ဖြေကြားချက် ၁ ခု
-နိုက်ထရိုဂျင် (N) ဓါတ်သည် ပမာဏအများဆုံး လိုအပ်သည့် အာဟာရပါ။ စပါးအထွက် တိုးစေရန် ပျိုးပင်ရွှေ့ပြောင်းစိုက်ပြီး ၁၄ ရက်တွင် တစ်ဧကလျှင် ယူရီးယားဓာတ်မြေသြဇာကို ပထမ အကြိမ် ၅၆ ပေါင် ၊ ပျိုးပင်ရွှေ့ပြောင်းစိုက်ပြီး ၂၃ မှ ၂၇ ရက် အတွင်းတွင် ဒုတိယအကြိမ် ၅၆ ပေါင် နှင့် ပျိုးပင်ရွှေ့ပြောင်းစိုက်ပြီး ၃၃ မှ ၃၇ ရက် အတွင်းတွင် တတိယအကြိမ် ၅၆ ပေါင် အသီးသီး ထည့်ပေးရန်လိုပါတယ်။ -ဖော့စဖိတ် (P) လိုအပ်ချက်မှာ အထွက်နှုန်းနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိပါတယ်။ တစ်ဧကလျှင် ထရစ်ပယ်စူပါဖေါ့စဖိတ် ဓါတ်မြေသြဇာ ၁၁၂ ပေါင် ကို မြေခံအဖြစ် ထည့်ပေးသင့်ပါတယ်။ -ပိုတက်စီယမ် (K) လိုအပ်ချက်မှာလည်း အထွက်နှုန်းနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိ။ တစ်ဧက လျှင် ပိုတက်ဓာတ်မြေသြဇာ ၂၈ ပေါင်ကို မြေခံအဖြစ်ထည့်ပြီး၊ ပျိုးပင်ရွှေ့ပြောင်းစိုက်ပြီး ၂၃ မှ ၂၇ ရက်အတွင်းတွင် ဒုတိယအကြိမ် ၂၈ ပေါင်နှင့် ပျိုးပင်ရွှေ့ပြောင်းစိုက်ပြီး ၃၃ မှ ၃၇ ရက်အတွင်းတွင် တတိယအကြိမ် ၂၈ပေါင် အသီးသီးကို ယူရီးယားဓာတ်မြေသြဇာနှင့်အတူ ထည့်ပေးသင့်ပါ။ ကွန်ပေါင်းဓာတ်မြေသြဇာကို သုံးမယ်ဆိုလျှင် အမျိုးအစားအလိုက် နိုက်ထရိုက်၊ ဖော့စ်ဖောရပ်၊ ပိုတက်စီယမ် ပါဝင်မှု အချိုးအစားကိုမူတည်ပြီး လိုအပ်ချက်နှင့်ကိုက်ညီအောင် သုံးစွဲရန်ပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ့။
ဆက်စပ်မေးခွန်းများ
တီစူပါ၊ပိုတက် ကို ထယ်ထိုးထွန်မွှေချိန်မြေခံထည့်ရင် တိုက်ရိုက်မျိုးစေ့ချကြဲပက်ပီးရေလွှတ်ချိန်ကျရေနဲ့အတူပါသွား...
ဖြေကြားချက် 2 ခု
NPK အကြောင်းသိချင်လို့ပါ
ဖြေကြားချက် 1 ခု
စပါး အစာကြွေးနည်း ကိုပြောပေးပါလား ဆရာတို့ ဘယ်လိုကြွေး ရမှာလဲ
ဖြေကြားချက် 1 ခု
မနောသုခ ကြဲခင်းကို ဘယ်ရက်သားတွေမှာ မြေဆီ ကျွေးသင့် ပါလဲ
ဖြေကြားချက် 2 ခု
ရာကျော် စပါးမျိုးအတွက်မြေဆီခွဲကျွေးရမဲ့ အချိန်လေးနဲ့ ဘယ်လိုခွဲကျွေးရမလဲတစ်ချက်လောက်အလင်းပြပါဦးလင်ဗျာ
ဖြေကြားချက် 3 ခု