ဖြေကြားချက် ၅ ခု
ပူဒီနာစိုက်ပျိုးနည်းနဲ့အသုံး၀င်ခြင်းများတင်ပြပေးတဲ့စိုက်ပျိုးရေးပညာရှင်ကိုကျေးဇူးတင်လျက်
ပူဒီနာ ဒီဆောင်းပါးမှာလည်း ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးပြုပုံတွေ ဆေးဖက်ဝင်ပုံတွေလေ့လာလို့ရပါတယ်။ စိုက်ပျိုးနည်းကို မကြာခင်မှာဆောင်းပါးအနေနဲ့တင်ပေးသွားပါ့မယ်
စိုက်နည်းပါ စျေးကနေ ပူစီနံ ဝယ်စားတဲ့အခါ ဖြစ်နိုင်ရင် အမြစ်ပါတာလေးရွေးပါတယ်.. အရွက်လေးတွေ ကို ထိပ် အညွန့်ရွက်ချန်ပြီးချွေစားပါတယ်.. အရိုးလေးတွေကို အသက့်ပြင်ထားတဲ့မြေအိုး ( မြေကြီး ပြာ သစ်ရွကိဆွေးမြေဆွေး) ထဲမှာထိုးစိုက် ရေပန်းကရားနဲ့ရေ နေ့စစ်လောင်းပေးယုံပါဘဲ.. မြေစေး ကိုသိပ်မကြိုက်ပါ.. မစိုက်နိုင်သေးရင် ကိုင်းအရင်းရေစွတ်ယုံလေး ရေစိမ်ထား ၃-၄ ရက်ဆိုအမြစ်ထွက်လာရင် စိုက်လို့ရပါပြီ.. အရွက်တွေ စားဘို့ချွေယူထား ထိပ်ညွန့်လေး ချန်ထား ပြီး ချက်ခြင်းကိုင်းထိုး စိုက်ပါတယ် အပင် ရှင်အရွက်သစ် တွေ ထွက်လာပြီး ရှည်လာရင်ဖြတ်စား တယ် အရိုးပြန်ထိုး စိုက်ပါတယ်.. မဖြတ်ဘဲထားရင် အပင်တွေရှည်ပြီး နွယ်လို ဖြစ်လာ ကိုင်းခြောက်လာပါတယ်.. စားပင် မို့ ဓါတ်မြေသြဇာ လုံးဝမသုံး ဘဲ ဆန်ဆေးရေ လောင်း လဘက်ခြောက် ဖတ်ကြက်ဥ ခွံ တွေ ချေထည့်ပေးထားပါတယ်
၁-ပူစီနံထဲတွင်ပါရှိသော ဗီတာမင်စီနှင့် ဗီတာမင်အေတို့က - ဓာတ်တိုးဆန့်ကျင်ပစ္စည်းများအဖြစ် စွမ်း ဆောင်ပေးပါတယ် - ဒါ့ပြင် မဂ္ဂနီးစ်ဓာတ်သည် ခန္ဓာကိုယ်၏ဇီဝဖြစ်စဉ်ကို - တိုးတက်ကောင်းမွန်စေရုံသာ မက၊ - ပူစီနံရွက်ဟာ Omega-3 Fatty Acids တို့စုဝေးရာ - အရင်းအမြစ်ဖြစ်လို့ ကင်ဆာရောဂါတွေကို ကြိုတင်ကာကွယ်ပေးပါတယ်။ - ပူစီနံထဲတွင် Phytonutrient (ခေါ်) Perillyl Alchol ပါရှိလို့ - ကင်ဆာ အဖုအကျိတ်ကြီးထွားလာမှုကို နှေးကွေးစေကာ - အထူးသဖြင့် အဆုတ်၊ အူမကြီးနှင့် အရေပြားကင် ဆာတို့ကို - ကာကွယ်ပေးနိုင်တယ်လို့ ဆေးသုတေသီများက ဆိုပါတယ် ၂- ပူစီနံရွက်ဟာ ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဆီးအဖြစ်ဖယ်ရှားသုတ်သင်ပေးလို့ ဆီးရွှင်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ် အသည်းနှင့် သည်းခြေအိတ်တို့ကိုလည်း ကောင်းကျိုးပြုပါတယ် ( ဒါ Detox ထဲ ထည့်ရတဲ့ အဓိက အချက်ပါပဲ ) ၃ - ပူစီနံရွက်ထဲမှာ Anti-Spasmodic, Anti-Fungal နှင့် Rosmarinic Acid (ခေါ်) Anti-Inflamma- tory အစွမ်းသတ္တိများပါရှိသဖြင့် သဘာဝပိုးသတ်ဆေးအဖြစ် မှိုပိုးများကိုသေစေနိုင်သော အစွမ်းရှိလို့ ပန်းနာရင်ကျပ်ရောဂါ၊ အအေးမိတုပ်ကွေးနှင့် ချောင်းဆိုးချွဲကျပ်ရောဂါများကို သက်သာစေနိုင်ကြောင်း၊ နားတွင်ရောင်ရမ်းခြင်းနှင့် အနာများကိုကျက်စေနိုင်ကြောင်း အိန္ဒိယဆေးပညာရှင်များက ဆိုပါတယ် ထိုအဆိုပြုချက်ကို WHF Foods နှင့် အနောက်ဗာဂျီးနီးယားတက္ကသိုလ်တို့မှလည်း အတည်ပြုထောက် ခံထားကြပါတယ် ၄ - ပူစီနံရွက်ထဲရှိ သဘာဝဓာတုဓာတ်ပေါင်းစုတို့က ခံတွင်းထဲရှိဗက်တီးရီးယားပိုးများကို သေစေပြီး ခံတွင်းရောဂါအမျိုးမျိုးနှင့် ခံတွင်းရနံ့ဆိုးများကို ပျောက်ကင်းစေပါတယ် တစ်ပတ်လျှင်အနည်းဆုံး တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ် ပူစီနံကိုမှန်မှန်ဝါးပေးရုံဖြင့် သွားများကိုဖြူဖွေးစေရုံသာမက၊ အသက်ရှူ လမ်းကြောင်းကို ပွင့်စေနိုင်ပါတယ် ၅ - ပူစီနံရွက် ၂၀၀ ဂရမ်ကို ရေ ၃ လီတာဖြင့် ရောစပ်၍အပူချိန် 37.C တွင်ပြုတ်ပါ။ ထိုပြုတ်ရေကို ခပ် နွေးနွေးအနေအထားတွင် ရေချိုးပေးခြင်းဖြင့် အကြောဆွဲခြင်းနှင့် ဒူလာပါဒရက်ရောဂါဝေဒနာများကို သက်သာလာစေနိုင်ပါတယ် ၆ - ပူစီနံရွက်ထဲတွင် အမျှင်ဓာတ်အမြောက်အမြားပါရှိသဖြင့် မကောင်းသော ကိုလက်စထရောနှင့် LDL ကိုလျှော့ချပေးပြီး ကောင်းသောကိုလက်စထရောနှင့် HDL ကိုမြှင့်တင်ပေးလို့ နှလုံးရောဂါကို မဖြစ်စေနိုင်ပါ ဒါ့ပြင်မဂ္ဂနီစီယမ်ဓာတ်ပါရှိလို့ နှလုံးခုန်နှုန်းကို ပုံမှန်ထိန်းသိမ်းပေးနိုင်ပါတယ် ( လုံးဝ မိုက်တယ်နော် ) ၇- ပူစီနံရွက်ထဲတွင် ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်တို့ အလုံအလောက်ပါရှိသဖြင့် ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေကာ အရိုးကိုသန်စွမ်းစေပါတယ် မဂ္ဂနီစီယမ်အစွမ်းကြောင့် သွေးထဲရှိသကြားပမာဏကို ထိန်းညှိပေးခြင်း၊ သွေးခုန်နှုန်းကို ပုံမှန်ဖြစ်စေခြင်း၊ ခန္ဓာကိုယ်တစ်သျှူးများကို ပြန်လည်အားဖြည့်ပေးခြင်း၊ ကြွက်သားနှင့်အာရုံခံ အင်္ဂါအဖွဲ့အစည်းကို ကောင်းစွာအလုပ်လုပ်စေခြင်း စသည်ဖြင့် ကောင်းကျိုးပြုပါတယ် ၈- လေချုပ်ခြင်း၊ အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ဝမ်းဖောဝမ်းရောင်ခြင်း၊ ဝမ်းသွားခြင်း၊ လေထိုး လေအောင့်ခြင်းနှင့် အစာအဆိပ်သင့်ခြင်းတို့မှ ပျောက်ကင်းစေပြီး အစာအိမ်၊ အူသိမ်၊ အူမနှင့် အူလမ်း ကြောင်းဆိုင်ရာ ရောဂါဝေဒနာများကို ကောင်းစွာကုသပေးနိုင်ပါတယ် ပူစီနံရွက်ခြောက်ကို လက်ဖက်ရည်ကြမ်းခတ်၍ ေ သာက်သုံးခြင်းဖြင့် အစာချေစနစ်ကို တိုးတက်ကောင်းမွန်စေကာ အစာအိမ်နာအမျိုး မျိုးမှ ကာကွယ်ပေးနိုင်ပါတယ်။ ( နေ့စဉ်သောက်နေတဲ့ အကျိုးကိုသာ စဉ်းစားကြည့်ပါတော့ ) ဒါ့အပြင် ပူစီနံရွက်ဖြင့် ငွေကုန်ကြေးကျမများဘဲ လွယ်လင့်တကူ အောက်ပါနည်းလမ်းတွေနဲ့လဲ အသားအရေထိန်း သိမ်းနိုင်ပါတယ်။ - ပူစီနံရွက်တွင် Antibacterial အစွမ်းသတ္တိများပါရှိခြင်းကြောင့် မကြာခဏ ဝက်ခြံပေါက်သော အသားအရေပိုင်ရှင်များသည် ကြိတ်ချေထားသော ပူစီနံရွက်ကို Oat ဂျုံဖြင့်ရောနယ်လိမ်းပေးကာ မိနစ် ၂၀ အကြာတွင် ရေနွေးနွေးဖြင့် သန့်စင်ဆေးကြောပေးနိုင်ပါတယ်။ -မျက်နှာပေါ်တွင် အမည်းအစက်ပြောက်ရှိသူများအတွက် ပူစီနံရွက်ခြောက်ကို မန်ကျည်းသီးအနှစ်၊ ရေအနည်းငယ်တို့ဖြင့် ခပ်ပျစ်ပျစ်ဖျော်ကာ အမည်းအစက်အပြောက်များပေါ်သို့ လိမ်းကျံပေးနိုင်ပါ တယ် ရေရှည် ဂရုစိုက်လုပ်ပေးရင် သိသာလှပလာပါလိမ့်မယ်နော် အမိုက်ဆုံးကတော့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ ပါ၀င်တဲ့အတွက် အိုမင်းရင့်ရော်ခြင်းကနေ ကာကွယ်ပေးတာပါပဲ ဒါပေမယ့် ပူစီနံရွက် ကနေ ထုတ်ထားတဲ့ အဆီသည် ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် ရင်ခွင်ပိုက်ကလေးငယ်များ အတွက် မသင့်လျော်ပါဘူး #credit
ဆက်စပ်မေးခွန်းများ
ပင်စိမ်းတစ်စည်းကို အပင်ဘယ်နှစ်ပင်ထည့်စည်းရပါသလဲကျေးဇူးပြုpပြောပေးကြပါ
ဖြေကြားချက် 2 ခု
ပူစီနံမျိုးပင်ဘယ်ကရနိုင်ပါသလဲ ရနိုင်ရင်ဖုန်းနံပါတ်လေးရေးခဲ့ပေးပါခင်ဗျာ
ဖြေကြားချက် 1 ခု
ကြက်ချေးထဲကနေထွက်လာတာဗျ ဘာကောင်လဲမသိဘူး
ဖြေကြားချက် 1 ခု
ပူစီနံမျိုးစေ့ဘယ်မှာဝယ်လို့ရလဲဆက်သွယ်ပေးပါ
ဖြေကြားချက် 0 ခု
ပူစီနံကိုဘယ်လိုစိုက်ပျိုးရပါသလဲ
ဖြေကြားချက် 1 ခု