အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
5,635
လွန်ခဲ့သော ၆ နှစ် က · ပြင်ဦးလွင်

မက္ကဒေးမီးယား စိုက်ပျိုးနည်းလေး သိချင်ပါတယ်

စိုက်ပျိုးနည်း ထောပတ်သီး
2

ဖြေကြားချက် ၂ ခု

47,132 လွန်ခဲ့သော ၆ နှစ် က

မြေအမျိုးအစားနှင့် ရာသီဥတု ---------------------------------- မက္ကဒေးမီးယားသည် အစိုဓာတ်ထိန်းသိမ်းမှုနည်းပါးသော သဲဆန်လွန်းသည့် မြေမျိုးမှလွဲ၍ မြေအမျိုးအစား အများအပြားတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ pH (5 - 5.5) အတွင်းရှိပြီး ရေနစ်ရေဝပ်ခြင်းမရှိသော သစ်ဆွေးမြေသြဇာ ပါဝင်မှု နှင့် ဖော့စဖိတ်ရရှိနိုင်မှု ကောင်းမွန်သည့် မြေများ၊ အစိုဓာတ်ထိန်းသိမ်းမှု ကောင်းမွန်သည့် မြေမျက်နှာ်ပြင်အစောင်း (၁၅%) ထက်မပိုသော မြေများကို ဦးစားပေး ရွေးချယ်သင့်ပါသည်။ မက္ကဒေးမီးယားသည် နှစ်စဉ်မိုးရေချိန်လက်မ (၆၀)နှင့်အထက်ရွာသွန်းသော ဒေသများတွင် စိုက်ပျိုးရှင်သန်နိုင်သော်လည်း ပန်းပွင့်ချိန်ကာလဖြစ်သော ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် အအေးဓာတ် ( 14 ံC - 18 ံC)အတွင်းရှိနေရန် လိုအပ်ပါသည်။ ထို့ကြောင့်အပူပိုင်းဒေသများတွင် အမြင့်ပေ (၁၅၀၀ မှ ၃၀၀၀) အတွင်း ရွေးချယ်စိုက်ပျိုးကြခြင်းဖြစ်ပါသည်။ သီးပွင့်မှု သဘာဝ --------------------- ကိုင်းဆက်ပင်သည် သက်တမ်း(၄)နှစ်တွင်လည်းကောင်း၊ အစေ့စိုက်အပင်သည် သက်တမ်း(၆)နှစ်တွင်လည်းကောင်း၊ စတင်သီးပွင့်ပါသည်။ အစိုဓာတ်ကောင်းမွန် သောဒေသများတွင် တစ်နှစ်ပတ်လုံး သီးပွင့်နိုင်ပြီး နှစ်ပေါင်း(၆၀)အထိ စီးပွားရေး တွက်ချေကိုက်သော ထွက်နှုန်းရရှိနိုင်ပြီး နှစ်ပေါင်း(၁၀၀)အထိ သီးပွင့်နိုင်ပါသည်။ မျိုးရွေးချယ်ခြင်းနှင့် စိုက်ပျိုးနည်းစနစ် ------------------------------------------ အသီးခွံချောမျိုး နှင့် အသီးခွံကြမ်းမျိုးဟု နှစ်မျိုးရှိသော အသီးခွံချောမျိုးသည် အခွံပါး အစေ့ဆံကြီးသောမျိုးဖြစ်ပြီး မြန်မာနိုင်ငံ၌ အစိုက်အများဆုံးသောမျိုးဖြစ်သည်။ အထွက်ကောင်းမိခင်ပင်များကို လိင်မဲ့နည်းဖြင့် ကိုင်းကူးကိုင်းဆက်၍ ရွေးချယ် စိုက်ပျိုးပါက မိခင်ပင်၏ အရည်အသွေးအတိုင်း ရရှိနိုင်သည့်အပြင် သီးပွင့်ချိန်စော သဖြင့် ယခုနောက်ပိုင်းတွင် ကိုင်းဆက်ပင်များ ရွေးချယ်စိုက်ပျိုးလာကြပါသည်။ ကိုင်းဆက်ပင်များ စိုက်ပျိုးမည်ဆိုပါက ပင်ခြားတန်းခြား (၂၅ x ၂၅) ပေ၊ တစ်ဧက (၇၀)ပင်နှုန်းဖြင့်လည်းကောင်း၊ အစေ့စိုက်ပင်များ စိုက်ပျိုးမည်ဆိုပါက ပင်ခြားတန်းခြား (၃၂ x ၃၂)ပေ တစ်ဧက(၄၀)ပင် နှုန်းထား၍ စိုက်ပျိုးသင့်ပါသည်။ စိုက်ကျင်းတူးခြင်း --------------------- မက္ကဒေးမီးယားပင်သည် အပင်ကြီးမျိုးဖြစ်သော်လည်း ရေသောက်မြစ်တိုသဖြင့် စိုက်ပျိုးချိန် စနစ်မကျပါက အပင်ယိုင်လဲခြင်း၊ လေဒဏ်မခံနိုင်ခြင်းများ ကြုံတွေ့နိုင်သဖြင့် စိုက်ကျင်းအား (၂.၅ x ၂.၅) အရွယ်အစားဖလားပုံ တူးသင့်ပါသည်။ အပေါ်ယံမြေကြီးအား ကျင်းတစ်ဖက်စီ သီးခြားဖယ်ကာ မြေခံအဖြစ် ကြက်ချေး (၂)ပြည်နှင့် N.P.N (၁၀ း ၁၀ း ၁၀)အား ၅၀၀ ဂရမ်နှုန်းထည့်၍ ကျင်းပြန်ဖုံးထားရပါမည်။ ပန္နက်ရိုက်၊ ကျင်းတူး၊ ကျင်းဖုံးခြင်းအား မေလအတွင်း ပြီးအောင် ဆောင်ရွက်ထားသင့်ပါသည်။ စိုက်ပျိုးခြင်း -------------- ရာသီဥတုပေါ်မူတည်၍ အစိုဓာတ်မှန်သော ဇွန်၊ ဇူလိုင်လများတွင် စိုက်ပျိုးရပါမည်။ ပထမနှပ်ထားသော ကျင်းများကိုဖော်၍ ပျိုးပင်ကိုမြေလုံးမပျက် ထည့်သွင်းစိုက်ပျိုးရပါမည်။ စိုက်ကျင်းမြေသည် ခြောက်သွေ့နေပါက ကျင်းထဲသို့ အပင်ထည့် ပြီးနောက် ကျင်းတစ်ဝက်ခန့် မြေဖြည့်ပြီး အပင်မြေလုံးနှင့် ကောင်းစွာသိပ်သည်း ကျစ်လစ်အောင် ဆောင်ရွက်ပါ။ အပင်စိုက်ပြီးပြီးချင်း (၄ x ၆)လက်မ မြေဖုံးခြင်းအား ပင်စည်မှ ၂ လက်မခန့်ခွာ၍ ပြုလုပ်ရပါမည်။ ထိန်းသိမ်းပြုစုခြင်း ---------------------- ပေါင်းရှင်းခြင်းကို တစ်နှစ် (၃-၄)ကြိမ်ခန့် အပင်ပတ်လည် (၃)ပေခန့်အကျယ်ပြု လုပ်ပေးရပါသည်။ အပင်ခြေပတ်လည်တွင် ပေါင်းမြက်ခြောက်များ ကောက်ရိုး စသည်များ ဖုံးအုပ်ကာ အစိုဓာတ်ထိန်းခြင်းကို မိုးမကုန်မီပြုလုပ်ရပါသည်။ အစိုဓာတ်ထိန်းခြင်းကို သီးပွင့်ချိန်ရောက်သည်ထိ ဆောင်ရွက်ရပါသည်။ ခြောက်သွေ့ သော ရာသီတွင် ရေပေးသွင်းခြင်းဖြင့် အထွက်နှုန်းအား ၁၀% မှ ၂၀%ထိ မြင့်မား စေပါသည်။ အသီးထွက်နှုန်းတိုးရန် နည်းလမ်းများ ------------------------------------------- - အထွက်နှုန်းကောင်းမျိုးများ စနစ်တကျရွေးချယ်စိုက်ပျိုးခြင်း။ - မှန်ကန်သော အပင်အကွာအဝေးဖြင့် စိုက်ပျိုးခြင်း။ - မြေဆီလွှာထိန်းသိမ်းမှု လုပ်ငန်းများဆောင်ရွက်ခြင်း။ - ကိုင်းဖြတ်ခြင်းနှင့် အပင်ပုံစံသွင်းခြင်း လုပ်ငန်းများ စနစ်တကျဆောင်ရွက်ခြင်း။ - စိုက်ခင်းထိန်းသိမ်းပြုစုမှုလုပ်ငန်းများ၊ အချိန်ရာသီအလိုက်စနစ်တကျ ဆောင်ရွက်ခြင်း။ တို့ဖြစ်ပါသည်။ အသီးကောက်ယူစုဆောင်းခြင်း ------------------------------------- ကောင်းစွာရင့်မှည့်သော အရည်အသွေးကောင်း အစေ့ဆံများ ရရှိရန်အတွက် အသီးများ အပင်မှဆွတ်ခူးခြင်းမပြုလုပ်ပဲ ပင်ခြေအောက်ရှင်း၍ ကြွေသီး ကောက်ယူခြင်းက ပို၍ကောင်းပါသည်။ အချို့မျိုးစေ့များမှာ အညှာခိုင်သဖြင့် အသီးခွံ၏ အတွင်းသားအဖြူရောင်မှ အညိုရောင်ပြောင်းသွားချိန်တွင် ခူးဆွတ်ရိတ်သိမ်းပေးရမည်။ ခူးဆွတ်စုဆောင်းပြီးသော အသီးများကို အခွံခွာမည့်စခန်းသို့ ချက်ချင်းပို့၍ အခွံခွာခြင်းကို အတတ်နိုင်ဆုံး မြန်မြန်ဆန်ဆန် ဆောင်ရွက်မှသာလျှင် အဆင့်မီ အစေ့အဆံ ရရှိနိုင်မည်ဖြစ်ပါသည်။ အသီးထွက်နှုန်းစျေးကွက် ------------------------------ စနစ်တကျထိန်းသိမ်းထားသည့် မက္ကဒေးမီးယားမျိုးသန့်ခြံတစ်ခြံမှ ရေမြေဒေသပေါ်မူတည်၍ (၁)ဧကလျှင် အခွံပါအစေ့ (၁တန်မှ၅တန်ထိ) ထွက်ပြီး အစေ့ဆံ (၀.၃ တန်မှ ၂ တန်ထိ) ရရှိပါသည်။ အပင်သက်တမ်း(၂၀)နှစ်နှင့် (၃၀)နှစ်ကြားသည် အသီးထွက်အကောင်းဆုံးကာလဖြစ်သည်။ ယနေ့နိုင်ငံတကာစျေးကွက် တွင် အစေ့ဆံ(၁)တန်လျှင် ဒေါ်လာ (၆၀၀၀)ဝန်းကျင်ရှိသဖြင့် တစ်ဧကလျှင် သိန်း (၆၀)မှ (၁၀၀)အထိ ရရှိနိုင်မည်ဖြစ်သည်။ #Credit

80,436 လွန်ခဲ့သော ၆ နှစ် က

ဈေးကွက်ဝင် မက္ကဒေးမီးယား လေ့လာနိုင်ပါတယ်ဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။