အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
232
လွန်ခဲ့သော ၆ နှစ် က · ပင်လောင်း

သဘာဝမိုသတ်ဆေးဖော်စပ်နည်းတင်ပေးပါ

စိုက်ပျိုးနည်း ခရမ်းချဉ်
2

ဖြေကြားချက် ၂ ခု

232 လွန်ခဲ့သော ၆ နှစ် က

အခြားနည်းလမ်းရှိရင်ထပ်ပြောပြပါ

47,132 လွန်ခဲ့သော ၆ နှစ် က

ကြက်သွွန်ဖြူ သဘာဝမှိုသတ်ဆေး သဘာဝပိုးသတ်ဆေးများတွင်် တမာပိုးသတ်ဆေးမှာ အကောင်းဆုံး ဖြစ်သကဲ့သို့ သဘာဝမှိုိသတ်ဆေးများတွင် ကြက်သွန်ဖြူ မှာ အကောင်းဆုံး ဖြစ်သည်။ ဤမှိုသတ်ဆေးကို အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဌာနမှ သုတေသနပြုတွေ့ရှိချက် ဖြစ်သည်။ သီးနှံအမျိုးမျိုးတိို့ ရောဂါအမျိုးမျိုးကျရောက်သောအခါ အသုံးပြုသောမှိုသတ်ဆေးများမှာ ဓာတုမှိုသတ်ဆေးများသာဖြစ်သည်။ ဓာတုမှိုသတ်ဆေးများ၏ အာနိသင်ပြကောင်းမွန်ရန်မှာ ၁. မှိုိသတ်ဆေး၏ အရည်အသွေး ၂. မှိုသတ်ဆေး၏ သက်တမ်းနှင့်် ၃. အနာနှင့်ဆေး မှန်ကန်ရန် လိုအပ်ပေသည်။ အကြောင်းအမျိုးမျိုးကြောင့် မှိုိသတ်ဆေးများ အရည်အသွေး မမှန်ကန်ခြင််း (၂) နှစ်ထက် လွန်သော မှိုသတ်ဆေးများကိို အသုံးပြုနေရခြင်းက ရောဂါကုသရာတွင် ထိရောက်မှုမရှိတော့ပေ။ သဘာဝမှိုိသတ်ဆေးများက ထိရောက်မှုရှိခြင်း စျေးသက်သာခြင်း ဝန်းကျင် အဆိပ်အတောက်မဖြစ်ခြင်းတို့က အထူးကောင်းမွန်သော လက္ခဏာ များဖြစ်သည်။ ပြုလုပ်နည််း ကြက်သွန်ဖြူ ၃၀ ကျပ်းသားကို အခွံနွာပြီးထောင်းပါ။ ထို့နောက် ပုလင်းတစ်လုံးတွင်ထည့်ပြီး အရက်ပျံ(သို့) မီးတောက်အရက် ၅၀၀ စီစီဖြင့် ၅ ရက်စိမ်ပါ။ ထိုသို့ထားစဉ် ပုလင်းကို လေလုံအောင်ပိတ်ထားပါ။ ၅ ရက်လွန်သောအခါ ရေတစ်လီတာ ထပ်ထည့်ပြီး သိမ်းထားပါ။ ၁၀ ရက် ပြည့်လျှင် အသုံးပြ၍ ရ ပါ ြ ပီ။ အသုံးပြုနည်း ကြက်သွန်ဖြူ ဆေးရေတစ်ဆ ကိုရေ ၁၀ ဆ ရောစပ်ပြီး မှိုသတ်ဆေးအဖြစ် သီးနှံပင်များသို့ ပက်ဖျန်းပါ။ လိုအပ်လျှင် ၇ ရက် (သို့) ၁၀ ရက် တစ်ကြိိမ် ပက်ဖျ န်းပါ။ ဤမှိုိသတ်ဆေးမှာ ရောဂါကာကွယ်ရာတွင်သာမက ကုစားရာတွင်ပါ ထိရောက်မှု ရှိပါသည်။#credit

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။