ဖြေကြားချက် ၂ ခု
ရွှေနီပင်ပုံတင်ပေးပါလားဝယ်လို့ရတဲ့နေရာနဲ့တကွပေါ့နော်
စိုက်ကျင်းတစ်ကျင်းလျှင် နွားချေးဆွေး (၂၀)ကီလိုဂရမ် (၁၂ ပိဿာ)၊ ဒိုလိုမိုဒ် ထုံးကျောက်မှုန့် (ဝ.၅)ကီလိုဂရမ် (၃၀ ကျပ်သား)၊ တီစူပါ (၇၅)ဂရမ် (၄ ကျပ်သားခွဲ) ကို အပေါ်ယံမြေနှင့် ရောပြီး အပင်မစိုက်ပျိုးမီ ကျင်းတွင်ထည့်ပါ။ စိုက်ပျိုးထားသော အပင်များ အမြစ်စွဲလျှင် တစ်ပင်လျှင် ယူရီးယား (၄၃၅) ဂရမ် (၂၆ ကျပ်သား)၊ တီစူပါ (၂၁၀) ဂရမ် (၁၂ ကျပ်သား)၊ ပိုတက်(၃၂၀) ဂရမ် (၁၉ ကျပ်သား) နှုန်းထည့်သွင်းပေးပါ။ ပထမနှစ် လမိုင်းခင်းတွင် တစ်ပင်ကိုယူရီးယား (၁၁၀) ဂရမ် (၆ ကျပ်သား) နှုန်း ထည့်သွင်းပေးပါ။ ဒုတိယနှစ် လမိုင်းခင်းတွင် တစ်ပင်ကိုယူရီးယား (၁၁၀) ဂရမ်(၆ ကျပ်သား) နှုန်း ထည့်သွင်းပေးပါ။ ယူရီးယားကို (၃၀)ရက်၊ (၇၅) ရက်၊ (၁၂၀) ရက်နှင့် (၁၆၅) ရက် ခြား၍ အကြိမ်ကြိမ်ခွဲ၍ ထည့်သွင်းပေးပါ။ ပိုတက်ကို (၇၅)နှင့် (၁၆၅) ရက်ခြား၍ နှစ်ကြိမ်ခွဲထည့်သွင်းပါ။ ဓာတ်မြေဩဇာ ထည့်သွင်းခြင်းကို ငှက်ပျောဖူး မထွက်မီ (စိုက်ပြီး ၅-၆ လအကြာ) အပြီးဆောင်ရွက်ပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ့။
ဆက်စပ်မေးခွန်းများ
တီကောင်မွေးချင်လို့ ဘယ်မှာ တီကောင်မျိုးဝယ်ရလဲ သိပါရစေ နေပြည်တော်ကပါ
ဖြေကြားချက် 1 ခု
ဈေးကွက်အကြောင်းရှင်းပြခြင်း
ဖြေကြားချက် 1 ခု
ငှက်ပျောပင်စိုက်မယ်ဆိုရင် ကျင်းရဲ့ အကျယ်တို့ အနက်တို့ ဘယ်လောက်ခန့် တူးရင်အဆင်ပြေနိုင်မှာလဲ ?
ဖြေကြားချက် 1 ခု
ငှက်ပျောကို မည်ကဲ့သို့ ဖြစ်မြောက်အောင် စိုက်ပျိုးရမည်နည်း ကျေးဇူးပါ
ဖြေကြားချက် 3 ခု
tricodarma မှီုပြုလုပ်ပုံအသေးစိတ်အားဖော်ပြပေးပါရန်လေးစားစွာမေးမြန်းအပ်ပါသည်
ဖြေကြားချက် 2 ခု