ဖြေကြားချက် ၅ ခု
ဘယ်လိုစိုက်ပျို
good thankyou
ပင်ကြား တန်းကြားသည် မျိုးနှင့် မြေကြီး အမျိုးအစားပေါ်တွင် မူတည်သေးသည်။ မြေဖွာသည့် အမျိုးအစားတွင် နှစ်ဆယ်ပေ အကွာတွင် စိုက်သင့်ပြီး မြေဆီလွှာကောင်းပြီး မြေ နည်းနည်း သိပ်သည့် အမျိုးအစားတွင် ပေနှစ်ဆယ့်ခြောက်မှ သုံးဆယ့်နှစ်ပေထိ ကွာထားရန် လိုအပ်ကြသည်။ ပင်ကြား တန်းကြား စိပ်ပါက ကိုင်းဖျားခြောက်၍ သေတတ်သည်။ အချို့က ခုနှစ်ပေ ရှစ်ပေ အကွာသာ စိုက်ကြပြီး ရှစ်နှစ်သားရောက်သောအခါ ပေနှစ်ဆယ်ကြား တပင်ချန်၍ ကျန်သော အပင်များကို ခုတ်ပစ်လိုက်ကြသည်။ အရင်းမှ ခုတ်လှဲပြီး အပင်ငုတ်တိုသာ ထားကြသည်လည်း ရှိသည်။ အပင်ပေါက်ကလေးကို ကျင်းအနက် တပေခွဲတွင် မြေဆွေး သုံးပုံနှစ်ပုံထိရောက်အောင် ထည့်၍ စိုက်ပါ။ စိုက်ပြီးလျှင် ရေ ပုံမှန်လောင်းခြင်း၊ ပေါင်းရှင်းခြင်းကိုအခါ အားလျော်စွာ ပြုလုပ်သင့်သည်။ အစက်ချ၍ရေပေးခြင်းသည် အပင် ပတ်ဝန်းကျင်၏ မြေမျက်နှာ အပေါ်ဖက်ကို စိုစွတ်အောင် ထားခြင်းက အာဟာရဓာတ်ကို တခါထဲ ထည့်ကျွေးထားပါက ပိုမို ထိရောက်သည်။ စီးပွားဖြစ် စိုက်ခြင်းဖြစ်သဖြင့် အချို့က အပင်ကို ရှစ်ပေထက် ပိုပေးမကြီးစေပဲ အမြဲ တစေတိ၍ ထားခြင်းက အသီးကိုလည်း ပိုမို သီးစေအောင် ဖန်တီးကြသည်။ သို့တစေ ဂရုစိုက်ရန်မှာ အပင်ကြီးများ၏ သဘော သဘာဝအရ ခေါင်နှိမ်ခြင်းသည် ထပ်မံ၍ ပိုမြင့်အောင် ကြီးထွားတတ်သော သဘောရှိပြီး ဘေးကိုင်းများတွင် အသီးများ ပိုမိုသီးစေခြင်းက ကိုင်းများ ကျိုးကျခြင်းကိုလည်း ဖြစ်စေတတ်သဖြင့် ဂရုစိုက်ရန် လိုအပ်သည်။ အချို့က ထောပတ် မကြီးခင် ငှက်ပျောပင်များ ကြားညှပ် စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေ ရှာကြသည်။ တောင်စောင်းနှင့် ချိုင့်ဝှမ်းများတွင် စိုက်ပျိုးရာတွင် ပူသောလေသည် အပေါ်သို့ တက်သည့် သဘောရှိသဖြင့် အောက်ပိုင်းချိုင့် အတွင်းတွင် စိုက်ထားသော အပင်များ၌ အစိုဓာတ်များခြင်းအပြင် ဆီးနှင်းကိုက်သည့် ဒဏ်ကိုလည်း ခံရနိုင်သဖြင့် ရှောင်ရှားရမည့်အပြင် တောင်စောင်းများ မတ်စောက်လေ သီးနှံခြံကို စီမံခန့်ခွဲရာတွင် ပိုမို အကုန်အကျများလေဖြစ်ကြောင်း သိထားသင့်သည်။
ပိုးမွှားရောဂါ ကင်းစင်သော အပင်မှ အသီးအမှည့်ကိုယူပြီး ( ၅၀ ) ဒီဂရီစင်တီဂရိတ် မှာ နာရီဝက်ကြာ ရေစိမ်ရပါမယ်။ အအေးခံ ခြောက်သွေ့အောင်လုပ်ရပါမယ်။ ထို့နောက် အစေ့အခွံကိုခွါပြီး အစ့၏ထိပ်နှစ်ဖက်အနည်းငယ်ဖြတ်ကာ အသီးအညှာဘက်ကို အပေါ်ဘက်ထားပြီး ပျိုးအိတ် (သို့မဟုတ်) မြေချပြီး ပျိုးနိုင်ပါတယ်ခင်ဗျ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
4ဂါလံဆေးဖြန်းပုံးအတွက် copper hydroxide ဘယ်လောက်ထဲ့ရမလဲခမျ။
ဖြေကြားချက် 2 ခု
မက္ကဒေးမီးယား စိုက်ပျိုးနည်းလေး သိချင်ပါတယ်
ဖြေကြားချက် 2 ခု
ထောပတ်ပင်ကို ဘယ်လိုမြေသြဇာ ထည့်ပေးရလဲ
ဖြေကြားချက် 1 ခု
ထောပတ်သီး မျိူးပေါင်းဘနမျိူးလောက်ရှိလဲသိချင်လို့ပါ
ဖြေကြားချက် 1 ခု
ခြကောင်တွေကိုဘယ်လိုဆေးသုံးရမလဲဗျာ ဗျူရာဒန်3Gလဲသုံးပါတယ် အပင်တွေကိုက်နေတုန်းမို့ပါ
ဖြေကြားချက် 0 ခု