ဖြေကြားချက် ၃ ခု
နှံစုပ်ပိုးကို နှိမ်နင်းဖို့ ဆိုရင် အရင်ဆုံး စပါးခင်းထဲကို ရေခပ်မြင့်မြင့် သွင့်လိုက်ပါ။ ဘာလို့ဆို ဒီကောင်တွေက နေ့ခင်းဘက်ဆို စပါးခင်းတွေထဲမှာ ငြိမ်ကုတ်နေတတ်တာမလို့ပါ။ ဒါ့ကြောင့် ဒီတိုင်း ဆေးဖျန်းမယ်ဆိုရင် စပါးခင်းအောက်ဘက်တွေ ရောက်နေတတ်တာမလို့ မထိရောက်နိုင်ပါဘူး။ ရေသွင်းလိုက်ခြင်းအားဖြင့် အပေါ်ဘက်ကို ရောက်လာကြမှာပါ။ အဲ့ဒီအချိန်ကျမှ အဆီဖိတ်ဆေးကို ဆေးအညွှန်းအတိုင်းဖျန်းပေးပါ။ အဆီဖိတ်က ဂျပိုးအုပ်စု အတော်များများကို နိုင်ပါတယ်။
နှံစုပ်ပိုးကျတိုင်းတော့ ဆေးဖျန်းရမှာမဟုတ်ဘူးဗျ။ စပါးမြုံ ၂၀ မှာ ၁၀ကောင်အထက်တွေ့မှသာ ဆေးဖျန်းသင့်တာပါ။ _ကွင်းထဲမှာ ပေါင်း၊မြက်တွေကို ရှင်းရပါမယ် _မနက်ခင်း နဲ့ ညနေခင်းမှာ အင်းဆက်ဖမ်းပိုက်(သို့)လက်နဲ့ဖမ်းခြင်းတွေ ပြုလုပ်ပေးပါ _ပင့်ကူ၊နဂျီ၊လိပ်ခုံးကျိုင်းကောင်တွေက စပါးနှံစုပ်ပိုးရဲ့ ဥနဲ့ အကောင်ကြီးအဆင့်ကိုစားသောက်ကြလို့ မွေးမြူထိန်းသိမ်းထား သင့်ပါတယ် _တမာ ပိုးသတ်ဆေးလဲ သုံးလို့ရပါတယ် _ပိုးသတ် ဆေးသုံးမယ်ဆိုရင်တော့ ဒိုင်မီသိုအိတ် စသောစျေးကွက်ရှိ ပိုးသတ် ဆေးတစ်မျိုးမျိုးကို အညွှန်းစာအတိုင်း စနစ်တကျအသုံး ပြုပါ။
စပါးနှံစုပ်ပိုးကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ စာတန်းလေးဖိလေ့လာပေးပါ။ ဆေးအနေနဲ့ ကာတက်ဒ်ဟိုက်ဒရိုကလိုရိုဒ်၊ဒိုင်မီသိုအိတ်ပါတဲ့ဆေးတွေကို စနစ်တကျသုံးပေးပါ။
ဆက်စပ်မေးခွန်းများ
နှံစုပ်ပိုး
ဖြေကြားချက် 2 ခု
စပါးခင်းတွင်ကြရောက်တက်သောအသီးပိုးကိုဘယ်လိုနှိုင်နင်းရမလဲဘာဆေးသုံးရမလဲ
ဖြေကြားချက် 1 ခု
နှံစုပ်ပိုးကိုဘယ်လိုနှိမ်နှင်းနိုင်မလဲ။
ဖြေကြားချက် 1 ခု
နှံစုပ်ပိုး ကျနေလို့ ဆေးအမည်လေး ပြောပြပေးပါလား
ဖြေကြားချက် 3 ခု
ဘာဖြစ်တာလည်းဗျ.....ဘာဆေးသုံးရမလည်းကူညီပေးပါအုန်းဆရာတိူ့ရေ....
ဖြေကြားချက် 7 ခု