ဖြေကြားချက် ၁ ခု
ဘော်ဒိုဆေးရည်ကို အလွယ်တကူကိုယ်တိုင်ဖျော်စပ်နိုင်ပါတယ်ခင်ဗျာ့။ လိုအပ်တဲ့ထုံးနှင့်ဒုတ္တာကိုတော့ နီးစပ်ရာ ဘယဆေးဆိုင်(သို့)စိုက်ပျိုးရေးသွင်းအားစုဆိုင်တွေမှာ ဝယ်ယူလို့ရပါတယ်။ ဆေးစပ်ပြီးသားအနေဖြင့်တော့မရောက်းကျပါဘူး ဆေးရည်ကဖျော်စပ်ပြီး ၂၄နာရီအတွင်းအသုံးပြုရလို့ပါ။ ဘော်ဒိုဆေးရည် ဖျော်စပ်ပုံအကြောင်းလေးကိုဖော်ပြပေးလိုက်ပါတယ်။ ပါဝင်ပစ္စည်းများ ဒုတ္တာ ၂၈ ကျပ်သား (၁ ပေါင်) ထုံး ၂၈ ကျပ်သား (၁ ပေါင်) ရေ ၁၀ ဂါလံ (၁ ဂါလံ = ၁၀ ပေါင်) ရောစပ်သည့် အချိုး ဒုတ္ထာ ၁ ပေါင်- ထုံး ၁ ပေါင် - ရေ ၁၀၀ ပေါင်(၁၀ ဂါလံ) ၁ - ၁ - ၁၀၀ - ၂ %ဘော်ဒိုဆေးရည် ဒီတော့ ဒုတ္တာ ၂၈ ကျပ်သား- ထုံး ၂၈ ကျပ်သား - ရေ၁၀ ဂါလံ ဖျော်စပ်ပုံ ဒုတ္ထာ၂၈ ကျပ်သား ကိုရေ၅ဂါလံနှင့် ပုံးတစ်ပုံး တွင်ဖျော်ပါ ။နောက်ထပ် ပုံးတစ်ပုံးတွင် ထုံး ၂၈ ကျပ်သား ကိုရေ၅ဂါလံ တွင်ဖျော်ပါ။ ထိုသို့ဖျော်ပြီးနောက် ဖျော်ရည်နှစ်မျိုး ကိုပေါင်းစပ် လိုက်လျှင်ဘော်ဒိုဆေးရည် ရရှိ မည်ဖြစ်ပါ တယ် ။ဆေးရည်ကို ၂၄ နာရီ အတွင်း အသုံးပြုရမည်။ အချို့ စာအုပ်များတွင် တိုက်ရိုက်ရောစပ်ဖျော် ရန်ရေးထားတာ ကိုတွေ့ရပါတယ်။ သီးခြား ခွဲဖျော်ထားပါက လိုအပ်သည့် အချိန်တွင် လိုအပ်သလောက် စပ်ပြီး အသုံးပြုနိုင်သည့် အတွက်ဆေးရည် ဆုံးရှုံးလေလွင့်မှု သက်သာနိုင်တယ်။ သတိပြုရန်မှာ သံ/သွပ်ပုံးများတွင် မဖျော်ရပါ။ သံ/သွပ်တို့နှင့် ဓာတ်ပြုသွားပြီး အာနိသင်သက်ရောက်မှု နည်းသွားမည် ။ဆေးရည် ကိုမွှေတဲ့နေရာမှာ လည်း သစ်သားဒုတ်၊ ပလပ်စတစ်ချောင်း တို့ဖြင့် သာမွှေပေးပါ။ ဘယ်လိုသုံးမလဲ အပင်ကိုနှံစပ်အောင် ဖျန်းပေးပါ ။နေသာပြီးခြောက်သွေ့တဲ့ မနက်စောစောမှာဖြန်းနိုင်ရင်တော့ အကောင်းဆုံးပါ။ ဖျန်းနေစဉ် အတောတွင်း မှာ ဆေးပုံးထဲ ရှိဆေးရည်များ အနယ် ထိုင်မသွားအောင် တတ်နိုင်သလောက်လှုပ်ပေးပါ။ ရောစပ်ပြီး ၂၄ နာရီအတွင်း အသုံးပြုပါ။
ဆက်စပ်မေးခွန်းများ
ကွမ်းစိုက်ပျိုးလျှင် ကွမ်းရောဂါမဝင်ရအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာ သိချင်ပါတယ်ခင်ဗျာ
ဖြေကြားချက် 1 ခု
အရင်သုံးလေးနှစ်က ကွမ်းစိုက်ဖူးပါတယ်။အတော်ရောင်းချလို့ရတဲ့အရွယ်ကျမှ ဆစ်မဲပိုးကြောင့် အကုန်ကုန်သွားပါတယ်။တရွာ...
ဖြေကြားချက် 1 ခု
ကွမ်းစိုက်ပျိုးခြင်းအကြောင်းကိုပြည့်စုံစွာသိရှိရန်ဘယ်အခန်းကဏ္ဍမှာလေ့လာလို့ရနိုင်ပါသလဲခဗျာ
ဖြေကြားချက် 2 ခု
ကွမ်းယခုမှစတင်စိုက်ပျိုးပါမည်းလိုအပ်သောနည်းလမ်းများညွန်ပြပေးပါရှင်
ဖြေကြားချက် 3 ခု
ကွမ်းပင် စိုက်ပျိုးနည်းလေး ဖြေကြားပေးပါဦးဗျ
ဖြေကြားချက် 1 ခု