ဖြေကြားချက် ၃ ခု
elဖျော်ရေဖြောက်နီပြောကျပါလားဆရာတို့
ကျေးဇူးပါရှင့်
ကွမ်းစိုက်ပျိုးနည်းအကြောင်းကို စိုက်ပျိုးနည်းပညာ-စိုက်ပျိုးနည်းအောက်တွင်ဝင်ရောက်လေ့လာနိုင်ပါတယ်။ ကွမ်းခြံအကျယ် စိုက်သူများအနေဖြင့် ကွမ်းခြံတည်မည့်နေရာကို နွားထယ်ထိုး၍ ထွန်တစ်စပ် ဝင်ကာမြေပြင်ကြသည်။ ထို့နောက် အမြင့် (၄) လက်မ ဗျက်အကျယ် (၂) ပေ ရှိ ဘောင်ရှည်များ ပြုလုပ်ကြသည်။ ဘောင်တစ်ဘောင်နှင့် တစ်ဘောင် (၃) ပေခြားသည်။ ဒေသအလိုက် အနည်းငယ် ကွာခြားသည်။ ကွမ်းခြံ အကျဉ်း စိုက်သူများ ကွမ်းတိုင် (၅၀၀) စိုက်မည့် သူများအနေဖြင့် (၃၀ x ၄၀) ပေ အရွယ် မြေကွက်သာ လိုရာနွားဖြင့် မြေမပြင်နိုင်ဘဲ ပေါက်ပြားဖြင့်ပင် ကွမ်းစိုက်ဘောင်များ ပြုလုပ်ကြသည်။ အမြင့် (၄) လက်မ ဘောင် ဗျက်အကျယ် (၃) ပေ နှင့် တစ်ဘောင်နှင့် တစ်ဘောင်ခြား တစ်ပေခွဲခြား ပြုလုပ်ထားသည်။ အချို့ ကွမ်းစိုက်သူများသည် နွားချေးဆွေးပင် မထည့်ချေ။ ဓါတ်မြေသြဇာ အနေဖြင့် တီစူပါမြေသြဇာကိုသာ ထည့်ပေးသည်။ အချို့ စိုက်ပျိုးသူများမှာ နွားချေးလည်း ထည့်သည်။ ယခင်က ယူရီးယား ထည့်သည်။ နောက်ပိုင်း သုံးမျိုးစပ် ကွန်ပေါင်းမြေသြဇာများကို သုံးသည်။ ထုံးမှုန့်၊ ဖိုပြာများကိုလည်း ထည့်လေ့ရှိသည်။ ထည့်ပြီးပါက ပေါက်ပြားဖြင့် ရောမွှေသမပြီး ရေဖျန်းကာ (၄-၅) ရက်ကြာ နှပ်ထားသည်။ ကွမ်းစိုက်ပျိုးနည်းအပြည့်အစုံကိုတော့ အောက်ပါLinkတွင်ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ့။ https://greenwaymyanmar.com/posts/cultivation-of-lower-myanmar-betel
ဆက်စပ်မေးခွန်းများ
ဘော်ဒိုဆေးဘယ်မှာဝယ်လို့ရလည်း
ဖြေကြားချက် 1 ခု
ကွမ်းစိုက်ပျိုးလျှင် ကွမ်းရောဂါမဝင်ရအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာ သိချင်ပါတယ်ခင်ဗျာ
ဖြေကြားချက် 1 ခု
အရင်သုံးလေးနှစ်က ကွမ်းစိုက်ဖူးပါတယ်။အတော်ရောင်းချလို့ရတဲ့အရွယ်ကျမှ ဆစ်မဲပိုးကြောင့် အကုန်ကုန်သွားပါတယ်။တရွာ...
ဖြေကြားချက် 1 ခု
ကွမ်းပင် စိုက်ပျိုးနည်းလေး ဖြေကြားပေးပါဦးဗျ
ဖြေကြားချက် 1 ခု
ကွမ်းစိုက်ဖို့အတွက် ဘယ်လိုမြေမျိုးစားက ကောင်းပါသလဲဗျ ဘယ်လိုပြုပြင်သင့်ပါသလဲ
ဖြေကြားချက် 1 ခု