အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
298
လွန်ခဲ့သော ၆ နှစ် က · ညောင်ဦး

ခရမ်းချင်အသီးအပွင်နဲ့နေလို့ဘာလုပ်ရမလဲ

စိုက်ပျိုးစီးပွား ခရမ်းချဉ်
Post image
1

ဖြေကြားချက် ၁ ခု

5,176 လွန်ခဲ့သော ၆ နှစ် က

ခရမ်းချဥ်အသီးအပွင့် များ​စေရန်အတွက် ပန်းပွင့်ခါနီးအချိန်တွင် ၁၅ ပါတ်လည်(or)​နောက်အချိုးများသည့် ​မြေဆီကို ဂျစ်ပဆမ်​ကျောက်မှုန့်နှင့်​ရော​ကျွေး၍ ​ရေသွင်း​ပေးပါ။ပန်းပွင့်စုံချိန်နှင့် သီးကင်းဝင်ချိန်များတွင် (NPK)ရွက်ဖျန်းအား​ဆေးနှင့် ကယ်လဆီယမ်၊မဂ္ဂနီဆီယမ်၊ဘိုရွန်ပါဝင်​သော ရွက်ဖျန်းအား​ဆေးကို ​ရောဖျန်း​ပေးပါ။ဥပမာ-​ကောမက်အား​ကောင်း+ကယ်ဘိုမဂ်စူပါ။ ပန်းပွင်ချိန်တွင် စုပ်စားပိုး(အထူးသဖြင့် ​လှေးပိုး)များ ဖျက်ဆီးသဖြင့် အပွင့်ညိုးခြင်း၊အပွင့်​ကြွေခြင်း၊အသီးကင်းနဲ​စေနိုင်ပါတယ်။ထိုအတွက်​ကြောင့် ပန်းပွင့်ခါနီးအချိန်တွင် ဖီပရို​နေးလ်(ဥပမာ-​တော်ပီဒို)​ဆေးဖြင့် တစ်ကြိမ်ကာကွယ်ဖျန်း​ပေးပါ။ ခရမ်းချဥ်ပန်းပွင်ချိန်ဟာ ​ရေအများဆုံးလိုအပ်ချိန်ဖြစ်တာ​ကြောင့် ​ရေမငပ်​စေရန်ဂရုစိုက်ပြီး ​ရေကို ​ထောက်ပံ့​ပေးပါ။သို့​သော် ​ရေမဝပ်​စေပါနဲ့။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။