စိုက်ပျိုးရေးသမားများအားလုံးသိစေခြင်ပါတယ် မိမိတို့ စိုက်ပျိုးထုတ်လုပ်သောသီးနှံအားလုံးသည် စားသုံးရန်ဖြစ်ပါ...
စိုက်ပျိုးရေးသမားများအားလုံးသိစေခြင်ပါတယ် မိမိတို့ စိုက်ပျိုးထုတ်လုပ်သောသီးနှံအားလုံးသည် စားသုံးရန်ဖြစ်ပါတယ် ။ မိမိတို့စိုက်ပျိုးထုတ်လုပ်သောသီးနှံအားလုံးသည်စားသုံးသူများ အတွက်အန္တရာယ်ကင်းသောသီးနှံများဖြသ်ရန်လိုအပ်ပါသည်။ နှစ်စဥ်နိုင်ငံခြားပို့သော ပဲတီစိမ်းသီးနှံများတွင် ပိုးသတ်ဆေးဓါတ်ကြွင်း သတ်မှတ်ထားသော စံနှုန်းထက်များနေတာကိုတွေ့ရပါတယ်။ တွေ့ရသည့်အကြောင်းရင်းမှာ ပဲတီစိမ်းများတွင်ကျရောက်သော လှေး ,ပွင့်ထွေး ,သီးလုံးဖောက်ပိုးများကို သတ်သော ဆေးများဖြစ်သည့် (၁) အဆီတာမီပရစ် ,(၂)ဖစ်ပရိုနေး (၃)သိုင်ရမီသောင်ဇင် ,(၄)အဆီဖိတ် စသောပိုးသတ်ဆေးများကြောင့်ဖြစ်ပါတယ်။ အထက်ပါဆေးများယ္ခုနှစ်တွင်ဓါတ်ကြွင်းများပါက EU/Japan တို့မှဝယ်ယူမည်မဟုတ်ကြောင်း သတိပေးထားပါသည်။ ယ္ခုနှစ် ဓါတ်ကြွင်းမကျန်စေရန် အောက်တွင်တင်ပြထားသော ဇယားတွင်ပါဝင်သည့် ဆေးအုပ်စုများကို တစ်မျိုးတည်း ဆက်တိုက်(ထပ်ခါထပ်ခါ)မသုံးဘဲ အလှည့်ကျ သုံးသင့်ကြောင်း တင်ပြအကြံပြုအပ်ပါသည်။ (သီးနှံအားလုံးနှင့်သက်ဆိုင်ပါသည်)