေ့ရပါတယ်။ အဲဒီ နေရာမှာ ၄င်းတို့ကို သတိပြုမိလေ့ မရှိကြပါဘူး။ အနှောက်အယှက်ခံရတဲ့အခါ အကောင်ငယ်တွေဟာ စပါးပင်ရဲ့အောက်ဖက်ကို ပြုတ်ကျသွားကြပြီး အရွယ်ရောက်ကောင်တွေကတော့ ခရီးတိုလေးကို ပျံသန်းသွားကြပါတယ်။

အမျိုးအစားခွဲခြားခြင်း

  • စားသောက်ဖျက်ဆီးမှုလက္ခဏာအတွက် အောက်ပါတို့ကို စစ်ဆေးပါ။
  • သေးငယ်တဲ့ ဒါမှမဟုတ် တွန့်ရှုံ့နေတဲ့ စပါးစေ့များ
  • ပုံပျက်နေတဲ့ ဒါမှမဟုတ် စက်ပြောက်ပါတဲ့ စပါးစေ့များ
  • အဆန်မပါတဲ့စပါးစေ့များ
  • ထောင်မတ်နေတဲ့ စပါးနှံများ
  • ၄င်းရဲ့ ဖျက်ဆီးမှုလက္ခဏာတွေက အာဟာရဓါတ်ချို့တဲ့မှုလက္ခဏာ ဒါမှမဟုတ် စပါးပန်း သရစ်ပိုး ဖျက်ဆီးမှုလက္ခဏာနဲ့ ရောထွေးနိုင်ပါတယ်။ ဒီဖျက်ပိုး ဖျက်ဆီးမှုကို အတည်ပြုဖို့ အောက်ပါတို့ကို စစ်ဆေးပါ။
  • စပါးရွယ်လယ်ရိုးတစ်လျှောက် ဘဲဥပုံ၊ အရောင်တောက်တောက် နီညိုရောင်ဥများ ရှိခြင်း
  • စပါးစေ့များရဲ့ အစေ့တွင်းစာကို စားနေတဲ့ သေးသွယ်ပြီး ညိုစိမ်းရောင်ရှိတဲ့ အကောင်ငယ်များနဲ့ အရွယ်ရောက်ကောင်များ ရှိခြင်း
  • မနှစ်မြို့ဖွယ်ကောင်းတဲ့ အနံ့ရှိခြင်း

စီးပွားရေးအရအရေးပါပုံ

စပါးနို့ရည်တည်တဲ့အဆင့်မှာ အကောင်ကြီးကော အကောင်ငယ်ပါ စပါးစေ့တွေကို စားကြ ပါတယ်။ ၄င်းတို့ဟာ စပါးရဲ့ ဆိုးဝါးတဲ့ဖျက်ပိုးဖြစ်နိုင်ပြီး တစ်ခါတစ်ရံမှာ အထွက်နှုန်း ၃၀% အထိ ဆုံးရှုံးနိုင်ပါတယ်။

ကာကွယ်နှိမ်နင်းနည်း

  • သီးနှံပလပ်ကာလအတောအတွင်း စပါးနှံစုပ်ပိုး မျိုးပွားမှုကို ကာကွယ်ဖို့ စပါးခင်းထဲနဲ့ ပတ်လည် ဧရိယာက ပေါင်းပင်များကို ဖယ်ရှားပါ။
  • မြေသြဇာနဲ့ ရေကို ညီမျှစွာကျွေးပါ။ စပါးစိုက်ချိန်ညီခြင်းဟာလည်း ဒီဖျက်ပိုးပြဿနာကို လျော့နည်းစေပါတယ်။
  • မနက်ခင်းအစောပိုင်း ဒါမှမဟုတ် ညနေနှောင်းပိုင်းမှာ စပါးနှံစုပ်ပိုးကို ပိုက်ကွန်နဲ့ ဖမ်းတာဟာ လုပ်အားကုန်ပေမဲ့ စပါးနှံစုပ်ပိုးအရေအတွက်နည်းနေတဲ့အချိန်မှာ ထိရောက်နိုင်ပါတယ်။
  • ဇီဝထိန်းချုပ်ပိုးမွှားတွေဖြစ်ကြတဲ့ နဂျီအချို့၊ နှံကောင်တွေနဲ့ ပင့်ကူတွေဟာ စပါးနှံစုပ်ပိုးရဲ့ အရွယ်ရောက်ကောင်တွေနဲ့ဥတွေကို စားကြပါတယ်။ ပိုးသတ်ဆေးကို မဆင်မခြင်သုံးစွဲရင် ဒီဖျက်ပိုး အများကြီး ဖြစ်လာတတ်ပါတယ်။

ဓါတုပိုးသတ်ဆေးအသုံးပြုခြင်း

ပိုးသတ်ဆေးကို အသုံးမပြုမီ အကြံဉာဏ်၊ လမ်းညွှန်ချက်နဲ့ သတိပေးချက်တွေ ရဖို့ သီးနှံကာကွယ်ရေး ကျွမ်းကျင်သူနဲ့ ဆက်သွယ်ပါ။

ပန်းစပွင့်တဲ့အချိန်မှာ စပါးခင်းမှာ ကင်းထောက်စစ်ဆေးမှုစတင်ကြီး နို့ရည်ခဲတဲ့အဆင့်အထိ ဆက်လက်လုပ်ဆောင်ပါ။ ရွှေ့ပြောင်းစပါးခင်းကို ကန့်လန့်ဖြတ် လမ်းလျှောက်ပြီး စပါးမြုံ (၂၀) မှ စပါးနှံစုပ်ပိုးကို မနက်ခင်းအစောပိုင်း ဒါမှမဟုတ် ညနေခင်း နှောင်းပိုင်းမှာ ရေတွက်ပါ။ အရွယ်ရောက်ကောင်တွေဟာ စပါးပင်ကို သင်မရောက်မီ ပျံသန်းသွားလေ့ရှိတာကြောင့် အရွယ်မရောက်သေးတဲ့ အကောင်တွေကိုပဲ ရေတွက်နိုင်မှာဖြစ်ပါတယ်။ စပါးပင်မြုံ (၁၀) မြုံမှာ စပါးနှံစုပ်ပိုး (၁၀) ကောင်ထက် ကျော်မှသာ တိုက်ရိုက်ကာကွယ်နှိမ်နင်းမှုလုပ်ပါ။

 ပိုးသတ်ဆေးရွေးချယ်မှုဟာ ရနိုင်တဲ့ဆေးဖျန်းကိရိယာအသုံးပြုတာ၊ ပိုးသတ်ဆေး ကုန်ကျ စရိတ်၊ ပိုးသတ်ဆေးပက်ဖျန်းသူရဲ့ အတွေ့အကြုံ ဒါမှမဟုတ် စပါးခင်းထဲမှာ ငါးရှိမရှိ စတဲ့ များစွာသော အချက်များအပေါ်မူတည်ပါတယ်။ ပိုးသတ်ဆေးအသုံးပြုခြင်းကို လူ့ကျန်းမားရေးနဲ့ ပတ်ဝန်းကျင်အန္တရာယ်အပေါ် ချိန်ဆကာ သုံးစွဲပါ။

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်

( ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေရှင့် ) 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်