အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၅ နှစ် က · မော်လမြိုင်ကျွန်း

နွေစပါးပြန်လည်စိုက်ပျိုးရာတွင်ရေညှိများအုပ်ပြီစပါးပင်များအကွက်လိုက်သေနေပါသည် ၎င်းရေညှိများအားမည်သည့်နည်းဖြင့်...

နွေစပါးပြန်လည်စိုက်ပျိုးရာတွင်ရေညှိများအုပ်ပြီစပါးပင်များအကွက်လိုက်သေနေပါသည် ၎င်းရေညှိများအားမည်သည့်နည်းဖြင့်ရှင်းလင်း၍ရနိုင်ပါသလဲကျေးဇူးပြု၍ဖြေကြားပေးစေလိုပါတယ်ခင်ဗျာ

စိုက်ပျိုး ဗဟုသုတ စပါး စပါးပင်နှင့်ရေညှိ
Post image
Post image
Post image
Post image
Post image
+၁

ဖြေကြားချက် ၂ ခု

2,212 လွန်ခဲ့သော ၅ နှစ် က

စက်ဖွဲပြာပက်ပေးပါ

270,769 လွန်ခဲ့သော ၅ နှစ် က

နိုက်ထရိုဂျင်၊ တီစူပါဓာတ်မြေသြဇာကျွေးနေတယ်ဆိုရင် မကျွေးသေးပါနဲ့ရပ်ထားပါဦး။ စပါးပင်ရဲ့အာဟာရကိုအပြိုင်စုပ်ယူစားသောက်ပြီး ရေညှိတွေကြီးထွားမှုအားကောင်းတတ်ပါတယ်။ ရေသွင်းရေထုတ်လုပ်ပေးပါ။ ကော့ပါး၊​ဇင့်ဓာတ်ပါတဲ့မြေသြဇာတွေက ရေညှိတွေရဲ့ ကြီးထွားမှုကိုဟန့်တားပေးတယ်လို့သိရပါတယ်။ စိုက်ပြီး ၁၅ ရက်သားကျော်ပြီဆိုရင်တော့ ရေထုတ်ပြီး ကျောက်မှုန့်ထည့်ပေးပါ။ တတ်နိုင်သလောက် လုပ်အားနဲ့လည်းရေညှိတွေကိုဖယ်ရှားပေးပါ။ ပင်လုံးပြန့်အာနိသင်ရှိတဲ့ ပေါင်းသတ်ဆေးတွေသုံးမယ်ဆိုရင် စနစ်ကျသုံးပြီး ရေထုတ်ပြီးမှသုံးပါ။ ရေသွင်းရေထုတ် မကြာခဏလုပ်ပေးပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။