စပါးတွင် မြေသြဇာ စနစ်တကျကျွေးခြင်း
သဘာဝ မြေသြဇာ
စပါးစိုက်ပျိုးရန် မြေပြုပြင်ချိန်တွင် သဘာဝမြေသြဇာများကို တတ်နိုင်သလောက် ထည့်ပေးသင့်ပါတယ်။ စိုက်ခင်းထဲတွင်ရှိသော ရိုးပြတ်၊ ပေါင်းမြက်များကိုလည်း မြေသားနှင့် သမအောင်မွှေပြီး သမန်းပုပ် သမန်းအေးလာသည်အထိ ထားရပါမယ်။ မြေပြုပြင်ချိန်တွင် သဘာဝမြေသြဇာများမှ ထွက်ရှိလာသော အာဟာရဓာတ်များ ဆုံးရှုံးမှု မဖြစ်စေရန် စိုက်ခင်းကို ရေမပြတ်သွင်းထားရမှာ ဖြစ်ပါတယ်။ သမန်းပုပ်၊ သမန်းအေး၊ သမန်းညက်ပါက စပါးပင်ဟာ ၎င်းအတွက် အဓိကလိုအပ်သော အာဟာရဓာတ်များသာမက အနည်းလို အာဟာရဓာတ်များကိုပါ သက်တမ်းတစ်လျှောက် ရယူစားသုံးနိုင်မှာ ဖြစ်ပါတယ်။
စပါးနီတို ဖြစ်လေ့ရှိသော စိုက်ခင်းများတွင် စက်ဖွဲပြာ တစ်မျိုးတည်းကိုသာ ၁ ဧကလျှင် (၄ - ၆) အိတ်အထိ ထည့်ပေးရမှာ ဖြစ်ပါတယ်။
အဓိကလိုအပ်သော အာဟာရဓာတ်များ
ပုလဲ ဓာတ်မြေသြဇာ (ယူရီးယား)
စပါးတွင် နိုက်ထရိုဂျင်ဓာတ် ချို့တဲ့ပါက ပင်ပွားထွက်ရှိမှုနည်းပြီး အပင်ကြီးထွားသန်စွမ်းမှုကို ထိခိုက်စေနိုင်ပါတယ်။ ထို့ကြောင့် နိုက်ထရိုဂျင်ဓာတ်ရရှိရန်အတွက် ပုလဲ(ယူရီးယား) မြေသြဇာကို အသုံးပြုနိုင်ပါတယ်။ စပါးခင်းတွင် ပုလဲမြေသြဇာကို အသုံးပြုပါက အမိုနီယမ် အိုင်းယွန်းပုံစံနှင့် နိုက်ထရိတ်အိုင်းယွန်းပုံ အဖြစ် စပါးပင်မှ စားသုံးပါတယ်။ ပုလဲမြေသြဇာကျွေးတဲ့အခါ စနစ်တကျမရှိပါက အပင်မှ ရရှိတာနည်းပြီး လေလွင့်ဆုံးရှုံးမှုက ပိုများတာမို့ အထူးဂရုပြုသင့်ပါတယ်။ ပုလဲမြေသြဇာ မကျွေးခင်မှာ ပုလဲမြေသြဇာ ၁ ဆ၊ နွားချေး၊မြေဆွေး ၃ ဆ အတူရောနှပ်ကာ လုံအောင်ဖုံးပြီး တစ်ညနှပ်ထားပေးပါ။ နောက်တစ်နေ့ မနက် (သို့မဟုတ်) ညနေ မှာကြဲပက်ပေးပါ။ ဒါဆိုရင် လေလွင့်ဆုံးရှုံးမှုနည်းပြီး အပင်အတွက် အာဟာရဓာတ်များ ပိုရရှိစေပါတယ်။
တိုက်ရိုက်မျိုးစေ့ချ အခင်းတွေမှာ အရွက် ၅ ရွက်ထွက်ချိန်၊ ပျိုးထောင်စိုက်ပျိုးသော အခင်းတွေမှာ ကောက်ပင်လှန်ချိန်မှာ ကျွေးပါက ပင်ပွားစောစောထွက်၍ ကြီးထွားသန်စွမ်းခြင်း၊ ပင်ပွားနိုင်မှု စွမ်းရည်ကောင်းခြင်း၊ လုံလောက်သော အနှံအရေအတွက် ရရှိခြင်း စသည်ဖြင့် ကောင်းကျိုးများရှိပါတယ်။ အလံရွက်စတင်ထွက်ချိန်တွင် ကျွေးပါက အနှံအစေ့မှာ ပုံမှန်အတိုင်းကြီးထွားမှုရှိပြီး လုံးပိန် လုံးညှပ် လျော့နည်းမည် ဖြစ်ပါတယ်။ အနှံမထွက်မီ ၅ ရက်အလိုတွင် ကျွေးပါက ကစီဓာတ် အလုံအလောက်ရရှိသောကြောင့် အစေ့အဆန်များ ပြည့်ဖြိုးမှာ ဖြစ်ပါတယ်။ ကျွေးရမယ့်နှုန်းထားမှာ ၁ ဧကလျှင် ပုလဲမြေသြဇာ ၁ အိတ်အား ၃ ပုံ ၁ ပုံအချိုးနှင့် ၃ ကြိမ်ကျွေးရမည် ဖြစ်ပါတယ်။ မိမိစိုက်ခင်း အခြေအနေပေါ်မူတည်ပြီး နှုန်းထားပြောင်းလဲနိုင်ပါတယ်။
တီစူပါ ဓာတ်မြေသြဇာ
တီစူပါမြေသြဇာသည် အမြစ်ကြီးထွားသန်စွမ်းမှုကို အားပေးပြီး အစေ့အဆန်များကို အောင်စေပါတယ်။ တီစူပါမြေသြဇာမှာ လေလွင့်ဆုံးရှုံးမှုမရှိသောကြောင့် နွားချေး၊ မြေဆွေးတို့နှင့် ရောစပ်ရန် မလိုအပ်ပါ။ တီစူပါ မြေသြဇာကျွေးရန် အသင့်တော်ဆုံး အချိန်မှာ နောက်ဆုံးသမန်းပြင်ချိန်၌ ၁ ဧကလျှင် အိတ်ဝက်နှုန်းဖြင့် ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ တီစူပါ မြေသြဇာကို နောက်ဆုံးသမန်းပြင်ချိန်နှင့် အပင်ငယ်စဥ်တွင်သာ ထည့်သွင်းသင့်ပါတယ်။ အပင်သက်တမ်းရင့်ပါက တီစူပါ မြေသြဇာအား အပင်မှ ရယူစားသုံးနိုင်ခြင်း မရှိဘဲ မြေကြီးထဲတွင်သာ ထိန်းချုပ်ခံရခြင်း ကြောင့်ဖြစ်ပါတယ်။
ပိုတက် ဓာတ်မြေသြဇာ
ပိုတက် မြေသြဇာသည် အပင်အား ကြံ့ခိုင်မာကြောမှု ရှိစေပြီး ပိုးမွှားရောဂါဒဏ်ကိုလည်း ခံနိုင်ရည်ရှိစေပါတယ်။ ပင်ပွားများစေပြီး အနှံနှင့် အစေ့အဆန်များ ပျက်စီးမှုမှလည်း ကာကွယ်နိုင်ပါတယ်။ ပိုတက်မြေသြဇာကျွေးရန် အသင့်တော်ဆုံး အချိန်မှာ ၁ ဧကလျှင် အိတ်ကြီး ၁ အိတ်၏ ၄ ပုံ ၁ ပုံအား နောက်ဆုံးသမန်းပြင်ချိန်တွင် တစ်ကြိမ်၊ အနှံလောင်း စတင်ဖြစ်ပေါ်ချိန်တွင် တစ်ကြိမ် စသည်ဖြင့် ၂ ကြိမ် ကျွေးရမည် ဖြစ်ပါတယ်။
စိုက်ပျိုးရေးဆိုသည်မှာ မည်သည့် အရာကိုမှ တစ်သတ်မှတ်တည်း သတ်မှတ်လို့တော့ မရနိုင်တာ တောင်သူကြီးတွေ အားလုံးအသိဖြစ်မှာပါ။ မိမိ နေထိုင်တဲ့ နေရာ၊ ဒေသ၊ စိုက်ခင်း အခြေအနေတွေပေါ်မူတည်ပြီး လိုက်လျောညီထွေဖြစ်အောင် လိုအပ်သလို နည်းလမ်းတွေ၊ နှုန်းထားတွေ ပြင်ဆင် အသုံးပြဖို့လိုအပ်ပါကြောင်း ...
ဇင်ထူးနိုင်
ကိုးကားချက်
လယ်ယာသီးနှံ စိုက်ပျိုးနည်း (အောင်ဝင်းထွဋ်)
http://www.ricehub.org/RT/nutrients/
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးပင်နှင့်အာဟာရ
အကြောင်းအရာ 2
စပါးမြေသြဇာကျွေးနည်း
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
yay
လွန်ခဲ့သော ၂ လ ကပုလဲ ဓာတ်မြေသြဇာ (ယူရီးယား)
Ko Thein Htay
လွန်ခဲ့သော ၂ နှစ် ကစပါးပက်ကြဲစနစ်တွေအကြောင်းအပင်ပြုစုနည်း ရောဂါကာကွယ်နည်းတွေကိုကျေးဇူးပြုပြီး တင်ပြပေးပါဦးခင်ဗျာ.. ကျွန်တော်က လုပ်ငန်းမကျွမ်းကျင်သေးလို့ပါ..ခင်ဗျာ
လရောင်
လွန်ခဲ့သော ၄ နှစ် ကကျွန်တော်လုက်တာကတော့စပါးစိုက်ပြီ10ရက်15ရက်သားဆိုစပါးရွေးချယ်ပေါင်းသတ်ဆေးဖြန်းပြီ5ရက်လောက်ဆိုရင်N 46ကိုရေဆပ်ကြင်းကိုတစ်ကြိုးကို2ပြည်ပတ်တယ်10ရက်လောက်ဆိုရင်လိုအပ်တဲ့နေရာလေးတွေဖြည့်ပတ်တယ်စပါးလုံချိန်ဆိုN 30 P 5 K 5ပြောရမယ်ဆိုရင်15 15 15 7ကပိုအကြိုးရှီ့ပါတယ်ဈေးနဲ့ချိန်ပက်ရပါတယ်
မောင်ထွန်းလ
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပဲဗျာ
နိုင်ဝင်း
လွန်ခဲ့သော ၅ နှစ် ကစပါး 3လသားဘာမြေဩဇာကြွေးသင့်ပါသလဲ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 3 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 4 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
နံပတ်2 • ဖြေကြားချက် 4 ခု
Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား
Khing Hein • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဇင်ထူးနိုင်
အားလုံး
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026