အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
7,289
လွန်ခဲ့သော ၈ နှစ် က · သန်လျှင်

စပါးခင်းတွေမှာ.ဆစ်ပိုး.ကြတာ၃ရာသီရှိပြီ မထမနှစ်ကလုံးဝပြတ်ဆီးသွားတယ် ယခုအချိန် ထိဆစ်ပိုးရှိနေသေးတယ်မျိုးပြုတ်...

စပါးခင်းတွေမှာ.ဆစ်ပိုး.ကြတာ၃ရာသီရှိပြီ မထမနှစ်ကလုံးဝပြတ်ဆီးသွားတယ် ယခုအချိန် ထိဆစ်ပိုးရှိနေသေးတယ်မျိုးပြုတ် အောင်ဘယ်လိုလုပ်ရမှာလဲအကြံပေးပါအုံး

ပိုးမွှားရောဂါ စပါး စပါးဆစ်ပိုး

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 95,063 လွန်ခဲ့သော ၈ နှစ် က

ထယ်ရေးနက်နက်ထိုးပြီးရေးသွင်းထားပေးပါ ရိုးပြတ်နဲ့ကောက်ရိုးတွေကိုမီးရှို့ပါ စိုက်ခင်းနဲ့ပျိုးခင်းမြေပြင်ချိန်မှာ ဖျူရာဒန် ၃ဂျီ ကို တစ်ဧက ၃-၅ ကီလိုထည့်ပေးပါ ဆစ်ပိုးဒဏ်ခံနိင်တဲ့စပါးမျိုးကိုအစါးထိုးစိုက်ပါ စိုက်ချိန်ကို သေချာတွက်ချက်ပီး နောက်ကျစိုက်ပါ ယူရီးယားကိုလိုတာထက်ပိုမသုံးပါနဲ့ ပျိုးခင်းမှာဆစ်ပိုးဥမြုံတွေ့ပါက ဥမြုံရှိတဲ့အရွက်အစိတ်အပိုင်းကိုဖြတ်ပီးမှစိုက်ပါ။ဆစ်ပိုးများ၊ဥမြုံများကို ကြီးထွားမှုအဆင့်အလိုက်ရှာဖွေဖျက်ဆီးပါ အပင်ပွားချိန်ဆစ်ပိုးလက္ခဏာတွေ့ပါက ရေသွင်းရေထုတ်ပြုလုပ်နိင်သောလယ်ကွင်းဖြစ်လျှင် ၁ရက် ၂ရက်ခန့်ရေထုတ်ပေးပါ မီးထောင်ချောက်များကိုညီညာစွာထွန်းပါ ပိုတက်ဓာတ်မြေသြဇာကို မဖြစ်မနေမှန်မှန်ထည့်ပါ မိတ်ဆွေပိုးများဖြစ်သော(ပင့်ကူ၊ပုဇဉ်း၊လိပ်ခုံးကျိုင်း၊ငှက်၊နဂျီအုပ်စုဝင်ကပ်ပါးကောင်များ)ကိုထိန်းသိမ်းပေးပါ Htinlin Mon

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။