ဖြေကြားချက် ၁ ခု
စပါးစိုက်ပျိုးနည်းတော့ မဟုတ်လောက်ပါဘူး။ စပါးအထွက်အောင် လုပ်ဆောင်တဲ့နေရာမှာ ဂရုစိုက်လိုက်နာရမယ့် နည်းလမ်းတွေကို ပြောတာ ဖြစ်ပါလိမ့်မယ်။ ဆော့ဝဲမှာ ကဏ္ဍအလိုက် ပြန်ပြီး ဖတ်နိုင်ပါတယ်။ စပါးသီးနံကို ရွေးချယ်ကြည့်လို့အောင် လုပ်ထားပါတယ်။ သိသလောက် ဂရုစိုက်ရမယ့် ခေါင်းစဉ်တွေ ရေးလိုက်ပါတယ်။ ၁။ ဒေသနှင့်ကိုက်ညီသော မျိုးသန့်အထွက်အောက်မျိုး (သို့) ဒေသအထွက်ကောင်းမျိုးများကို စိုက်ပျိုးခြင်း ၂။ ထွန်ရေး၊ထယ်ရေးကောင်းမွန်စွာဖြင့်စိုက်ပျိုးခြင်း ၃။ ပျိုးသက် ၂၅-၃၀ ရက်အတွင်းပြောင်းရွှေ့၍ မတိမ်လွန်း မနက်လွန်းစိုက်ပျိုးခြင်း ၄။ တစ်ဧကဝင်ဆန့်ရမည့် သတ်မှတ်ကောက်ကွက်ပြည့်မီရန် စိုက်ပျိုးခြင်း ၅။ တိုက်ရိုက် မျိုးစေ့ချစိုက်ခင်းများအတွက် သတ်မှတ်မျိုးစေ့နှုန်းထားအတိုင်းကြဲပက်ခြင်း ၆။ ဓာတ်မြေဩဇာကို အချိုးကျခွဲဝေသုံးစွဲခြင်း ၇။ သဘာဝမြေဩဇာသုံးစွဲခြင်း (နွားချေး၊ မြေဆွေး၊ ဘိုကာရှီ) ၈။ ပေါင်းမြက်နှိမ်နှင်းခြင်း ၉။ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း ၁၀။ ကြီးထွားမှုအဆင့်ဆင့်အလိုက်ရေသွင်းရေထုတ်ပြုလုပ်ခြင်း ၁၁။ အလေအလွင့်နည်းအောင် ရိတ်သိမ်းနယ်လှေ့ခြင်း
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ