အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
548
လွန်ခဲ့သော ၅ နှစ် က · မြိုင်

မြေပဲ ရက် ၆၀ သားရှိပါပြီ မှိုရောဂါ နဲ့ ရွက်လိပ်ရွက်ကပ် ပိုးများကျရောက်နေသည်ဟု ယူဆရပါတယ်ဗျ။ ဆေးဖြန်းကာကွယ်လို့...

မြေပဲ ရက် ၆၀ သားရှိပါပြီ မှိုရောဂါ နဲ့ ရွက်လိပ်ရွက်ကပ် ပိုးများကျရောက်နေသည်ဟု ယူဆရပါတယ်ဗျ။ ဆေးဖြန်းကာကွယ်လို့ ရနိုင်ပါသေးလား အကြံပြုဖြေကြားပေးကြပါဦးဆရာ တို့ ခင်ဗျ။ ဖြန်းလို့ရဦးမယ်ဆိုပါကမည်သည့်ဆေးအမျိုးအစားမျိုးကို သုံးစွဲသင့်ပါသလဲ ခင်ဗျာ။

Post image
3

ဖြေကြားချက် ၃ ခု

270,769 လွန်ခဲ့သော ၅ နှစ် က

ဆေးသုံးလို့တော့ရပါတယ်။ ပိုးရောကျနေလို့လားရှင့်။ အခုပြထားတဲ့အခြေအနေအရဆိုရင် ပိုးကဆိုးဆိုးရွားရွားဖျက်ဆီးတာတော့မတွေ့ရသေးဘူးဆိုတော့ မှိုသတ်ဆေးအရင်သုံးပါ။ ရွက်ပြောက်စောရောဂါဖြစ်နေတယ်လို့ယူဆရပါတယ်။ ကာဗန်ဒါဇင်ဆေး၊ ကလိုသာလိုနေးဆေးကို အညွှန်းပါအတိုင်းအသုံးပြုနိုင်ပါတယ်။ ဆေးကို ၁၀ရက်ခြားတစ်ကြိမ် မရိတ်သိမ်းမီ ၁၄ ရက်အလိုထိဖျန်းပေးနိုင်ပါတယ်။ အရမ်းဆိုးဆိုးရွားရွားဖြစ်နေတဲ့အပင်တွေကို နှုတ်ပြီးဖယ်ရှားပစ်ပါ။ ပေါင်းမြက်တွေရှိနေတာကလည်း ရောဂါကိုပိုပျံ့နှံ့စေနိုင်ပါတယ်။ ရွက်ကပ်ပိုးတွေ့နေရတဲ့အနေအထားမှာလည်း အရမ်းမများသေးရင် လက်နဲ့ဖယ်ရှားဖျက်ဆီးတာမျိုးလုပ်ပေးပါ။ များလို့ပိုးသတ်ဆေးသုံးချင်ရင်တော့ မှိုသတ်ဆေးဖျန်းပြီး 5 ရက်နေရင် ပိုးသတ်ဆေးသုံးပါ။ ပိုးအတွက် ဒိုင်မီသိုအိတ်၊ မိုနိုကလိုတိုဖော့ တို့ကိုသုံးလို့ရပါတယ်။ တမာပိုးသတ်ဆေးသုံးလည်းရပါတယ် သဘာဝဆေးဖြစ်ပြီး ပိုးမများသေးဘူးဆိုရင် တမာဆေးကိုသုံးစေချင်ပါတယ်။ ပိုးအတွက်ရော ရောဂါအတွက်ရောကြိုတင်ကာကွယ်သင့်တာတော့ အပင်ရိတ်သိမ်းပြီး ပင်ကျွင်းပင်ကျန်တွေကို သေချာစွန့်ပစ်ပါ။ ပဲမျိုးရင်းဝင်မဟုတ်သော သီးနှံဖြင့် သီးလှည့်တစ်နှစ်လောက်စိုက်သင့်ပါတယ်။ ပေါင်းမြက်တို့ကိုရှင်းပေးပါ။

116 လွန်ခဲ့သော ၅ နှစ် က

နုမ်း

10,510 လွန်ခဲ့သော ၅ နှစ် က

အက်ဆီဖိတ်၊အလမ်း၊ဆေးညွှန်တိုင်းဖျန်း

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။