ဖြေကြားချက် ၁ ခု
ငွေနှင်းမှိုသည် မြန်မာနိုင်ငံ အနှံအပြားတွင် စိုက်ပျိုးနိုင်ပြီး တစ်နှစ်ပတ်လုံး ထွက်ရှိအောင် စိုက်ပျိုးနိုင်ပါသည်။ ငွေနှင်းမှို စိုက်ပျိုးရာတွင် စိုက်ထုပ်မှ မှိုပွင့်ရန်အတွက် လိုအပ်သော အပူချိန် နှင့်စိုထိုင်းကို ဖန်တီးပေးရန် လိုအပ်ပါသည်။ မှိုပွင့်ရန် လိုအပ်သော အပူချိန် စိုထိုုင်းဆ လေဝင်လေထွက် အလင်းရောင် အနည်းငယ်ရှိသော မည်သည့်နေရာမဆို မှိုစိုက်ထုပ်ကို ထားရှိ စိုက်ပျိုးနိုင်ပါသည်။ တနိုင်တပိုင် အဖြစ်ရေချိုးခန်းများတွင် ချိတ်ဆွဲ၍သော်လည်းကောင်း၊ အိမ်ခြံဝင်း အတွင်း အေးသော အရိပ်အောက်တွင် ထားရှိ၍ သော်လည်းကောင်း၊ နေရောင် တိုက်ရိုက် ကျရောက်မှုလေပြင်း တိုက်ခိုက်မှု ပူပြင်းလွန်းသောနေရာ များနှင့် ကင်းလွတ်သောနေရာများတွင်နေရာ အခြေအနေပေါ် မူတည်၍ ချိတ်ဆွဲခြင်း၊ ထောင်ထားခြင်း၊ လှဲ၍ စီထပ်ထားခြင်း၊ မှိုစိုက်ခန်း သီးသန့် ပြုလုပ်ခြင်းတို့ဖြင့် စိုက်ပျိုးနိုင်ပါသည်။ ငွေနှင်းမှိုစိုက်ပျိုးနည်းကို စိုက်ပျိုးနည်းအခန်းကဏ္ဍတွင်ဝင်ရောက်လေ့လာနိုင်ပါတယ်။ အောက်ပါlinkတွင်လည်း ငွေနှင်းမှိုစိုက်ပျိုးနည်းကိုဝင်ရောက်လေ့လာနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ့။ https://greenwaymyanmar.com/posts/cultivation-of-oyster-mushroom
ဆက်စပ်မေးခွန်းများ
ငွေနှင်းမှို စိုက်ပျိုးခြင်း အဆင့်ဆင့်ပြုလုပ်ပုံနှင့် ရောဂါပိုးမွားကာကွယ်ခြင်းအကြောင်းသိချင်ပါတယ်
ဖြေကြားချက် 1 ခု
စိုက်ပျိုးရေးမှိုများ အဝယ်ကုန်သည်များ၏ လိပ်စာများ ဆက်သွယ်ရန်ဖုန်းနံပါတ်များသိချင်ပါတယ်ခင်ဗျ
ဖြေကြားချက် 1 ခု
မှိုကိုအိပ်ခန်းထဲတွင် ထည့်ထားပြီး စိုက်ရင်ကျန်းမာရေးထိခိုက်နိူင်ပါသလားဗျ
ဖြေကြားချက် 2 ခု
ငွေနှင်းမှိုဘယ်လိုစိုက်ရတာလဲဗျ
ဖြေကြားချက် 1 ခု
ငွေနှင်းမှို စီပွားဖြစ် စိုက်ပျိုး ပြုစု ထုတ်လုပ်နည်းလေး သိခြင်းလို့ပါ
ဖြေကြားချက် 2 ခု