ဖြေကြားချက် ၅ ခု
"တိရစ္ဆာန်စွန့်ပစ်ပစ္စည်းမစင်များဖြင့် မြေဩဇာဖျော်ရည် ပြုလုပ်သုံးစွဲနည်း" ဒီနည်းလေးသုံးကြည့်စေချင်ပါတယ်။ အကုန်ကျသက်သာပြီး ထိရောက်ပါတယ်။ ဒီလင့်ကို နှိပ်လိုက်ပါ။ http://greenwaymyanmar.org/article/689
အခုက green house နဲ့စိုက်တာပါ။ နွားချေးလဲထည့်ပေးထားပါတယ်။သီးခြားလိုအပ်တာရှိလားလို့မေးတာပါ။ ကျေးဇူး ပါ။
သူ့အတွက် သီးသန့်အစာဆိုပြီး မရှိပါဘူးဗျ။ နှမ်းဖတ်ပုပ်အပြင် အခြား သဘာဝမြေသြဇာနဲ့ ရွက်ဖြန်းမြေသြဇာတွေ ကျွေးလို့ရပါတယ်။ အရွက်ကို ဦးစားပေးတဲ့အတွက်ကြောင့် နိုင်ထရိုဂျင်များတဲ့ မြေသြဇာကျွေးသင့်ပါတယ်။ ကျွန်တော်တို့ စိုက်တုန်းကတော့ ဘောင်လုံးကတည်းက နွားချေးများများ ထည့်ပေးထားလိုက်တာ။
မျိုးကတော့ ယိုးဒယားမျိုးပါ။ အပင်ကိုအစာကျွေးရတယ်လို့ကြားဖူးပါတယ်။ နှမ်းဖက်ပုတ်ဘဲလား။ သီးခြာကျွေးတာရှိသေးလား ခင်ဗျ။
ဆလပ်အစိမ်းနဲ့ စိုက်တာ အတူတူပါပဲ။ အနီမျိုးက ဘယ်ကယူလာတာလဲဆိုတာတော့ မူတည်ပါတယ်။ ကျွန်တော်စိုက်တုန်းက အနောက်နိုင်ငံက သယ်လာတာတွေဆိုတော့ ဒီက ရာသီဉတုနဲ့ သိပ်မကိုက်ဘူး။ အပူဒဏ်နဲ့ မိုးများတဲ့ဒဏ် မခံနိုင်ဘူး။ မိုးရာသီမှာ မိုးပေါက်စင်တဲ့ထဲက သဲရိုက်လို့ အရွက်တွေဒဏ်ရာရပြီး မှိုကျကုန်တယ်။ မိုးစက်မစင်အောင် အပေါ်က အမိုးကို ပလပ်စတစ်စနဲ့ လုံလုံလေး မိုးပေးဖို့ လိုအပ်ပါတယ်။ နှမ်းဖက်ကို အပုပ်ခံပြီး လောင်းရင် အပင်ကြီးထွားမှု အရမ်းမြန်ပါတယ်
ဆက်စပ်မေးခွန်းများ
ကွန်ကလစ်မိုလောင်းထားတဲ့ကန်နဲ့သံပုရားပင်ကိုနွေသီးရအောင် ရေသောက်မြစ်ဖြတ်စိုက်ချင်ပါတယ် စိုက်သင့် မစိုက်သင့်အကြံ...
ဖြေကြားချက် 0 ခု
မဂၤလာပါ ပိုးသတ်ဆေးကိုင်တွယ်အသုံးပြုတဲ့ သင်တန်းများပေးပါသလားခင်ဗျာ။
ဖြေကြားချက် 1 ခု
မင်္ဂလာပါ မြင်းခြံမှာစပျစ်စိုက်ချင်ပါတယ်။ မြေကြီးကို ဘယ်လိုပြုပြင်ပြီး စိုက်ပျိုးရမလဲ။ပြီးတော့ကျရောက်နိုင်မဲ့...
ဖြေကြားချက် 2 ခု
သင်္ဘေ်ာပင်
ဖြေကြားချက် 1 ခု
မြေဆပ်ပြာပေါက်တာဘယ်လိုပျက်ရမလဲ ဘယ်လိုလုပ်ဆောင်ရမလဲပြောပြပေးပါ
ဖြေကြားချက် 1 ခု