ဖြေကြားချက် ၁ ခု
(၁)နိုက်တြိုဂျင် နိုက်တြိုဂျင်သည် အပင်ကြီးထွားမှုအတွက် အဓိကလိုအပ်သော ဒြပ်စင်တစ်ခု ဖြစ်ပါ သည်။ စပါးပင်များသည် ယင်းတို့၏ လိုအပ်သော နိုက်တြိုဂျင်အများစုကို ဇီဝပစ္စည်း များနှင့် မြေဆီလွှာမှ ရယူနိုင်ပါသည်။ သို့ရာတွင် သဘာဝအရင်းအမြစ်မှ ဖြစ်ပေါ်ရရှိ သည့် နိုက်တြိုဂျင် အထောက်အပံ့သည် တစ်ခါတစ်ရံတွင် စပါးအထွက်နှုန်း မြင့်မားမှု အတွက် လုံလောက်ပါသည်။ မြေဩဇာများမှ ရသည့် ဖြည့်စွက်ပေးသော နိုက်တြိုဂျင် သည် ရေတော် မိုးတော် မိုးစပါးစိုက်ခင်းများနှင့် ရေသွင်းစိုက်ခင်းများမှ အကျိုးအမြတ်နှင့် မြင့်မားသော အထွက်နှုန်း တို့အတွက် မဖြစ်မနေ အဓိကကျပါသည်။ ဥပမာ-စပါးပင်၏ နိုက်တြိုဂျင် လိုအပ်မှုသည် ကြီးထွားမှုအဆင့်နှင့် ဆက်စပ်နေပါသည်။ စပါးပင်သည် ပြည့်ဝသော စပါးနှံ အရေအတွက် ရရှိရန်နှင့် ပင်ပွားဖြစ်ပေါ်သည့် အစောပိုင်းနှင့် အလယ်ပိုင်း အဆင့်များတွင် နိုက်တြိုဂျင်ဓာတ်ကို လိုအပ်ပါသည်။ အနှံဖြစ်စအချိန်တွင် စုပ်ယူရရှိသော နိုက်တြိုဂျင်သည် စပါးနှံရှိ ပန်းပွင့်၊ ပန်းခိုင် အရေအတွက်ကို တိုးပွားစေပါသည်။ ရင့်မှည့်ချိန်တွင် စုပ်ယူရရှိသော နိုက်တြိုဂျင် သည် နေရောင်ခြည်ရရှိမှု လုံလောက်ပါက အစေ့အဆန် တည်မှုကို တိုးပွားစေပါသည်။ (၂)ဖော့စဖောရပ် ဖာ့စဖရပ်နှင့် ပိုတက်စီယမ် စီမံခန့်ခွဲမှု ဖော့စဖရပ်နှင့် ပိုတက်စီယမ်သည် အပင်ကြီးထွားမှုအတွက် အဓိကလိုအပ်သော ဒြပ်စင်များ ဖြစ်ကြပါသည်။ ဖော့စဖရပ်သည် အဓိကအားဖြင့် အပင်ကြီးထွားမှု အစောပိုင်း ကာလတွင် အရေးကြီးပါသည်။ ယင်းသည် အမြစ်ဖွဲ့စည်းပွားများမှု၊ ပင်ပွားထွက်မှုများနှင့် ပန်းစောပွင့်မှုတို့ကို တိုးပွားစေပါသည်။ (၃) ပိုတက်စီယမ် ပိုတက်စီယမ်သည် အပင်ဆဲလ်များကို သန်စွမ်းစေသည်။ အပင်ကြီးထွားမှုနှင့် အပင်ရိပ်ဝန်းဖြင့် အစာ ချက်လုပ်ခြင်း ကြီးထွားမှုတို့တွင် ပါဝင်ဆောင်ရွက်ပေးပါသည်။ ပင်ပွားထွက်ခြင်းပေါ် တွင် အကျိုးသက်ရောက်မှု မရှိပါ။ သို့ရာတွင် အစေ့အဆန် ဖြစ်တည်မှု ရာနှုန်းနှင့် တစ်နှံပါ ပန်းပွင့်အရေအတွက်တို့ကို တိုးပွားစေနိုင်ပါသည်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ့ Farmers Care
ဆက်စပ်မေးခွန်းများ
တီစူပါ၊ပိုတက် ကို ထယ်ထိုးထွန်မွှေချိန်မြေခံထည့်ရင် တိုက်ရိုက်မျိုးစေ့ချကြဲပက်ပီးရေလွှတ်ချိန်ကျရေနဲ့အတူပါသွား...
ဖြေကြားချက် 2 ခု
စပါးကိုမြေကိုမြေသြဇာကျွေးနည်း
ဖြေကြားချက် 1 ခု
စပါး အစာကြွေးနည်း ကိုပြောပေးပါလား ဆရာတို့ ဘယ်လိုကြွေး ရမှာလဲ
ဖြေကြားချက် 1 ခု
မနောသုခ ကြဲခင်းကို ဘယ်ရက်သားတွေမှာ မြေဆီ ကျွေးသင့် ပါလဲ
ဖြေကြားချက် 2 ခု
ရာကျော် စပါးမျိုးအတွက်မြေဆီခွဲကျွေးရမဲ့ အချိန်လေးနဲ့ ဘယ်လိုခွဲကျွေးရမလဲတစ်ချက်လောက်အလင်းပြပါဦးလင်ဗျာ
ဖြေကြားချက် 3 ခု