အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
235
လွန်ခဲ့သော ၅ နှစ် က · မြိုင်

ပျားလိ​မ္မော် ချဥ်လို့ ဘယ်လိုပြုပြင်ရမလဲဗျ (အလယ်ပိုင်း မိုးနည်း​ဒေသ မ​ကွေးတိုင်း)

မြေဆီလွှာ လိမ္မော်
Post image
Post image
2

ဖြေကြားချက် ၂ ခု

235 လွန်ခဲ့သော ၅ နှစ် က

​ကျေးဇူးပါခင်ဗျာ

68,534 လွန်ခဲ့သော ၅ နှစ် က

လိမ္မော်သီးရဲ့ ချိုတာချဉ်တာအပေါ် သက်ရောက်နေတဲ့ အချက်တွေကတော့ အများကြီးရှိပါတယ်။ ရာသီဥတု၊ မြေအမျိုးအစား၊ ‌မျိုး၊ ခူးတဲ့အချိန်၊ မြေဩဇာကျွေးမှု၊ ရေပေးသွင်းမှု တွေ အားလုံးနဲ့ဆိုင်ပါတယ်။ အပူပိုင်းနဲ့ အပူလျော့ပိုင်းဒေသကို သဘောကျတဲ့ အပင်ဖြစ်တာကြောင့် နေရောင်ခြည်ကောင်းကောင်းရရှိဖို့လိုပါတယ်။ အပင်ကြီးထွားမှု သက်တမ်းတစ်လျှောက်လုံး နိုက်ထရိုဂျင်(ပုလဲမြေဩဇာ)ကို စနစ်တကျ ကျွေးပေးဖို့လိုအပ်ပါတယ်။ ရေသွင်းတာအရမ်းများသွားရင်လည်း ချိုတာကို လျော့ကျစေတတ်ပါတယ်။ အက်ဆစ်ဆန်တဲ့ မြေကိုလည်း မကြိုက်ပါဘူး။ လိမ္မော်ပင်က အေးတဲ့အပူချိန်မှာ အက်ဆစ်ဓာတ်လျော့နည်းသွားစေတာမို့ အဲ့ဒီအချိန်မှာ ခူးရင် အချဉ်ဓာတ်ပိုလျော့ကျ‌စေပါတယ်။ သက်တမ်းပိုရင့်တဲ့ အပင်ရဲ့ အသီးက ပိုချိုတယ်လို့လည်း လေ့လာရပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။