ဖြေကြားချက် ၄ ခု
ဟုတ်ကဲ့ပါရှင့် စိုက်ခင်းထဲမှာဆိုရင် ဖျက်ပိုးတွေရှိတယ် အကျိုးပြုပိုးတွေရှိတယ်ပေါ့နော် ဖျက်ပိုးမှာမှ အဓိက ဖျက်ပိုးရယ် သာမညဖျက်ပိုးရယ်ဆိုပြီးလည်း ရှိတာပေါ့နော် အဲ့ဒီမှာ ဆေးမဖျန်းခင်ပုံမှန်ဆိုရင် အကျိုးပြုပိုးတွေက အဓိကဖျက်ပိုးကို မထိန်းချုပ်နိုင်ရင်တောင် သာမညဖျက်ပိုးတွေကိုတော့ ထိန်းချုပ်နိုင်ပါတယ် ဘာလို့ဆို အကျိုးပြုပိုးအကောင်အရေအတွက်နဲ့ သာမညဖျက်ပိုးအကောင်အရေအတွက်က မျှချေဖြစ်နေလို့ပါ အဲ့ဒီအချိန်မှာ အဓိကဖျက်ပိုးကိုနှိမ်နင်းဖို့ဆိုပြီး ဓာတုဆေးတွေအလွန်အကျွံသုံးလိုက်တဲ့အခါမှာတော့ ဖျက်ပိုးထက် အကျိုးပြုပိုးတွေက သေဆုံးတဲ့အတွက် သာမညဖျက်ပိုးတွေဟာ မျှချေဖြစ်နေရာကနေ လွတ်ထွက်ပြီး ရုတ်တရက်ဆိုသလို outbreak ထ ဖြစ်လာပါတယ် ဒါ့ကြောင့် အရင် အကောင်အရေအတွက်နည်းနည်းပဲရှိပြီး သာမညဖျက်ပိုးအဆင့်ပဲရှိတဲ့အကောင်တွေဟာ သူတို့ကိုထိန်းချုပ် ထားမယ့်အကျိုးပြုပိုးတွေမရှိတော့တဲ့အတွက် မျိုးပွားမှုတွေအရမ်းများပြီး အဓိကဖျက်ပိုးနေရာကိုရောက်သွားပါတော့တယ်
သစ်ခွပန်းဘာဆေးသုံးရလဲ
ကျေးဇူးပါ
အားဆေးလား ပိုးသတ်ဆေးလား။ မေးခွန်းမရှင်းပါရှင့်။ သေချာလေးပြန်ပြောပြပေးပါ ဘယ်လိုများကြုံခဲ့ရလို့လဲရှင့်။
ဆက်စပ်မေးခွန်းများ
ဖျက်ပိုးလား မိတ်ဆွေပိုးလား ပိုးသက်ဆေးဖြန်းသင့်လား
ဖြေကြားချက် 3 ခု
အပင်ပေါ်တွင်ကျရောက်နေသောပိုမွှားအန္တယ်
ဖြေကြားချက် 0 ခု
စပါးရွက်မှာ ကိုက်ဖြတ်ရာတွေတွေ့လို့ပါ။လယ်ကွက်မှာလဲ အဲ့ပိုးကောင်တွေတွေ့လို့ စိုးရိမ်ရလားရှင့်။
ဖြေကြားချက် 1 ခု
အဲလိုဖြစ်နေတယ်ဗျ......ပိုးလားရောဂါလား ဘာဆေးသုံးရမလည်းလမ်းညွန်ပေးပါအုန်းဆရာတို့
ဖြေကြားချက် 2 ခု
စပါးကတော့ ၄၅. ရက်သားပါအဲ့ဒီပိုးတွေကျနေလို့ဘာဆေး သုံးရလဲသိတဲ့ဆရာတို့ပြောကြပါအုံး စပါးကလုံးနေပြီဗျ
ဖြေကြားချက် 2 ခု