အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
60
လွန်ခဲ့သော ၈ နှစ် က · သာယာဝတီ

ငှက်ပျောကို မည်ကဲ့သို့ ဖြစ်မြောက်အောင် စိုက်ပျိုးရမည်နည်း ကျေးဇူးပါ

စိုက်ပျိုး ရေ ငှက်ပျော
3

ဖြေကြားချက် ၃ ခု

1,393 လွန်ခဲ့သော ၇ နှစ် က

ဘယ်ကလဲသေချာပေါက်အောင်မြင်ရမယ်

117 လွန်ခဲ့သော ၇ နှစ် က

မစိုက်မှီ ထွန်ထရေးချောရပါမည် စိုက်တဲ့အခါ ငှက်ပျောမျိုးကိုခြံအသစ်ကနေယူရပါမယ် လေးကွက်ကြားပုံ ၁၂တောင်ပတ်လည်စိုက်ပါ နွေရာသီမှာတစ်လတကြိမ်ရေသွင်းပေးပါ ငှက်ပျောသားပင်ကိုသုံးပင်ထက်ပိုမထားရ ဒါဆိုအဆင်ပြေပါပြီခဗျာ

လွန်ခဲ့သော ၈ နှစ် က

မြေသား ကျစ်လစ်မာကျောလျှင် ရေစိမ့်ဝင်မှုနှင့် လေဝင်လေထွက် ကောင်းစေရန် ထယ်နက် နက် ထိုးပေးရပါမယ်။ ငှက်ပျောသည် စိုက်သည်မှ မရိတ်သိမ်းမီထိ ၁၀ - ၁၂လ ကြာမြင့်တတ်ပြီး အပူချိန် နိမ့်ပါက ပိုမိုကြာရှည်တတ်ပါတယ်။ စိုက်နည်း (၂)မျိုး ရှိပါတယ်။ ပင်ပိုင်းစိုက်ပျိုးခြင်း (သားတက်များ သို့မဟုတ် မြေအောက်ပင်စည်များ)တစ်ရှူးမျိုးပွား ရရှိ သော အပင်ငယ်များ စိုက်ပျိုးခြင်းကို အပင်မြုံသည့် အခြေအနေတွင် စိုက်ခြင်းဖြစ်ပါတယ်။ ငှက်ပျောကို တစ်ဟက်တာလျှင် အပင် ၁၅၀ဝ မှ ၃၀ဝဝ ပင်( တစ်ဧက အပင်ဦးရေ ၆၀၀ - ၁၂၀၀)ထိ သတ်မှတ်လျှက် တစ်တန်းချင်းဖြစ်စေ၊ နှစ်တန်းပူး ဖြစ်စေ စိုက်ပျိုးနိုင်ရပါမယ်။ စိုက်ပြီး ငှက်ပျောပင်များကို လေပြင်းတိုက်ခတ်မှုမှ ကာကွယ်ရန် လေကာပင်များစိုက်ပေးထားသင့်ပါတယ် ၁ပေခွဲပတ်လည်ကျင်းတူးပြီးမြေဆွေး၊ နွားချေး၊ ပြာအစရှိသည်တို့ကို ကျင်းထဲထည့် ငှက်ပျောမျိုးပင်အခြေ/မျက်စိမြုပ်တဲ့အထိနှစ်ပြီးစိုက်ပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။