အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,208
လွန်ခဲ့သော ၈ နှစ် က

မြေဆပ်ပြာပေါက်တာဘယ်လိုပျက်ရမလဲ ဘယ်လိုလုပ်ဆောင်ရမလဲပြောပြပေးပါ

မြေဆီလွှာ ဥယျာဉ်ခြံ သီးနှံ၊ သစ်သီးဝလံ

ဖြေကြားချက် ၁ ခု

27,452 လွန်ခဲ့သော ၈ နှစ် က

ဆားပေါက်မြေတွေကို ဘယ်လိုပြင်ဆင်ကုစားမလဲ ဆားတွေဟာ အပင်ရဲ့ အမြစ်ဇုံကို ထိခိုက်စေတာကြောင့် အမြစ်ဇုံအောက် ရောက်သွားအောင်နှင့် မြေမျက်နှာပြင်အထက်တက်မလာအောင် ရေထုတ်မြောင်းများထားရှိပေးရမယ်။ စိုက်ကွက်ကြီးတစ်ခုလုံးကို ရေထုတ်ပေးတာထက် စိုက်ကွက်ငယ်လေးတွေ ဖန်တီးပြီး ရေထုတ်မြောင်းများ ဆောင်ရွက်သင့်တယ်။ စိုက်ကွက်ငယ်လေးတွေကို ရေကောင်းရေသန့်ပေးသွင်းပြီး ရေထုတ်မြောင်းကနေ ရေထုတ်ပေးရမယ်။ (ရေသွင်းမြောင်း၊ ရေထုတ်မြောင်း သပ်သပ်စီ ထားရှိဆောင်ရွက်ရမယ်။) အနည်းဆုံး မစိုက်ခင် ဆားများပျော်ဝင်ပြီး လျော့ကျသွားသည်အထိ ဆောင်ရွက်ရမယ်။ ညံပင်ကဲ့သို့သော သစ်စိမ်းမြေသြဇာပင်များကိုစိုက်ပေးပြီး မြေကို ပြင်ယူသင့်တယ်။ စူပါဖော့စပိတ် (Super phosphates)၊ အမိုနီယမ်ဆာဖိတ် (Ammomium sulphate) (သို့) ယူရီးယားမြေသြဇာတို့ကို ထည့်သွင်းပေးလို့ရသော်လည်း ဓာတ်ဆား (Muriate of Potash) နှင့် အမိုနီယမ်ကလိုရိုဒ် (Ammomium chlorides) မြေသြဇာတွေကိုတော့ ထည့်သွင်းမပေးသင့်ပါ။ မြေမျက်နှာပြင်ပေါ်ရှိ ဆားပေါက်မြေများကို ဂေါ်ပြားပေါက်ပြားဖြင့် ခြစ်ထုတ်ဖယ်ရှားပစ်ပါ။ ဆားငံဒဏ်ခံနိုင်သော သီးနှံပင်များကို စိုက်ပျိုးပါ။ မစိုက်ပျိုးမီ မျိုးစေ့အား ဆား 0.1% ဖျော်ရည်ထဲတွင် ၂-၃ နာရီကြာစိမ်ပြီး စိုက်ပျိုးပါ။ ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။