အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,018
လွန်ခဲ့သော ၅ နှစ် က · ဝေါ

မနှစ်က ပဲတီစိမ်းအခင်းထဲမှာ အပင်ကြီးမှ ငုတ်တုတ်ကြီးတွေ အပင်တွေခြောက်ပြီးသေကုန်လို့ ခင်ဗျာ ဘာရောဂါဖြစ်တာလဲ ဒီ...

မနှစ်က ပဲတီစိမ်းအခင်းထဲမှာ အပင်ကြီးမှ ငုတ်တုတ်ကြီးတွေ အပင်တွေခြောက်ပြီးသေကုန်လို့ ခင်ဗျာ ဘာရောဂါဖြစ်တာလဲ ဒီနှစ်ကြိုတင်ကာကွယ်ချင်လို့ ဘယ်လိုလူးနယ်ဆေးသုံးရမလဲ အသုံးပြုပုံလေးပါ အသေးစိတ်ရှင်းပြပေးပါအုံး ဆရာတို့ခင်ဗျာ လူးနယ်ဆေးတစ်ခါမှမသုံးဖူးလို့ပါ

Post image
Post image
1

ဖြေကြားချက် ၁ ခု

270,769 လွန်ခဲ့သော ၅ နှစ် က

အပင်ခြောက်သေခြင်းက အစိုဓာတ်လိုအပ်ခြင်းကြောင့် လည်းကောင်း၊ ပိုးမွှားရောဂါကျရောက်ခြင်း တို့ကြောင့်လည်းကောင်း ဖြစ်ပေါ်နိုင်ပါတယ်။ သီးနှံပင်ပေါ် အခြားသော ထိခိုက်ဒဏ်ရာများ၊ လက္ခဏာများကိုလည်း ကြည့်ရှုရမည်ဖြစ်ပါတယ်။ မြေတွင်း အစိုဓာတ်ကို အားထားစိုက်ပျိုးရသည့် ဒေသများဖြစ်ပါက အစိုဓာတ်မှီအောင် ရာသီချိန်ကိုက် စိုက်ပျိုးရန်ဖြစ်ပါသည်။ ပိုးမွှားရောဂါကြောင့်ဖြစ်တတ်တဲ့ အခြေအနေများကိုပြောပြပေးသွားပါမယ်။ ပင်ခြေပုပ်ရောဂါကျရောက်ပါက လက္ခဏာမှာ အပင်ငယ်စဉ်တွင် အဝါရောင်ရှိပြီး မြေပေါ်သို့လဲကျနေမည်။ အပင်ကြီးဖြစ်ပါက အပင်ထောင်လျှက် ခြောက်နေသည့် လက္ခဏာကို တွေ့ရမည်ဖြစ်ပါသည်။ ပင်ခြေတွင် မှိုမျှင်ဖြူများနှင့်အတူ မုန့်ညင်းစေ့ကဲ့သို့ (စကလိုရှား) ခေါ် အလုံးငယ်များတွေ့ရမည်။ -ရောဂါရ ပင်ကြွင်းပင်ကျန်များကို ဖျက်ဆီးပါ။ -မြေအစိုဓာတ်များမှု မဖြစ်စေရန်ထိန်းသိမ်းပါ။ -မြေပြင်ချိန်တွင် ထရိုင်ဂိုဒါးမား (Trichoderma) မှိုကို မြေခံအဖြစ်ထည့်ပေးပါ။ -ရောဂါစတင်ကျရောက်ချိန်တွင် Captan ၊ Tebuconazole ၊ Validamycin ၊ Hymexazol ၊ Azoxystrobin စသည့် မှိုသတ်ဆေးတစ်မျိုးမျိုးကို အပင်ခြေရင်းတွင် အညွှန်းပါ ဆေးနှုန်းထားအတိုင်း ရွှဲရွှဲပက်ဖျန်းပေးပါ။ ပင်စည်ထိုးယင်ကျရောက်ပါက မြေကြီးနှင့်ကပ်နေသော ပင်စည်တွင် ပိုးပေါက်ရာများ တွေ့ရပြီး ပိုးကျအပင်သည် မီးမြိုက်ခံရသကဲ့သို့ ဝါရာမှ ညှိုးသွားမည်။ စိုက်ခင်းတွင် နေရာအလိုက် အကွက်လိုက် သေနေသည်ကို တွေ့နေရပါမည်။ အပင်ခြောက်နေသည့် လက္ခဏာကို တွေ့ရမည်ဖြစ်ပါသည်။ မျိုးစေ့ကို အင်မီဒါကလိုပရစ် (Imidacloprid)(70%WP) ဖြင့် မျိုးစေ့လူးနယ်စိုက်ပျိုးပါ။ အပင်သက်တမ်း (၁၀-၁၄) ရက် အတွင်း အပင်ပျောက်ခြင်း၊ သေခြင်းတွေ့ရပါက (Cartap hydrochloride) ၊ (Thiamethoxam) ၊ (Acephate) ၊ (Imidacloprid) စသည့် ပင်လုံးပြန့် ပိုးသတ်ဆေး တစ်မျိုးမျိုးကို ပိုးသတ်ဆေးဘူး/ အိတ်ပေါ်ပါ အညွှန်းအတိုင်း ပက်ဖျန်းပါ။ အပင်ပိုးမွှားရောဂါ ကျရောက်မှုနှင့်ပတ်သက်၍ ပိုမိုတိကျသော အဖြေများရရှိနိုင်ရန် သီးနှံကာကွယ်ရေးဌာနခွဲမှ ကျွမ်းကျင်ပညာရှင်များထံသို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ လူကြီးမင်း၏မေးခွန်းကို စိုက်ပျိုးရေးဦးစီးဌာန call center မှ ဖြေဆိုပေးထားခြင်းဖြစ်ပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။