အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
174
လွန်ခဲ့သော ၅ နှစ် က · သာယာဝတီ

ပဲတီစိမ်းအားဆေးဘာသုံးရမလဲ☺

စိုက်ပျိုး ရေ ပဲတီစိမ်း ပဲတီစိမ်းအပင်အာဟာရ

ဖြေကြားချက် ၅ ခု

100,154 လွန်ခဲ့သော ၅ နှစ် က

၁လသားလောက်ကနေ ငါးအမိုင်နိုစသုံးနိုင်ပါတယ်ရှင့် ပန်းမပွင့်ခင်အချိန်ထိ သုံးပေးနိုင်ပါတယ် အခြား စျေးကြီးတဲ့ ရွက်ဖျန်းအားဆေးတွေ သုံးချင်လည်းသုံးနိုင်ပါတယ် ငါးအမိုင်နိုကတော့ ကုန်ကျစရိတ်သက်သာပြီး အကျိုးများပါတယ်ရှင့်

174 လွန်ခဲ့သော ၅ နှစ် က

၂၀ရက်သားလောက်ဘဲရှိသေးတယ်

1,919 လွန်ခဲ့သော ၅ နှစ် က

ဘယ်နှစ်ရက်သား ရှိပြီလဲဗျ ပန်းပွင့်စပြနေပြီလား

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၅ နှစ် က

အပင်ကြီးထွားဖို့ရန်အတွင် ငါးအမိုင်နိုအက်စစ်ကို သုံးနိုင်ပါတယ်။ ပြုလုပ်နည်းအသေးစိတ်ဖတ်ရန် - ငါးအမိုင်နိုအက်ဆစ်ပြုလုပ်နည်း (Fish Amino Acid - FAA)

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၅ နှစ် က

ပုလဲ​လက်ချား အားဆေးဖြန်းပေးပါ။ ဖျော်စပ်နည်းမှ ရေတစ်ဂါလံတွင် ပုလဲ ဟင်းစားဇွန်း ၄ ဇွန်း နှင့် လက်ချားမှုန့် ဟင်းစားဇွန်း(၁) ဇွန်းကို ပျော်အောင်ဖျော်ပါ။ တစ်ဧကတွင် တစ်ကြိမ်လျှင် ဖျော်စပ်ပြီးသား အာဟာရရည် ဂါလံ ၂၀ ကို နံနက်စောစော၊ ညနေစောင်းနှင့်၊ နေအေးသော အချိန်တွင်ပက်ဖျန်းပါ။ အသေးစိတ်ဖတ်ရန် နှိပ်ပါ - ယူရီးယားနှင့်လက်ချား အသုံးပြု၍ ပဲမျိုးစုံ အထွက်တိုးအောင် ပြုလုပ်နည်း

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။