ဖြေကြားချက် ၁ ခု
တီစူပါ ဓာတ်မြေသြဇာ တီစူပါမြေသြဇာသည် အမြစ်ကြီးထွားသန်စွမ်းမှုကို အားပေးပြီး အစေ့အဆန်များကို အောင်စေပါတယ်။ တီစူပါမြေသြဇာမှာ လေလွင့်ဆုံးရှုံးမှုမရှိသောကြောင့် နွားချေး၊ မြေဆွေးတို့နှင့် ရောစပ်ရန် မလိုအပ်ပါ။ တီစူပါ မြေသြဇာကျွေးရန် အသင့်တော်ဆုံး အချိန်မှာ နောက်ဆုံးသမန်းပြင်ချိန်၌ ၁ ဧကလျှင် အိတ်ဝက်နှုန်းဖြင့် ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ တီစူပါ မြေသြဇာကို နောက်ဆုံးသမန်းပြင်ချိန်နှင့် အပင်ငယ်စဥ်တွင်သာ ထည့်သွင်းသင့်ပါတယ်။ အပင်သက်တမ်းရင့်ပါက တီစူပါ မြေသြဇာအား အပင်မှ ရယူစားသုံးနိုင်ခြင်း မရှိဘဲ မြေကြီးထဲတွင်သာ ထိန်းချုပ်ခံရခြင်း ကြောင့်ဖြစ်ပါတယ်။ ပိုတက် ဓာတ်မြေသြဇာ ပိုတက် မြေသြဇာသည် အပင်အား ကြံ့ခိုင်မာကြောမှု ရှိစေပြီး ပိုးမွှားရောဂါဒဏ်ကိုလည်း ခံနိုင်ရည်ရှိစေပါတယ်။ ပင်ပွားများစေပြီး အနှံနှင့် အစေ့အဆန်များ ပျက်စီးမှုမှလည်း ကာကွယ်နိုင်ပါတယ်။ ပိုတက်မြေသြဇာကျွေးရန် အသင့်တော်ဆုံး အချိန်မှာ ၁ ဧကလျှင် အိတ်ကြီး ၁ အိတ်၏ ၄ ပုံ ၁ ပုံအား နောက်ဆုံးသမန်းပြင်ချိန်တွင် တစ်ကြိမ်၊ အနှံလောင်း စတင်ဖြစ်ပေါ်ချိန်တွင် တစ်ကြိမ် စသည်ဖြင့် ၂ ကြိမ် ကျွေးရမည် ဖြစ်ပါတယ်။ အပြည့်အစုံကို ပေးထားတဲ့ဆောင်းပါးထဲမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် စပါးတွင် မြေသြဇာ စနစ်တကျကျွေးခြင်း
ဆက်စပ်မေးခွန်းများ
စပါးတစ်လသားလောက်ရှိပြီး ဘာမြေသြဇာကျွေးရမလဲဗျာ
ဖြေကြားချက် 3 ခု
မြေဆီပက်တာတစ်ကြိမ်၁၀ရက်ရှိပါသေးတယ်ဧရာမင်းကြဲစားခင်းပါဘာလိုအပ်လဲလမ်းညွှန်ပေးပါအုံး။
ဖြေကြားချက် 2 ခု
စပါးမှို့ကပ်ချိန်ဘာဆေးကျွေးရင်အဆင်ပြေမလဲခင်ဗျာရှင်းပြပေးပါအုံးခင်ဗျာ
ဖြေကြားချက် 3 ခု
ဧရာမင်းကြဲစားခင်းပါမြေဆီပက်တာရက်၂၀ရှိပါbဗျဘာလိုအပ်လဲလမ်းညွှန်ပါအုံး။
ဖြေကြားချက် 4 ခု
ကဲစပါးပြီးစပါးဆင်းသုခစပါးရိတ်ပြီး၍ နောက်တစ်ကြိမ်ပခန်းစပါးကြဲပက်ပြီးပါ ပြီး ဘယ်နှစ်ရက်သားမှာဘာအစာကြွေး ဘာပိုး...
ဖြေကြားချက် 4 ခု