အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
7,289
လွန်ခဲ့သော ၈ နှစ် က · သန်လျှင်

သရက်ကိုအသီးသီမြန်အောင်ဘယ်လိုလုပ်လဲခင်ဗျာ့

အပင်အာဟာရ သရက်

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 95,063 လွန်ခဲ့သော ၈ နှစ် က

သရက်အား အစေ့ဖြင့်စိုက်ခြင်းသည် အပင်ကြီး၍ သီးပွင့်ရန် အချိန်ကြာမြင့်သောကြောင့် ယနေ့ခေတ်တွင် ပင်ပိုင်းဆိုင်ရာလိင်မဲ့ မျိုးပွားနည်းဖြင့် မျိုးပွားပြီး စိုက်ပျိုးလာကြပါတယ်။ ကိုင်းကူးကိုင်းဆက် အပင်အားစိုက်ပြီး (၃) နှစ်သားအထိ အသီးအပွင့်များကို မယူဘဲ ချွေပစ်ရပါမယ်။ ၎င်းနောက်နှစ်မှစ၍ အသီးယူနိုင်ပါပြီ။ ဆိုလိုတာကတော့ ကိုင်းကူးစိုက်ရင်တော့အသီးမြန်မြန်သီးပါတယ်။ သရက်မျိုးများသည် အပင်ကြီးမျိုးများဖြစ်၍ ၃၅ ပေ မှ ၄၀ ပေထိခွာ၍ စိုက်သင့်ပါသည်။ ကြီးထွားနေဆဲ သရက်ပင်များကို မြေပြင်မှ ၂ ပေအောက်ရှိ အနိမ့်ကိုင်းများကို ဖယ်ရှားပစ် ရန်နှင့် ယင်းအထက်တွင် ပင်စည်ပေါ်၌ ပင်မကိုင်း ၃ ကိုင်းမှ ၄ ကိုင်းကို ချန်ထားပေးရန် ပုံသွင်းပေး သင့်ပါတယ်။ အပင်ကြီးထွားမှုကို အရှိန်ရစေရန် အသီးစသီးသည့် ပထမနှစ်တွင် သီးလာသည့် အသီးများ ကို ဖယ်ရှားပေးသင့်ပါတယ်။ ကိုင်းဖြတ်ပေးခြင်းကို အသီးသီးပြီးနောက် အညွန့်သစ်များ မထွက်မီ ပြုလုပ်ပေးရပါမည်။ ကိုင်းဖြတ်ပေးခြင်းကို ခြံငယ်များအတွက် အပင်ကို ထိန်းချုပ်ထားရန် အတွက်လည်း ပြုလုပ်ပေးရပါသည်။ ကိုင်းဖြတ်ပေးခြင်းကြောင့် အသစ်ထွက်လာသည့် ကိုင်းများမှ ပန်းပွင့်နောက်ကျခြင်းကိုလည်း မျှော်မှန်းရရှိနိုင်ပါတယ်။ သရက်ပင်ငယ်များသည် ရေရမှုမနည်းသင့်ပါ။မိုးရွာသွန်းမှု အကန့်အသတ်ဖြစ်လျှင် ပထမနှစ်အတွင်း နှစ်ပတ်တစ်ကြိမ်၊ ဒုတိယနှစ်အတွင်း ၃ ပတ်တစ်ကြိမ်နှင့် ယင်းနောက်တွင် တစ်လ တစ်ကြိမ် ရေပေးသွင်းသင့်ပါတယ်။ အရွယ်ရောက်အပင်များသည် ပန်းမပွင့်မီအနည်းဆုံး ၂လတွင် ရေပေးသွင်းခြင်းကိုထိန်းချုပ်ပေးထားလျှင် (ရေဖြတ်ပေးထားလျှင်) ထုတ်လုပ်မှု ပိုလာပါမည်။ ပူ၍ ခြောက်သွေ့ရာသီ ဖြစ်သော်လည်း အသီးကြီးထွားမှုအတွက် အဆင်ပြေပါဆယ်။ ပန်းပွင့်ချိန်နှင့် ရိတ်သိမ်းချိန်ကြားတွင် ရေဖြည့်ပေးခြင်းသည် အထွက်နှုန်းကောင်းရန်အတွက် သင့်လျော်သည်။ အပင်ငယ်သည် ပထမနှစ်အတွင်း တစ်နှစ်လျှင် နိုက်တြိုဂျင် ဝ.၁ မှ ဝ.၂ ပေါင် (ဥပမာ၁၀-၂၀-၂၀ မြေသြဇာ ၁ ပေါင်မှ ၂ ပေါင်)နှင့် ၂ နှစ်သားနှင့် ၃ နှစ်သားအတွင်း နိုက်တြိုဂျင် ဝ.၁၅ မှ ဝ.၃ ပေါင် (ဥပမာ ၁၀-၂၀-၂၀ မြေသြဇာ ၁.၅ ပေါင်မှ ၃ ပေါင်)ကို ရရှိသင့်ပါတယ်။ တစ်နှစ်အတွက် စုစုပေါင်း မြေသြဇာကို ၃ ကြိမ် သို့မဟုတ် ၄ ကြိမ်ခွဲ၍ ထည့်ပေးသင့်ပါတယ်။ ကြီးထွားမှု အသစ်မစမီ မျှတစွာ ကျွေးခြင်းကို ကြိုတင်ဆောင်ရွက်ပေးရပါမည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။