၁၂ရက်သားမိုးနှစ်မိတယ်ရေတောမအိုင်ဘူးအားဆေးဖြန်းကမလား. မြတ်သက်ဆေးဖြန်းကလား. အားဆေးက. ဘာအားဆေးကောင်းလဲ
ကျေးဇူးပါ
အစိုဓာတ်ရှိတာကောင်းပါတယ်။ ရေမဝပ်အောင်ဂရုစိုက်ပါ။ မြက်ကို ကြားပေါင်းလိုက်စက်နဲ့ပဲဖြစ်ဖြစ်၊ လက်နဲ့ပဲဖြစ်ဖြစ် လိုက်ပေးနိုင်ရင်ပိုကောင်းပါတယ်။ ဆေးသုံးချင်တယ်ဆိုရင်တော့ ဒီရက်သားမှာ ဖော်ကျွန်းမြက်သတ်ဆေး၊ ဖော်ဝမ်း ရွက်ပြန့်ပေါင်းသတ်ဆေးတို့ကိုသုံးနိုင်တယ်လို့ လေ့လာရပါတယ်။ အပင်အားဆေးအနေနဲ့ ဒီအချိန်ကစလို့ ၇-၁၀ ခြားတစ်ကြိမ် ရွက်ဖြန်းမြေသြဇာတစ်မျိုးမျိုးကို အရွက်အပေါ်အောက်ဖျန်းပေးရင်ကောင်းပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပဲတီစိမ်းကြဲပြီးဘယ်နှစ်ရက်နေမှပေါင်းသတ်ဆေးဖျန်းသင့်ပါသလဲဘယ်လိုပေါင်းသတ်ဆေးဖျန်းရမ လဲ
ဖြေကြားချက် 3 ခု
ပဲတီစိမ်းခင်းပေါင်းသတ်ဆေးကိုပဲတီစိမ်းဘယ်နှစ်ရက်မှာဖြန်းပေးရမလဲခင်ဗျ
ဖြေကြားချက် 1 ခု
ဘာပေါင်းသက်ဆေးသုံးရမလဲဗျာ
ဖြေကြားချက် 2 ခု
ပိုးလည်းစားပေါင်းလည်းထူဘာဆေးဖြန်းရမလည်းညွှန်းပေးပါအုန်း
ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ပါတယ်လယ်ထဲမှာလယ်ခမ်ရမ်ပင်ရှိပါတယ်ဘာဆေးသုံးရမလဲ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။