ကျွန်နော်ကတော့ နေပြည်တော် လယ်ဝေးမြို့နယ်က တောင်သူတစ်ဦးပါ ကျွန်တော်တို့ ဒေသ မှာဆိုရင် စပါး နှမ်း မြေပဲ မတ်ပဲ...
ကျွန်နော်ကတော့ နေပြည်တော် လယ်ဝေးမြို့နယ်က တောင်သူတစ်ဦးပါ ကျွန်တော်တို့ ဒေသ မှာဆိုရင် စပါး နှမ်း မြေပဲ မတ်ပဲ ကို အဓိက စိုက်ကြပါတယ် ဒီရာသီမှာ ဆိုရင်တော့ မိုးနှောင်း ကောင်းတဲ့အတွက် စပါးရိတ်သိမ်းပြီး ဖြစ်ပေမယ့် မတ်ပဲ စိုက်ဖို့က အဆင်မပြေ ဖြစ်နေပါသေးတယ် အဲဒါကြောင့် ဒီနှစ် ကျွန်တော်တို့ မတ်ပဲ စိုက်တာ နောက်ကျနိုင်ပါတယ် နောက်ကျတဲ့ အတွက် အိန္ဒိယ နဲ့ သဘောတူညီမှု အရ မတ်လ ကုန် ထိပဲ ဖြစ်တဲ့ အတွက် ကျွန်တောိတို့ရဲ့ မတ်ပဲတွေ ဟာ April လောက်မှသာ ထွက်မှာဖြစ်လို့ ဈေးကောင်းရရှိဘူး မသေချာပါဘူး အဲဒါကြောက့် မတ်ပဲ အစား ပဲလွန်းပြာ ပဲလွန်းဖြူ စိုက်မယ်ဆိုရင် ဈေးကွက် အနေအထား ဘယ်လို ရှိနိုင်မလဲ နေပြည်တော်တဝိုက်မှာကတော့ ပွဲရုံတွေက မဝယ်ပါဘူး အဲဒီပဲနှစ်မျိုးကို မန်းလေးပွဲရုံတွေမှာတော့ ဝယ်တယ်လို့သိရပါတယ် ကျေးဇူးပြုပြီး ပဲလွန်း စိုက်သင့် မစိုက်သင့်နှင့် ဈေးကွက်ခြေနေလေး ပြောပြပေးပါခက်ဗျာ ကျေးဇူးတင်ပါတယ် #ကျွန်တော်တို့ဒေသမှာ ပဲလွန်းက မတ်ပဲထက် ပိုပြီး အထွက်ကောင်းပါတယ်