အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၅ နှစ် က · မြောင်

ရေဆင်း ၇ မတ်ပဲမျိုးကို မိုးစပါးအပြီး လယ်ကွက်မှာ အခုဒီဇင်ဘာ လကုန်လောက်မှာ စစိုက်မှာပါဗျ။ စစ်ကိုင်းတိုင်း၊မြောင်...

ရေဆင်း ၇ မတ်ပဲမျိုးကို မိုးစပါးအပြီး လယ်ကွက်မှာ အခုဒီဇင်ဘာ လကုန်လောက်မှာ စစိုက်မှာပါဗျ။ စစ်ကိုင်းတိုင်း၊မြောင်နယ်မှာပါဗျ။ အဆင်ပြေနိုင်လောက်လားလို့ ဖြေကြားပေးပါအုံးဗျ။ စိုက်ပျိုးနည်းလည်း မျှဝေပေးကြပါအုံး။

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 6,743 လွန်ခဲ့သော ၅ နှစ် က

မတ်ပဲအပင်ဖြစ်ထွန်းရန် လုံလောက်သော မြေအစိုဓါတ်ရှိပါက စိုက်ပျိုးနိုင်ပါသည်။ အောက်တိုဘာ ၊ နိုဝင်ဘာလများတွင် စိုက်ပျိုးတာကအသင့်တော်ဆုံးဖြစ်သည်။ မတ်ပဲစိုက်ပျိုးနည်းစနစ် (၁) ရေမြေဒေသနှင့်ကိုက်ညီပြီး ပိုးမွှားရောဂါကင်းစင်သည့် အရည်အသွေးကောင်းမျိုးများကို ရွေးချယ် စိုက်ပျိုးသင့်သည်။ (၂) မြေဆီဩဇာကောင်းမွန်လာစေရန် ကောင်းစွာဆွေးမြေ့နေသော သဘာဝမြေဩဇာနှင့် သစ်စိမ်းမြေဩဇာများကို တစ်နှစ်လျှင် (၃-၅) တန် အထိ နှစ်စဉ်ထည့်သွင်းပေးသင့်ပါသည်။ (၃) ထည့်သွင်းမည့် သဘာဝမြေဩဇာအားလုံးနှင့် ယူရီးယား(၂၈)ပေါင်၊ တီစူပါ (၅၆)ပေါင်၊ ပိုတက်ရှ် (၂၈)ပေါင်တို့ကို မြေပြင်စဉ်တွင် ထည့်သွင်းရန်လိုအပ်ပြီး ပိုတက်ရှ် (၂၈)ပေါင်ကို အပင်ကြီးထွားချိန်၌ အစိုဓါတ်ရှိချိန် ထပ်မံထည့်သွင်းသင့်သည်။ (၄) ထည့်သွင်းသည့်မြေဩဇာအကျိုးသက်ရောက်မှုရှိစေရန် အစိုဓါတ်ရှိချိန်၌ စိုက်တန်းကြားတွင် ကြောင်းဆွဲ၍ ထည့်ပြီးမြေဖုံးပေးသင့်သည်။ (၅) မြေတွင်းအောင်းပိုးနှင့် ပင်စည်ထိုးပိုးကို ကာကွယ်နှိမ်နင်းရန် ဖျူရာဒန် (၃-၆) ကီလိုဂရမ်ကို စိုက်ကြောင်းတွင်ထည့်သွင်းစိုက်ပျိုးသင့်သည်။ (၆) မျိုးစေ့လူးနယ်ဆေးများအသုံးပြုရာတွင် ပဲမြစ်ဖု ဇီဝမြေဩဇာနှင့် မှိုသတ်ဆေးများကို တစ်ချိန်တည်း ရောနှောအသုံးမပြုရပါ။ (၇) မျိုးစေ့ဆောင်ရောဂါများ ကာကွယ်ရန် မှိုသတ်ဆေးများကို (စိုက်ပျိုးချိန် စိုက်ကြောင်းတွင်ထည့်၍) စိုက်ချိန်တွင် ပဲမြစ်ဖုမြေဩဇာနှင့် လူးနယ်စိုက်ပျိုးသင့်သည်။ (၈) အတန်းလိုက်စိုက်ပျိုးပါက တန်းကြား၊ပင်ကြား ၁၂" × ၄" စိုက်ပျိုးသင့်ပါသည်။ (၉) မျိုးစေ့အတိမ်အနက် ၁" မှ ၁.၅"အတွင်းရှိရမည်ဖြစ်ပြီး အပင်ပေါက်ရန် အစိုဓါတ်လုံလောက်ရမည်။ စိုက်ပျိုးသည့်မြေနေရာတွင် ရေဝပ်ခြင်းနှင့်ရေနစ်မြုပ်ခြင်းမဖြစ်စေရန် ကြိုတင်စီမံထားသင့်သည်။ (၁၀) ကြားပေါင်းလိုက်ခြင်း၊ လက်ပေါင်းလိုက်ခြင်း ၊ ကြားတိုက်ခြင်းလုပ်ငန်းများကို စိုက်ပျိုးပြီးတစ်လ (ပန်းမပွင့်မီ အချိန်အတွင်း) အပြီးဆောင်ရွက်သင့်သည်။ (၁၁) အစေ့အဆံကြီးရန်အတွက် ဆာလဖာ၅% ပါဝင်သော လချေးမြေဩဇာတစ်ဧက ပြီ ၂၀နှုန်း စိုက်ချိန်၌ ထည့်ပေးသင့်သည်။ (၁၂) ပန်းပွင့်ချိန်မှ သီးကင်းဝင်ချိန်အတွင်း လေးဂါလံဆေးဖျန်းပုံး (၁)ပုံး၌ ရေတစ်ဂါလံတွင် ယူရီးယားထမင်းစားဇွန်း (၄)ဇွန်း၊ လက်ချားမှုန့် ထမင်းစားဇွန်း (၁)ဇွန်းဖျော်၍ တစ်ဧက (၅)ပုံးမှ (၆)ပုံးစီ နှစ်ကြိမ်ပက်ဖျန်းပေးသင့်သည်။

116 လွန်ခဲ့သော ၅ နှစ် က

ဟုတ်ကဲ့ပါ မြေအောက်ရေသွင်းပီး စိုက်မှာပါဗျ၊ ရေက ချိုပါတယ်။နောက်ရေတွေလည်း မြေအောက်ရေသွင်းပေးမှာပါဗျ။

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၅ နှစ် က

ဟုတ် မြေကြီးထဲမှာ အစိုဓာတ်ရှိရင် ရပါတယ်။ နှင်းနဲ့လည်း ဆက်ပြီး ကြီးထွားနိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။