ဖြေကြားချက် ၁ ခု
၇။ မြေဩဇာနှုန်ထား စိုက်ကျင်းတစ်ကျင်းလျှင် နွားချေးဆွေး (၂၀)ကီလိုဂရမ် (၁၂ ပိဿာ)၊ ဒိုလိုမိုဒ် ထုံးကျောက်မှုန့် (၀.၅)ကီလိုဂရမ် (၃၀ ကျပ်သား)၊ တီစူပါ (၇၅)ဂရမ် (၄ ကျပ်သားခွဲ) ကို အပေါ်ယံမြေနှင့် ရောပြီး အပင်မစိုက်ပျိုးမီ ကျင်းတွင်ထည့်ပါ။ စိုက်ပျိုးထားသော အပင်များ အမြစ်စွဲလျှင် တစ်ပင်လျှင် ယူရီးယား (၄၃၅) ဂရမ် (၂၆ ကျပ်သား)၊ တီစူပါ (၂၁၀) ဂရမ် (၁၂ ကျပ်သား)၊ ပိုတက်(၃၂၀) ဂရမ် (၁၉ ကျပ်သား) နှုန်းထည့်သွင်းပေးပါ။ ပထမနှစ် လမိုင်းခင်းတွင် တစ်ပင်ကိုယူရီးယား (၁၁၀) ဂရမ် (၆ ကျပ်သား) နှုန်း ထည့်သွင်းပေးပါ။ ဒုတိယနှစ် လမိုင်းခင်းတွင် တစ်ပင်ကိုယူရီးယား (၁၁၀) ဂရမ်(၆ ကျပ်သား) နှုန်း ထည့်သွင်းပေးပါ။ ယူရီးယားကို (၃၀)ရက်၊ (၇၅) ရက်၊ (၁၂၀) ရက်နှင့် (၁၆၅) ရက် ခြား၍ အကြိမ်ကြိမ်ခွဲ၍ ထည့်သွင်းပေးပါ။ ပိုတက်ကို (၇၅)နှင့် (၁၆၅) ရက်ခြား၍ နှစ်ကြိမ်ခွဲထည့်သွင်းပါ။ ဓာတ်မြေဩဇာ ထည့်သွင်းခြင်းကို ငှက်ပျောဖူး မထွက်မီ (စိုက်ပြီး ၅-၆ လအကြာ) အပြီးဆောင်ရွက်ပါ။ စိုက်ပျိုးနည်းအသေးစိတ်ဖတ်ရန် - ငှက်ပျော စနစ်တကျ စိုက်ပျိုးနည်း
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
Compost နဲ့ Natural Fertilizer ဘယ်လိုကွာခြားပါလလဲခင်ဗျာ၊ သူတို့ရဲ့လုပ်ဆောင်ချက်တွေကိုလဲသိလိုပါတယ်၊
ဖြေကြားချက် 2 ခု
သည်ငှက်ပျောမျိုး လိုခြင်ကြပါသလားခသ်ဗျာ့
ဖြေကြားချက် 4 ခု
ငှက်ပျောမြေခံဘာမြေသြဇာထည့်ရမလဲခင်ဗျ
ဖြေကြားချက် 1 ခု
ဘာဖြစ်တာလဲဗျ
ဖြေကြားချက် 2 ခု
တစ်သျှူးငှက်ပျောစိုက်ပျိုးနည်းလေး မျှဝေပေးကြပါအုန်းဆရာတို့
ဖြေကြားချက် 2 ခု